အင်းဆက်ပိုး၏ ဘ၀နှင့် ဖျက်ဆီးမှုဆိုင်ရာ ယေဘူယျ အကြောင်းအချက်များ
အင်းဆက်ပိုးတို့သည် အလွန်သေးငယ်သော သက်ရှိသတ္တ၀ါများဖြစ်ပါသည်။ သေးငယ်သည့်အပြင် ၎င်းတို့၏ အလေ့အထများမှာလည်း မထင်မရှားဖြစ်သဖြင့် အမှုမထားမိသကဲ့သို့ အလွယ်တကူ မြင်သာသော သတ္တ၀ါကြီးများကဲ့သို့လည်း ဆွဲဆောင်နိုင်စွမ်းလည်း မရှိခဲ့ပေ။ သို့သော် ၎င်းတို့သည် အခြားသက်ရှိများနည်းတူ အစာလည်းစား၊ မျိုးလည်းပွားပြီး၊ ကြီးထွားမှု အပိုင်းကဏ္ဍများ၌ ထူးခြားသည့် အပြုအမူနှင့် အလေ့အထများကို ဖော်ကျူးပြသ နိုင်ကြပါသည်။
အစာ စားသောက်ပုံနှင့်ပတ်သက်၍ လှီးဖြတ်၍ လည်းကောင်း၊ ကိုက်၍ လည်းကောင်း၊ ၀ါး၍ လည်းကောင်း၊ အစာ အတုံးအခဲများကို မျိုချ၍ လည်းကောင်း စားသောက်မှုရှိသကဲ့သို့ သစ်ပင်မှ သစ်ရည်နှင့် လူ၊ တိရစ္ဆာန်တို့၏ သွေးကိုသာ စုပ်ယူစားသောက်သော အင်းဆက်ပိုးများ ရှိကြရာ အင်းဆက်ပိုးတို့၏ စားသောက်မှု စရိုက်ပေါ်မူတည်၍ “ ကိုက်ဖြတ်ဝါးစားသောက်သော ပါးစပ်အစိတ်အပိုင်း Biting Chewing Mouthpart” နှင့် “စုပ်ယူစားသောက်သော ပါးစပ်အစိတ်အပိုင်း Sucking Piercing Mouthpart” ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါသည်။ ဥပမာအားဖြင့် ပုရွတ်ဆိတ် ၊ ပိုးဟပ် နှင့် ဘောက်ဖတ် (ခူကောင်) တို့မှာ ကိုက်ဖြတ်ဝါးစားအုပ်စုတွင် ပါဝင်သည့်နည်းတူ ကြမ်းပိုးနှင့် ခြင်ကဲ့သို့ အင်းဆက်ပိုးများမှာ စုပ်စားပိုးအုပ်စုဝင်များ ဖြစ်ကြပါသည်။
အလားတူ အင်းဆက်ပိုးတို့၏ မွေးဖွားသန့်စင်မှုနှင့် ကြီးထွားပုံ အဆင့်ဆင့်မှာလည်း အမျိုးမျိုး ၊ အဖုံဖုံ ကွဲပြားလျက်ရှိသဖြင့် အချို့သော တိရစ္ဆာန်ကြီးများ၏ ဖြစ်စဉ် နှင့် နှိုင်းယှဉ် စဉ်းစားမှသာ သိသာထင်ရှားစွာ သိမြင်လာနိုင်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် ကြောင်နှင့်ခွေး တို့၏ မွေးဖွားမှု နှင့် ကြီးထွားမှုကို လေ့လာကြည့်ပါက အကောင်လိုက် မွေးဖွားခြင်း မွေးစကပင် မိခင်နှင့် ရုပ်သွင်ပြင်၊ ပုံစံ တထေရာတည်း တူခြင်း၊ အသက်အပိုင်းအခြားအရ ကြီးထွားလာရာမှ အရွယ်ရောက်ကောင် ဘဝ ရောက်ရှိခြင်းတို့မှာ အင်းဆက်ပိုးလောကမှ “ အပင်သန်း” ခေါ် “ပျပိုး” နှင့်တူညီခြင်း။
သို့ရာတွင် အင်းဆက်ပိုးတို့၏ အများဆုံးသော အများစုမှာ ဘဲ၊ ကြက်များကဲ့သို့ “ဥ” မှ ပေါက်ပွားကြသည်ကို လေ့လာ တွေ့ရှိရပါသည်။ ဘဲပေါက်၊ ကြက်ပေါက်များသည် ဥမှ ပေါက်ကတည်းကပင် အမွှေးအတောင် မစုံလင်သည်မှလွဲ၍ မိဘနှင့်အသွင်တူ၊ ပုံစံတူဖြစ်၏။ အမွှေးအတောင် ပြည့်စုံလာရန်အတွက် ကာလတစ်ခုကို ဖြတ်ကျော်ရသည့်အလျောက် မိဘနှင့် အသွင်အပြင် တစ်ထပ်တည်း တူလာရသည်။ ဤသို့သော ကာလတစ်ခုကို ဖြတ်သန်းရမှုကား “ အသွင်ပြောင်းလဲခြင်း Metamorphosis” ဟု ခေါ်ဆိုပါသည်။
- (က) သို့ရာတွင် အင်းဆက်ပိုးတို့၏ အများဆုံးသော အများစုမှာ ဘဲ၊ ကြက်များကဲ့သို့ “ဥ” မှ ပေါက်ပွားကြသည်ကို လေ့လာ တွေ့ရှိရပါသည်။ ဘဲပေါက်၊ ကြက်ပေါက်များသည် ဥမှ ပေါက်ကတည်းကပင် အမွှေးအတောင် မစုံလင်သည်မှလွဲ၍ မိဘနှင့်အသွင်တူ၊ ပုံစံတူဖြစ်၏။ အမွှေးအတောင် ပြည့်စုံလာရန်အတွက် ကာလတစ်ခုကို ဖြတ်ကျော်ရသည့်အလျောက် မိဘနှင့် အသွင်အပြင် တစ်ထပ်တည်း တူလာရသည်။ ဤသို့သော ကာလတစ်ခုကို ဖြတ်သန်းရမှုကား “ အသွင်ပြောင်းလဲခြင်း Metamorphosis” ဟု ခေါ်ဆိုပါသည်။
- (ခ) အချို့အင်းဆက်ပိုးတို့မှာ အသွင်ပြောင်းကာလကို တစ်ဆင့်ထက်ပို၍ ဖြတ်သန်းရပြီးမှ ပြည့်စုံသဖြင့် ဥအဆင့်မှ အကောင်ကြီး ဘ၀သို့ ရောက်သည်ထိ တဆင့်နှင့်တဆင့် ပုံစံသွင်ပြင် ကွဲပြားသည့်နည်းတူ ၊ ဥမှပေါက်ကာစ အကောင်ငယ်သည်လည်း အကောင်ကြီးနှင့် ပုံစံရုပ်သဏ္ဍာန်ပါ လုံးဝမတူသည်ကို တွေ့ရပါသည်။ ဤပြောင်းလဲမှုများကို “ ပြည့်စုံသော အသွင်ပြောင်းလဲခြင်း – Complete Metamorphosis” ဟု ခေါ်ပါသည်။ ဥမှပေါက်စ အကောင်ငယ်ကို ပိုးလောက်ကောင်၊ ပိုးတုံးလုံး ၊ ဘောက်ဖတ် ၊ ပိုးလောက်လမ်း၊ ခူကောင် စသည်ဖြင့် အင်းဆက်ပိုး အမျိုးအစားနှင့် အရပ်ဒေသကို ကိုက်၍ အမျိုးမျိုး ခေါ်ဝေါ်ကြပါသည်။ လိပ်ပြာ၊ ဖလံ၊ ကျိုင်း၊ ပျား ၊ နဂျီ ၊ ခြင်၊ ယင် စသည်တို့သည် ပြည့်စုံသော အသွင်ပြောင်းလဲမှုရှိသော အင်းဆက်ပိုးများ ဖြစ်ပါသည်။