banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Rice

စပါးဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

ဆစ်ပိုးများ ( Stem Borer )

စပါးဆက်တိုက်စိုက်ပျိုးသောဒေသ၌သာ တစ်ခါတရံဆိုးဝါးစွာကျရောက်ဖျက်ဆီးလေ့ရှိပြီး ဆစ်ပိုးလောက်ကောင်များသည် ပင်စည်အတွင်း ၀င်ရောက်စားသောက်ဖျက်ဆီးကြသည်။ အပင်ငယ်စဉ် ကျရောက်ဖျက်ဆီးလျှင် အလယ်ရွက်များ အညိုရောင်ပြောင်း၍ ခြောက်သွေ့သွား သော ခေါင်ညွန့်သေ လက္ခဏာ မြင်တွေ့ရသည်။ အနှံထွက်ပြီးချိန်တွင် ပိုးကျရောက်ခဲ့လျှင် အဆံမပါသော အနှံများဖြစ်ပေါ်လာပြီး အဖြူရောင် သို့ပြောင်းသွားသော အနှံဖြူ လက္ခဏာ ဖြစ်ပေါ်သည်။ ပိုးကိုစတွေ့လျှင်တွေ့ချင်း ဆေးပက်ဖျန်းရန်လိုအပ်သည်။

သုံးရမည့်ဆေး

ရွှေဆန်းဖော့စ် ၊ ကလပ်စတာ ၊ ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေဖန်သရင် ၊ ရွှေဖန်သို ၊ ရွှေဆန်းဖန်


ကြက်သွန်မြိတ်ပိုး ( Gall Midge )

ပင်ပွားကလာ (၇)ရက်မှစတင်တိုက်ခိုက်သည်။ ကနဦး၌ ပတ်ဝန်းကျင်ရှိ မြက်ပင်များပေါ်တွင် သားဆက် (1-2)ဆက် ပေါက်ပြီးမှသာ စပါးပင်သို့ကူး၍ဖျက်ဆီးသည်။ လောက်ကောင်သည် စပါးပင်၏အညွန့်ထိပ်ဖူးပိုင်းကို ၀င်ရောက်ဖျက်ဆီးသဖြင့် ဖျက်ဆီးခံရသော ပင်ပွားသည် ပင်ခြေအတွင်း၌ အခေါင်းဖြစ်၍ ပုံသဏ္ဍာန်ဖောင်းပွလာသည်။ အစိမ်းရောင်ဖျော့၍ အနှံမထွက်နိုင်တော့ပေ။ ပျိုးခင်းအဆင့်မှ အနှံသန္ဓေမထည်မီအထိ ကျတတ်သည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရေဆန်းဖန် ၊ ရွှေဒိုင်မီ ၊ ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေမီဒါ ၊ ရွှေဖန်သရင်


ငမြှောင်တောင် ( Cutworm )

ပျိုးသက် (၇)ရက်မှစတင်၍ စိုက်ခင်းကောက်ပင်လှန်ပြီး ၁၅-ရက်အတွင်းတွေ့ရသည်။ လောက်ကောင်ငယ်စဉ်တွင် အရွက်၏အစိမ်းရောင် အသားကိုခြစ်စားသဖြင့် အစိမ်းရောင်ပျောက်နေသောစပါးရွက်များကို တွေ့ရသည်။ ပိုးလောက်ကောင်ကြီးဘ၀တွင် အရွက်များ ၊ အနှံများကို ကိုက်ဖြတ်စားသောက်သည်။ နွေစပါး ၊ မိုးစပါးနှစ်မျိုးစလုံးတွင် ကျရောက်နိုင်ပြီး မိုးစပါးတွင် ပိုမိုဆိုးဝါးသည်။ စပါးစေ့မှအပင်စပေါက်ပြီး (၄-၅) ရက်ခန့်မှ တစ်ပတ်ခြား ဆေးဖျန်းရန်လိုအပ်သည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ကလပ်စတာ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဆိုက်ပါ ၊ ရွှေအင်ဒို ၊ တောင်နေးဒိုး ၊ ရွှေဖန်သရင် ၊ ရွှေသီယွန်


နှံဖြတ်ပိုး ( Swimming Caterpillar )

သာမန်အားဖြင့် ကျခဲသော်လည်း ရာသီဥတု ဖောက်ပြန်သည့်အချိန်တွင် ကျရောက်တတ်သည်။ စပါးမရိတ်သိမ်းမီ (၁)လခန့်အလိုတွင် သတိပြုရန်လိုသည်။ လောက်ကောင်သည် အရွက်များကို ကိုက်ဖြတ်စားသောက် ဖျက်ဆီးသဖြင့် အရွက်များပေါက်ပြဲနေသည်။ အနှံထွက်ချိန် နောက်ပိုင်း ညနေ နေ၀င်ချိန်မှစ၍ မိုးသောက်ချိန်အထိ တစ်နှံချင်း ၊ တစ်စေ့ချင်း ဖျက်ဆီးတတ်သည်။
ဆေးဖျန်းချိန်သည် ညနေပိုင်းဖြစ်သင့်သည်။ နံနက်ပိုင်းနေမထွက်မီ ပတ်ဝန်းကျင်ရှိ ချုံနှင့်မြက်ဖုတ်များ ၊ အမှိုက်သရိုက်များအား ပက်ဖျန်းနိုင် လျှင် ပိုကောင်း၏။ ၅-ရက်ခြား (၃)ကြိမ်ဖျန်းပါ။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ကလပ်စတာ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဆိုက်ပါ ၊ ရွှေအင်ဒို ၊ ရွှေနိုဖော့စ် ၊ ရွှေသီယွန်


နှံစုပ်ပိုး ( Rice Bug )

စပါးနို့ရည်မတည်မီ ( ၅-၇ ) ရက်ခန့်အလိုတွင် တွေ့ရတတ်သည်။ စပါးစေ့မှ နို့ရည်ကို စုပ်ယူစားသောက်သဖြင့် အဖျင်းအမှော်များစေသည်။ အခင်းထဲတွင် အညိုရင့်ရောင် အစက်များ တွေ့ရသည်။ ပိုးအရေအတွက်မများမီ နံနက်စောစော ၅-ရက်ခြား(၄)ကြိမ် ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ရွှေဆန်းတက် ၊ ရွှေဒိုင်မီ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဆီတာ ၊ ရွှေဆန်းဖန် ၊ ရွှေမီဒါ ၊ ရွှေဖန်သရင်


ဖြုတ်ပိုး ( Plant Hopper )

ပျိုးခင်းနှင့်စိုက်ခင်း စပါး ၂-လသားအထိတွေ့ရသည်။ ပင်ခြေမှနေ၍ ပင်ရည်ကိုစုပ်ယူစားသောက်သည်။ ဖြုတ်ပိုးကျရောက်ပါက စပါးနှံအစေ့ တည်မှုနည်း၍ အထွက်နှုန်းကျစေသည်။ ညအချိန်တွင် ကျရောက်တတ်သည်။

သုံးရမည့်ဆေး

ရွှေဆန်းတက် ၊ ရွှေဒိုင်မီ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဆီတာ ၊ ရွှေဆန်းဖန် ၊ ရွှေမီဒါ ၊ ရွှေဖန်သရင် ၊ ရွှေသီယွန် ၊ ကလပ်စတာ


ပိုးလောင်မီး ( Hispa )

ပျိုးသက် (၂ဝ)ရက်နှင့် စိုက်ခင်း (၁)လသားခန့်တွင်တွေ့ရသည်။ အကောင်ငယ်နှင့် အကောင်ကြီးဘဝ နှစ်မျိုးစလုံးတွင် ဖျက်ဆီးသည်။ အကောင်ငယ်သည် အရွက်ကိုထွင်း၍ ဖျက်ဆီးခြင်းကြောင့် အရွက်များ ခြောက်သွားသည်။ အကောင်ကြီးသည် အပင်အစိတ်အပိုင်းအားလုံးကို ဖျက်ဆီးတတ်ပြီး အရွက်၏ အစိမ်းရောင် တစ်သျှူးကို အလျားလိုက်ခြစ်စားသဖြင့် အရွက်တွင် အဖြူရောင် အလျားလိုက်အစင်းကို တွေ့ရသည်။

သုံးရမည့်ဆေး

ရွှေဆီတာ ၊ ရွှေအင်ဒို ၊ ရွှေနိုဖော့စ် ၊ ဆန်နိတော ၊ ရွှေဆန်းဖော့စ် ၊ ရွှေမီဒါ ၊ ရွှေဖန်သရင် ၊ ကလပ်စတာ ၊ ရွှေသီယွန်


ရွက်လိပ်အိမ်ပိုး ( Case worm )

ပျိုးသက်(၁ဝ)ရက်နှင့် စိုက်ခင်း(၂ဝ)ရက်သားခန့်တွင် တွေ့ရတတ်သည်။ ရေရှိသောပျိုးခင်းရှိ ပျိုးပင်များ (သို့မဟုတ်) ပြောင်းရွှေ့စိုက်ပြီး စပါးပင်များ သားတက်ပွားချိန်၌ ကျရောက်ဖျက်ဆီးမှု ပိုများသည်။ စပါးပင်ငယ်များ၏ အရွက်များကို အလျားလိုက် အလိပ်ပြုလုပ်ပြီး အတွင်းမှနေ၍ အရွက်များ၏ အောက်မျက်နှာပြင်ကို ခြစ်စားသည်။ ရွက်လိပ်ရွက်ဖြတ်များ တွေ့နိုင်သည်။ ဆေးဖျန်းသည့်အခါ အခင်းတွင်းမှရေကို ကုန်စင်အောင်ထုတ်ပြီးမှ ဖျန်းပါ။ နောက်တနေ့ ညနေပိုင်းတွင် ရေပြန်သွင်းပါ။ (၆)ရက်ခြား အနည်းဆုံး(၄)ကြိမ်ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ရွှေဆီတာ ၊ ရွှေအင်ဒို ၊ ရွှေနိုဖော့စ် ၊ ဆန်နိတော ၊ ရွှေဆန်းဖော့စ် ၊ ရွှေဖန်သရင် ၊ တော်နေဒိုး ၊ ရွှေဖန်သို