ရွက်ဖျန်းမြေသြဇာများ
နိုက်ထရမ် (ရွက်ဖျန်းမြေသြဇာ)
၃၀း ၁၅း ၁၀ + အနည်းလိုအာဟာရဓာတ်
ပန်းပွင့်သည့်အချိန်အထိ သီးနှံပင်ကြီးထွားမှုကို အားပေးသည်။
အာနိသင်
- သီးနှံပင်များက အာဟာရဓာတ်များကို လွယ်ကူစွာစုပ်ယူနိုင်သည်။
- သီးနှံပင်များ ကြီးထွားမှု လျင်မြန်စေပြီး သန်မာစေသည်။
- အစိမ်းရောင်ဖြစ်ပေါ်မှုနှင့်အစာချက်လုပ်မှု ကောင်းမွန်စေသည်။
- ပိုးမွှား၊ ရောဂါ နှင့် ရာသီဥတုဒဏ် ခံနိုင်ရည်ပိုမိုစေသည်။
- သီးနှံပင်အတွက် အရေးကြီးသော အနည်းလိုအာဟာရဓာတ်များ ပါဝင်သည်။
- အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားသည်။
အသုံးပြုပုံ
ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန်) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား
- သီးနှံအမျိုးအစားကိုလိုက်၍ ၅-၃၀ ဂရမ် (ဟင်းစားစတီးဇွန်း ၀.၅ – ၃ ဇွန်း)
- အပင်ငယ်မှစတင်၍ (၇) ၇က်ခြားတစ်ကြိမ် ပက်ဖျန်းနိုင်ပါသည်။
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 500 g, 1 kg
နိုက်ထရမ်-ဟိုင်းပီကေ (ရွက်ဖျန်းမြေသြဇာ)
၅း ၃၀း ၃၀ + MgO + အနည်းလိုအာဟာရဓာတ်
ပန်းပွင့်မှု ၊ အသီးသီးမှု ၊ ရင့်မှည့်မှုများကို စောစေပါသည်။
အာနိသင်
- ဘယ်(လ်)ဂျီယံနိုင်ငံမှ အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားသည်။
- ရေတွင် ရာနှုန်းပြည့် ပျော်ဝင်နိုင်ပြီး အာဟာရဓာတ်များ အားလုံးကို အပင်က ရယူစားသုံးနိုင်ပါသည်။
- အအေးဒဏ်၊ ရေငတ်ဒဏ် နှင့် ရောဂါဒဏ်တို့ကို ခံနိုင်ရည်ပိုရှိစေပါသည်။
- အသီး/အပွင့်ချိန်မှစတင်၍ ( ၇ ) ရက်ခြားတစ်ကြိမ် ပက်ဖျန်းနိုင်ပါသည်။
- သီးနှံများ၏ အရွယ်အစား၊ အရောင်နှင့် အရည်အသွေးများကို သိသိသာသာ ပိုကောင်းစေပါသည်။
အသုံးပြုပုံ
ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန်) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား
- သီးနှံအမျိုးအစားကိုလိုက်၍ ၄၀-၆၀ ဂရမ် (ဟင်းစားစတီးဇွန်း ၄ – ၆ ဇွန်း)
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 500 g (Bag), 1 kg (Pet)
မြင်းကျား®နှမ်းအထူး ရွက်ဖျန်းမြေသြဇာ
အာနိသင်
- အချိန်မီပက်ဖျန်းပေးခြင်းဖြင့် ပင်ရပ်ညီညာစေခြင်း၊
- မိုးခေါင်ချိန်ကြုံပါက ရေငတ်ဒဏ်အတော်အသင့်ခံနိုင်ရည်ရှိခြင်း၊
- အပင်ဖွဲ့စည်းမှုအတူ အမြစ်ဖွဲ့စည်းမှုခိုင်မာစေခြင်း၊ ကိုင်းဖြာမျိုးများ ကိုင်းထွက်ကောင်းခြင်း၊
- သီးတောင့်ပတ်လည်ဆစ်ကြားများ လွတ်ကင်းစွာသီးခြင်း၊
- အစေ့အဆံအောင်မြင်ခြင်း၊ သီးတောင့်များ၊ အချိန်မီဖွံ့ဖြိုးကြီးထွားစေခြင်း၊
- ပိုးမွှားနှင့်ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း၊
အသုံးပြုပုံ
- အပင်ပေါက်စုံ (မှုန်းပြီး) မူမှန် (၄ – ၅)ရွက်ထွက်ရှိချိန်တွင် ပထမအကြိမ် စတင်ပက်ဖျန်းပါ။
- ခေါင်းလောင်းဆွဲပန်း စတင်ပွင့်ချိန်အထိ (၇ – ၁၀) ရက်ခြား ဖျန်းပေးပါ။
- ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့် ရောစပ်ပက်ဖျန်းနိုင်သည်။
- နံနက်ခင်း စောစောနှင့် ညနေခင်း နေကျချိန် ပက်ဖျန်းပေးပါက ပိုမိုထိရောက်သည်။
- ရေတစ်ဂါလန်လျှင် ဟင်းစားဇွန်း (၁)ဇွန်းနှုန်းဖြင့် ဖျော်စပ်ပက်ဖျန်းပေးပါ။
- တစ်ဧကလျှင် ဆေးဖျန်းပုံး (၅)ပုံးအပြည့် ပက်ဖျန်းပါ။
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 400 g
မြင်းကျား® ပြောင်းပင်ထောက်ဆေး
၅း ၃၀း ၃၀ + MgO + အနည်းလိုအာဟာရဓာတ်
ပန်းပွင့်မှု ၊ အသီးသီးမှု ၊ ရင့်မှည့်မှုများကို စောစေပါသည်။
အာနိသင်
- အပင်ယိုင်လဲမှု ကာကွယ်ပေးခြင်း၊ မိုးခေါင်မှုဒဏ် ခံနိုင်ခြင်း၊
- ပင်မအမြစ်ထက် တစ်ထပ်ပိုထွက်ခြင်း၊ အမြစ်ပွားနှုန်း ကောင်းမွန်ခြင်း၊
- ပြောင်းစေ့များ ပြည့်ဖြိုးပြီး အရည်အသွေး ကောင်းမွန်ခြင်း၊
- သာမန်ထက် ၂၀% အထွက်ပိုစေခြင်း၊
အသုံးပြုပုံ
- ဆေး ၁၀ စီစီ နှင့် ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန်) ဖျော်စပ်ပြီး ပက်ဖျန်းပါ။
- အရွက် ၇ – ၁၁ ရွက် ထွက်ရှိချိန်အတွင်း အသုံးပြုရန်။
- အပင်သက်တမ်း တစ်လျှောက် တစ်ကြိမ်သာ အသုံးပြုရန်။
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 100 CC
မြင်းကျား® သီးနှံစုံအထူး ရွက်ဖျန်းအားဆေး
အာနိသင်
- အမြစ်များ ခိုင်မာအားကောင်းစေ၍ အာဟာရဓာတ်များကို ပိုမိုရယူစားသုံးနိုင်ခြင်း။
- အဖူးအပွင့်များ ကြွေကျမှုနည်းပါးစေခြင်း၊ အဖူးအပွင့်များ သန်စွမ်းခြင်း။
- ၀တ်မှုန်ကူးရာတွင် အထောက်အကူပေးခြင်း။
- အသီးအပွင့် တင်နှုန်းကောင်း၍ အထွက် ပိုမိုတိုးနိုင်ခြင်း။
- သီးနှံပင်ငယ်စဉ်အခါ လိုအပ်သော အာဟာရဓာတ်များ၊ အနည်းလိုဓာတ်များနှင့် အပင်အားကို ဖြစ်စေသော ဟော်မုန်းဓာတ်များကို အချိုးညီစွာ အဆင့်မြင့်နည်းပညာဖြင့် ဖော်စပ် ထုတ်လုပ်ထားသည်။
အသုံးပြုပုံ
ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန်) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား
- သီးနှံအမျိုးအစားလိုက်၍ ၂၀ – ၄၀ ဂရမ် (ဟင်းစားစတီးဇွန်း ၂ – ၄ ဇွန်း)
မြင်းကျား®အထူးအမှတ်(၁)
- အပင်ငယ်မှစ၍ ပန်းပွင့်ချိန်အထိ (၇) ရက်ခြားတစ်ကြိမ် ပက်ဖျန်းနိုင်ပါသည်။
မြင်းကျား® အထူးအမှတ်(၂)
- ပန်းပွင့်ချိန်မှစ၍ အသီး/ အပွင့်ဝင်ချိန်အထိ (၇) ရက်ခြားတစ်ကြိမ် ပက်ဖျန်းနိုင်ပါသည်။
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 500 g
မြင်းကျား® ကွမ်းအထူး (ရွက်ဖျန်းဆေး)
အာနိသင်
- အရွက်များ၏အရောင် ပိုကောင်းစေပါသည်။
- အလေးချိန်နှင့် အရည်အသွေး ပိုကောင်းစေပါသည်။
- ရောဂါနှင့် ပိုးမွှားဒဏ် ခံနိုင်ရည် ပိုရှိစေပါသည်။
- အမြစ်အင်အား ပိုကောင်းစေသဖြင့် အမြစ်စွဲကပ်အား ကောင်းမွန်သဖြင့် အာဟာရဓာတ် စုပ်ယူမှု ပိုကောင်းစေပါသည်။
အသုံးပြုပုံ
- မျိုးအဖြစ်သုံးမည့် ကွမ်းညွန့်များ၊ စိုက်ပြီးစ ကွမ်းပင်ငယ်များ၊ အရွက်ခူးနေသော ကွမ်းပင်ကြီးများ အားလုံးတွင် ဖျန်းနိုင်ပါသည်။
- ( ၇ – ၁၀ )ရက်လျှင် (၁) ကြိမ် ၊ ရေ ၂၀ လီတာ (ကျောပိုးဆေးဖျန်းပုံး တစ်ပုံးစာ) လျှင် တစ်ထုပ်နှုန်း ဖျော်ဖျန်းပါ။
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 100 g
မြင်းကျား® အန်ကယ်ဘီအားဆေး
အာနိသင်
- ရေတွင် ရာနှုန်းပြည့်ပျော်ဝင်သည်။
- အစိုပျံမှု သက်သာစေရန် အလုံးအစေ့ပုံစံဖြင့် ထုတ်လုပ်ထားသည်။
- အမြစ်ထွက်မှုနှင့် ကြီးထွားသန်မာမှု ကောင်းစေသည်။
- အပင် သန်မာစေသည်။ ဖူးပွင့်မှု နှင့် အသီးတင်မှု ကောင်းစေသည်။
- အဖူး၊ အပွင့် ၊ အသီးများ အညှာခိုင်စေသည်။
- အစေ့အဆံ အရည်အသွေး ပိုကောင်းစေသည်။
- ပိုးမွှား၊ ရောဂါနှင့်ရာသီဥတု ဆိုးဝါးမှုဒဏ် ခံနိုင်ရည် ပိုရှိစေသည်။
အသုံးပြုပုံ
- စိုက်ခင်းသီးနှံများ၊ ပန်းမန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များကို ရေ (၁ ဂါလန်)တွင် ၁၀ – ၂၀ ဂရမ် (ဟင်းစားစတီးဇွန်း ၁ – ၂ ဇွန်း) ရောစပ်ပက်ဖျန်းပါ။
- သစ်သီးပင်များကို ရေ ( ၁ ဂါလန်)တွင် ၂၀ – ၄၀ ဂရမ် (ဟင်းစားစတီးဇွန်း ၂ – ၄ ဇွန်း ) ရောစပ်ပက်ဖျန်းပါ။
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 500 g
မြင်းကျား® ဟိုင်း-ကေအက်စ်
အာနိသင်
- ရေတွင် ရာနှုန်းပြည့် ပျော်ဝင်နိုင်ပြီး အာဟာရဓာတ်များ အားလုံးကို အပင်က ရယူစားသုံးနိုင်ပါ သည်။
- ရာသီဥတုဒဏ်ကို သီးနှံပင်များ ခံနိုင်ရည်ပိုရှိစေသည်။
- အရွက်၊ အပွင့်၊ အသီးတို့၏ အရွယ်အစား၊ အရောင်နှင့် အရည်အသွေးများကို သိသိသာသာ ပိုကောင်းစေသည်။
- အနံ့ရှိ သီးနှံ (ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ဂျင်း၊ ဟင်းခတ်အမွှေးအကြိုင်) စသည်များကို အနံ့ပိုကောင်းစေသည်။
- အသီး၊ ဥ (အာလူး၊ မြေပဲ) စသည်များကို အသားအနှစ် ပြည့်ဝစေသည်။
- သီးနှံများကို ပိုမိုကြာရှည်စွာ အထားခံစေသည်။
- စိုက်ပျိုးသီးနှံ အားလုံးကို ဖျန်းနိုင်သည်။
အသုံးပြုပုံ
ဆေးဖျန်းပုံး တစ်ပုံး (ရေ ၄ ဂါလန်)ရောစပ်သုံးစွဲရမည့် ဆေးနှုန်းထား
- ၃၀ – ၆၀ ဂရမ် (ဟင်းစားစတီးဇွန်း ၃ – ၆ ဇွန်း)
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 500 g, 1 kg
မြင်းကျား® ဗိုက်တာပလပ်(စ်)အားဆေး
အာနိသင်
- အပင်ပေါက်နှုန်း ကောင်းခြင်း။
- အမြစ်များ ကြီးထွားသန်စွမ်းခြင်း။
- အပင်ကြီးထွားမှု လျင်မြန်ခြင်း။
- အပွင့်နှင့် သီးကင်းကြွေမှု နည်းခြင်း။
- အပွင့်နှင့်အသီး အရောင်တောက်ပပြီး ရင့်မှည့်မှုစောခြင်း။
- မျိုးစေ့နှင့် လူးနယ်၍လည်း အသုံးပြုနိုင်သည်။
အသုံးပြုပုံ
ဆေးဖျန်းပုံး တစ်ပုံး (ရေ ၄ ဂါလန်)ရောစပ်သုံးစွဲရမည့် ဆေးနှုန်းထား
- (၂၀) ဂရမ် ဆေးတစ်ထုပ်နှုန်း
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 20 g
မြင်းကျား®ဟိုင်း-ပီပလပ်စ်
အာနိသင်
- အမြစ်ကို အားကောင်းစေ၍ အာဟာရစုပ်ယူမှု ကောင်းစေသည်။
- ရေတွင် ရာနှုန်းပြည့် ပျော်ဝင်နိုင်ပြီး အာဟာရဓာတ်များ အားလုံးကို အပင်က ရယူစားသုံးနိုင်ပါ သည်။
- သီးနှံပင်များ အိုမင်းမှုစောခြင်းကို ကာကွယ်ပေးပြီး အအေးဒဏ်၊ ရေငတ်ဒဏ် ၊ ရောဂါဒဏ်တို့ကို ခံနိုင်ရည် ပိုရှိစေပါသည်။
- ပန်းပွင့်မှု၊ အသီးသီးမှု ၊ ရင့်မှည့်မှုများကို စောစေပါသည်။
- သီးနှံများ၏ အရွယ်အစား၊ အရောင်နှင့် အရည်အသွေးများကို သိသိသာသာ ပိုကောင်းစေ ပါသည်။
- သစ်သီးများတွင် သကြားဓာတ်နှင့် ဗီတာမင်စီ ပါဝင်မှုတို့ကို မြင့်စေပါသည်။
- သီးနှံများကို ပိုမိုကြာရှည်စွာ အထားခံစေပါသည်။
အသုံးပြုပုံ
ဆေးဖျန်းပုံး တစ်ပုံး (ရေ ၄ ဂါလန်)ရောစပ်သုံးစွဲရမည့် ဆေးနှုန်းထား
- – ၃၀ – ၆၀ ဂရမ် (ဟင်းစားစတီးဇွန်း ၃ – ၆ ဇွန်း)
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 500 g
မြင်းကျား® အပင်အထူးအားဖြည့်ဆေး
အာနိသင်
- ရေတွင် အပြည့်အ၀ ပျော်ဝင်နိုင်ပြီး အပင်စားသုံးနိုင်မှု အမြင့်ဆုံးပုံစံဖြင့် ဖော်စပ်ထုတ်လုပ်ထား သည်။
- အပူချိန်နိမ့်မှု ၊ ရေငတ်မှု၊ အာဟာရ မပြည့်စုံမှုတို့ကြောင့် အပင်ပိုင်းကြီးထွားမှု မူမမှန်ခြင်း၊ ကြီးထွားမှု နှေးခြင်းတို့ကို ကာကွယ်ပေးသည်။
- အရွက်များ မူမမှန်ဖြစ်ခြင်း၊ ဂေါ်ဖီထုပ် အသားမကျစ်ခြင်းတို့ကို ကာကွယ်ပေးသည်။
- အရွက်၊ အညွှန့်များကြီးထွားမှု သန်မာလျင်မြန်စေသည်။
- ရွှေ့ပြောင်းစိုက် အပင်များကို နာလန်ထမြန်စေသည်။
အသုံးပြုပုံ
- အပင်မူမှန်ရွက် ထွက်ပြီးချိန်မှစ၍ ၇-၁၀ ရက်ခြား ဖျန်းနိုင်သည်။
- ဆေးဖျန်းပုံးတစ်ပုံး (ရေ ၂၀ လီတာ)တွင် ဆေး ၁၅ – ၃၅ ဂရမ် (ဟင်းစားစတီးဇွန်း ၁.၅ – ၃.၅ ဇွန်း) ထည့်ဖျော်၍ ဖျန်းပါ။
- တိုက်ရိုက်ရေသွင်းနှင့် အစက်ချ ရေသွင်းစနစ်သုံးသော စိုက်ခင်းများတွင် ရေနှင့်တစ်ပါတည်း ရောထည့်၍ သုံးနိုင်သည်။
- အယ်လ်ကာလီဓာတ် အလွန်မြင့်သော ဆေးများမှအပ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့် ရောသုံးနိုင်သည်။
- စိုက်ပျိုးသီးနှံ အားလုံးတွင် သုံးနိုင်သည်။
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 500 g
မြင်းကျား® အပွင့်၊ အသီး၊ ဥ အထူးအားဖြည့်ဆေး
အာနိသင်
- ရေတွင် အပြည့်အ၀ ပျော်ဝင်နိုင်ပြီး အပင်စားသုံးနိုင်မှု အမြင့်ဆုံးပုံစံဖြင့် ဖော်စပ်ထုတ်လုပ်ထားသည်။
- ခရမ်းချဉ် အသီးမတင်ခြင်း ၊ အသီးကြီးမှုနှေးခြင်း ၊ အသီးများမမှည့်မီ ကြွေကျခြင်းတို့ကို ကာကွယ်ပေးသည်။
- ဖရဲ၊ သခွားမွှေး အသီးကွဲခြင်း၊ အသားမပြည့်ခြင်းတို့ကို ကာကွယ်ပေးသည်။
- ရေရှည်သုံးခြင်းဖြင့် အရွက်နှင့် မြေဆီလွှာတွင် ဆားကဲမှုကြောင့် ထိခိုက်မှုမရှိပါ။
- အသီးတင်နှုန်း မြင့်စေပြီး ကောင်းစွာ ကြီးထွားစေပါသည်။
- အသီးမျက်နှာပြင် ပိုမိုချောမွေ့စေ၍ အရောင်ပိုလှစေသည်။
- အချိုဓာတ်နှင့် ဗီတာမင်ဓာတ်များ ပါဝင်မှုကို ပိုများစေသည်။
- သိုလှောင်ထားနိုင်ချိန် ပိုကြာရှည်ခံသည်။
အသုံးပြုပုံ
ဆေးဖျန်းပုံး တစ်ပုံး (ရေ ၄ ဂါလန်)ရောစပ်သုံးစွဲရမည့် ဆေးနှုန်းထား
- သီးနှံအမျိုးအစားလိုက်၍ ၅ – ၃၀ ဂရမ် (ဟင်းစားစတီးဇွန်း ၀.၅ – ၃ ဇွန်း)
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 500 g
မြင်းကျား® သီးနှံအထွက်တိုး အထူးအားဖြည့်ဆေး အမှတ် (၁)
အာနိသင်
- အပင်မှ လျင်မြန်လွယ်ကူစွာ စုပ်ယူနိုင်သည်။
- အပင်ကြီးထွားမှုကို အလျင်အမြန် မြှင့်တင်ပေးသည်။
- မျိုးစေ့များ အပင်ပေါက်အား ကောင်းစေသည်။
- ပန်းပွင့်မှု ၊ အသီးတင်မှုအားကောင်းပြီး သီးနှံအထွက်တိုးစေသည်။
အသုံးပြုပုံ
၎ ဂါလန်ဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၀)ဂရမ် ဆေးတစ်ထုပ်နှုန်း ဖျော်စပ်ပါ။
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 20 g
မြင်းကျား® သီးနှံအထွက်တိုးအထူးအားဖြည့်ဆေး အမှတ် (၂)
အာနိသင်
- – အပင်အာဟာရဓာတ် စုပ်ယူမှု စွမ်းအားမြှင့်ဆေး ဖြစ်ပါသည်။
- – ဤဆေးကို သီးနှံပင်များတွင် ပက်ဖျန်းပေးခြင်းဖြင့် သီးနှံပင်၏ အစာစုပ်ယူမှု၊ အစာချက်လုပ်မှု စွမ်းအားမြင့်မားလာပြီး အပင်အတွက် ထည့်သွင်းပေးထားသည့် ဓာတ်မြေသြဇာများ၏ အကျိုး သက်ရောက်မှု ပိုကောင်းစေပါသည်။
- – သီးနှံ၏ အမြစ်များ၊ အစာစုပ်ယူမှု စွမ်းအား မြင့်မားလာသဖြင့် ပုံမှန်စိုက်ခင်းများထက် အထွက်နှုန်း ပိုမိုစေပါသည်။
- – အပင်အတွက် အနည်းလို အာဟာရဓာတ်များ ပါဝင်သဖြင့် သီးနှံပင်များ ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါကျရောက်မှုမှ အကာအကွယ် ပေးနိုင်ခြင်း၊ ကျရောက်မှုဒဏ်ခံနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
အသုံးပြုပုံ
ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန်) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား
- သီးနှံအမျိုးအစားကို လိုက်၍ ၅-၃၀ ဂရမ် (ဟင်းစားစတီးဇွန်း ၀.၅ – ၃ ဇွန်း)
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 30 g
NRG® မြင်းကျား® (အနည်းလိုအာဟာရဓာတ်များ)
၇း ၁၃း ၃၄ + ၂MgO + ၁၂.၅ Zn+TE
အာနိသင်
- – အပင်အာဟာရဓာတ် စုပ်ယူမှု စွမ်းအားမြှင့်ဆေး ဖြစ်ပါသည်။
- – ဤဆေးကို သီးနှံပင်များတွင် ပက်ဖျန်းပေးခြင်းဖြင့် သီးနှံပင်၏ အစာစုပ်ယူမှု၊ အစာချက်လုပ်မှု စွမ်းအားမြင့်မားလာပြီး အပင်အတွက် ထည့်သွင်းပေးထားသည့် ဓာတ်မြေသြဇာများ၏ အကျိုး သက်ရောက်မှု ပိုကောင်းစေပါသည်။
- – သီးနှံ၏ အမြစ်များ၊ အစာစုပ်ယူမှု စွမ်းအား မြင့်မားလာသဖြင့် ပုံမှန်စိုက်ခင်းများထက် အထွက်နှုန်း ပိုမိုစေပါသည်။
- – အပင်အတွက် အနည်းလို အာဟာရဓာတ်များ ပါဝင်သဖြင့် သီးနှံပင်များ ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါကျရောက်မှုမှ အကာအကွယ် ပေးနိုင်ခြင်း၊ ကျရောက်မှုဒဏ်ခံနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
အသုံးပြုပုံ
ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန်) ရောစပ်သုံးစွဲရမည့် ဆေးနှုန်းထား
- သီးနှံအမျိုးအစားကို လိုက်၍ ၅-၃၀ ဂရမ် (ဟင်းစားစတီးဇွန်း ၀.၅ – ၃ ဇွန်း)
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 30 g
မြင်းကျား® ဟိုက်ပါကေ
၇း ၁၃း ၃၄ + ၂MgO + ၁၂.၅ Zn+TE
အာနိသင်
- ပိုတက်ဆီယမ်ဓာတ် အများဆုံးပါဝင်ပြီး အခြားအာဟာရဓာတ်များ အချိုးကျ ပေါင်းစပ်ထားသည်။
- ဇင့်ဓာတ်ချို့တဲ့သော သီးနှံပင်များအတွက် အထူးဖော်စပ်ထားသည်။ အစာချက်လုပ်မှု အားကောင်းခြင်း၊
- အရောင်နှင့် အရသာကောင်းခြင်း၊ ဆစ်ကြားတိုမှု မရှိခြင်း၊ အသီး၊ ဥများ အောင်မြင်စွာ ကြီးထွား ဖြစ်ထွန်းခြင်း၊
- စပါး၊ ၀ါ၊ ပဲမျိုးစုံ၊ မြေပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရာတွင်အထူး သုံးစွဲသင့်သည်။
- ဆေးမှုန့်များ ရေတွင်ပြည့်ဝစွာ ပျော်ဝင်နိုင်စွမ်းရှိသည်။
- သီးနှံပင်များပေါ်တွင် ရာခိုင်နှုန်းပြည့် ဖုံးအုပ်ပြီး အာဟာရဓာတ် ပေးစွမ်းနိုင်သည်။
- သီးနှံပင်များပေါ်တွင် (၂၁)ရက်အထိ တာရှည်ခံသည်။
- အပင်ငယ်ချိန်၊ ဖူးပွင့်စတင်ချိန်နှင့် အသီးကြီးထွားချိန်များတွင် ပက်ဖျန်းပါ။
- ရေတစ်ဂါလန်တွင် ရွက်ဖျန်းဓာတ်မြေသြဇာ (၁၀-၁၅) ဂရမ်နှုန်း ဖျော်စပ်ပြီး ပက်ဖျန်းပါ။
- အခြား ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အခြားဓာတ်မြေသြဇာတို့ နှင့် ရောစပ်ပက်ဖျန်းခြင်းဖြင့် အာနိသင် ပိုမိုလျင်မြန် ထိရောက်သည်။
အသုံးပြုပုံ
ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန်) ရောစပ်သုံးစွဲရမည့် ဆေးနှုန်းထား
- သီးနှံအမျိုးအစား လိုက်၍ (၁၀-၁၅) ဂရမ် (ဟင်းစားစတီးဇွန်း ၁ – ၁.၅ ဇွန်း)
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 500 g, 1 kg, 15 kg
မြင်းကျား® ဖော်မြူလာ-၀မ်း ရွက်ဖျန်းမြေသြဇာများ
ပဲတီစိမ်းအထူး / မတ်ပဲအထူး / ကုလားပဲအထူး
၇း ၁၃း ၃၄ + ၂MgO + ၁၂.၅ Zn+TE
အာနိသင်
- သီးနှံပင်၏ ပင်စည် ၊ အရွက် ၊ အခက်အလက်များ ဝေဆာပြီး ကြီးထွားသန်မာစေသည်။
- အပင်များ ညီညာစေခြင်းနှင့် အပင်အာဟာရဓာတ် ပြည့်စုံ လုံလောက်မှုကြောင့် ရောဂါကျရောက်မှုကို ကာကွယ်နိုင်သည်။
- အမြစ်ထွက်နှုန်း ကောင်းခြင်း၊ အမြစ်သန်မာခြင်း။
- ရေငတ်ဒဏ်ခံနိုင်ခြင်း၊ ဖျက်ပိုးနှင့် ရောဂါဒဏ်ခံနိုင်ခြင်း၊ အထွက်တိုးခြင်း။
- ပန်းပွင့်မှု၊ အသီးတင်မှု အားကောင်းပြီး သီးနှံအထွက် တိုးစေသည်။
- ပန်းပွင့်ချိန်စောပြီး ရင့်မှည့်မှု လျင်မြန်စေသည်။
- ပရိုတင်းဓာတ်နှင့် အရွက်၏ အစိမ်းရောင် ကလိုရိုဖီးလ်ဓာတ် ပိုမိုကောင်းမွန်စေပါသည်။
- သီးပွင့်ချိန်မှန်ခြင်း ၊ အသီးသီးသည့်ကာလ ကြာရှည်ခြင်း။
အသုံးပြုပုံ
ပဲပင်များ မူမှန်အရွက်(၅)ရွက် ထွက်ချိန်မှစ၍ ပန်းပွင့်ချိန်အထိ (၇-၁၀)ရက်ခြား ပက်ဖျန်းပေးပါ။
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 400 g
မြင်းကျား® ဖော်မြူလာ-၀မ်း ရွက်ဖျန်းမြေသြဇာများ
ငရုတ်အထူး
၇း ၁၃း ၃၄ + ၂MgO + ၁၂.၅ Zn+TE
အာနိသင်
- – ဖလံကြောင် ၊ ဖလံဖြူဖြစ်ပေါ်မှုကို တားဆီးနိုင်စွမ်းရှိပါသည်။
- – ဆုတ်တက်အပွင့်များ ဆက်လက်သီးပွင့်နိုင်ပါသည်။
- – ပန်းပွင့်များ ဖြိုင်ဖြိုင်ပွင့်စေပြီး အပွင့်အညှာခိုင်ကာ အသီးတင်အား ကောင်းစေပါသည်။
- – ငရုတ်အသီးတောင့်များ၏ အရောင်၊ အလေးချိန်စသည့် အရည်အသွေးများ တိုးတက်ကောင်း မွန်စေခြင်း။
- ပန်းပွင့်မှု၊ အသီးတင်မှု အားကောင်းပြီး သီးနှံအထွက် တိုးစေသည်။
- – ငရုတ်ပင်များအား နုပျိုစေပြီး ခူးဆွတ်ကာလ တာရှည်ခံစေသည်။
- – အထွက်နှုန်း သိသိသာသာ တိုးစေသည်။
- – ပိုးမွှား ၊ ရောဂါဒဏ် ခံနိုင်ရည် ရှိပါသည်။
- – အစိုဓာတ်ကောင်းစွာ ထိန်းသိမ်းထားနိုင်ပြီး ရေငတ်ဒဏ်ကို ကောင်းစွာခံနိုင်စွမ်း ရှိပါသည်။
အသုံးပြုပုံ
- ငရုတ်ပင်များ ရွှေ့ပြောင်းစိုက်ပြီး (၂၀-၂၅) ရက်သားတွင် ပထမအကြိမ် အသုံးပြုပါ။
- ပန်းမပွင့်ခင် ဒုတိယအကြိမ် အသုံးပြုပါ။
- ငရုတ် အသီးကင်း စုံချိန်တွင် တတိယအကြိမ် အသုံးပြုပါ။
- ငရုတ်ပင်များကို စိုရွှဲအောင် ပက်ဖျန်းပါ။ နံနက်ခင်းနှင့် ညနေခင်းတွင် ပက်ဖျန်းပါ။
- အပင်အနေအထားအပေါ် မူတည်ကာ (၇-၁၀) ရက်ခြားပြီး ပက်ဖျန်း အသုံးပြုနိုင်ပါသည်။
- ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန်) တွင် (၄၀-၆၀) ဂရမ် (ဟင်းစားစတီးဇွန်း ၄-၆ ဇွန်း) ရောစပ်၍ ပက်ဖျန်းပါ။
ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား
- 500 g