banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Watermelon

ဖရဲ ၊ သခွားမွှေး ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

ကျိုင်းဝါ ( ဘူး/ဖရုံကျိုင်း ) Yellow Pumpkin Beetle

အစက်အပြောက်ကျိုင်းနှင့် အစင်းပါကျိုင်းများနှင့်အတူ ကျရောက်တတ်သည်။ အစေ့ရွက် (သို့) အရွက်အောက် မျက်နှာပြင်မှ စတင်စားသောက် သည်။ အပင်ခြေတွင် ဥအုပြီး ပေါက်လာသော လောက်ကောင်များသည် အပင်၏ မြေအောက်အစိတ်အပိုင်း အားလုံးကို စားသောက်ဖျက်ဆီးသည်။ သခွားမွေးတွင် ဘက်တီးရီးယား ပင်ညှိုးရောဂါကို ကူးစက်စေသည်။ ကလပ်စတာနှင့် ရွှေဆန်းဖော့စ်အား ပင်ခြေတစ်ဝိုက် ပက်ဖျန်းပေးပါ။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ကလပ်စတာ ၊ ရွှေဆန်းတက် ၊ တော်နေဒိုး ၊ ရွှေဖန်သရင်


ပျပိုး ( Aphid )

ပိုးမမည်နှင့် အရွယ်ရောက်ကောင်များသည် အရွက်၏ အောက်မျက်နှာပြင်၌ နေထိုင်ပြီး အပင်မှသစ်ရည်ကို စုပ်ယူစားသောက်သည်။ ပျများကြောင့် ဗိုင်းရပ်စ်ရောဂါများ နောက်ဆက်တွဲ ၀င်ရောက်တတ်သည်။ အချိန်မီ ဆေးဖျန်း၍ ကာကွယ်ပါ။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေဆန်းတက် ၊ ရွှေဆီတာ ၊ ရွှေဖန်သို ၊ ရွှေမီဒါ


လှေးပိုး ( Thrip )

အရွက်ပေါ်တွင် နီညိုရောင် အစင်းဒဏ်ရာများ တွေ့ရတတ်သည်။ ကျရောက်မှု ပြင်းထန်လျှင် တစ်ကွင်းလုံး ငွေရောင်တောက်နေတတ်သည်။ အရွက်များ ကောင်းစွာ မပြန့်ကားမီ လှေးပိုးများက သစ်ရည်ကို စုပ်ယူ စားသုံးသောကြောင့် ဖြစ်သည်။

သုံးရမည့်ဆေး

ရွှေဆီတာ ၊ ရွှေအဆီ ၊ ရွှေဆန်းဖော့စ် ၊ ၊ ရွှေမီဒါ ၊ ရွှေဆန်းတက်


ရွက်ထွင်းပိုး ( Leaf miner )

ပိုးလောက်ကောင်သည် အရွက်အတွင်းသားကို လိုဏ်ခေါင်းထဲသို့ ထွင်းဖောက် စားသောက် ဖျက်ဆီးလေ့ရှိပြီး အရွက်တွင် ငွေရောင် ပိုးလမ်းကြောင်းများ တွေ့ရတတ်သည်။ အရွက်လိပ်ခြင်း ၊ အရွက်တွန့်ခြင်းနှင့် ဆိုးဝါးပါက အရွက်များ ခြောက်သေသွားသည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေမီဒါ ၊ ရွှေဆီတာ ၊ ရွှေဆန်းတက် ၊ ရွှေနိုဖော့စ် ၊ ရွှေမက်တင်


ယင်ဖြူ ( White Fly )

အရွက်အောက် မျက်နှာပြင်တွင် အဖြူရောင် အမှုန့်များနှင့်အတူ အဖြူရောင် ယင်ဖြူများ တွေ့ရသည်။ အစုအဝေးလိုက် စုပ်ယူစားသောက်သဖြင့် အရွက်များကုပ်ခြင်း ၊ ၀ါခြင်း ၊ အပင်ပုခြင်း ၊ ကျပ်ခိုးမှိုစွဲခြင်း ၊ ဗိုင်းရပ်စ်ရောဂါ ကူးစက်စေသဖြင့် အရောင်မညီ ကွက်ကြားများ ဖြစ်ပေါ်စေသည်။ အသီးများထဲသို့ ထိုးဖောက်မှုကြောင့် အရည်အသွေးနှင့် အထွက်နှုန်းကို ထိခိုက်စေပါသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဆန်းတက် ၊ ရွှေဆီတာ ၊ ရွှေမီဒါ


ဖိုးလမင်း ( Mayjuncbettle ) / ပိုးတီ ( Cutworm )

ပိုးလောက်ကောင်သည် အခေါက်နှင့် အမြစ်များကို ကိုက်ဖြတ်ဖျက်ဆီးသဖြင့် တစ်ပင်လုံးညှိုး၍ သေနိုင်သည်။ သဲဆန်သော မြေများတွင် အဖြစ်များသည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေဆန်းဖော့စ် ၊ ကလပ်စတာ


ခြ ( Tarmite )

မြေအောက် အနီးအနားပင်စည်၌ ခြကိုက်ဒဏ်ရာများဖြင့် အပင်ငယ်များညှိုးခြင်း ၊ သေခြင်းဖြစ်စေသည်။ ပင်စည်ရင်း၌ မြေကြီးဖြင့် ပြုလုပ်ထားသော ခြအိမ်များအတွင်းမှ ပင်စည်အပြင်သားကို ဖျက်ဆီး စားသောက်သည်။ အပင်တစ်သျှူးသားများ မခြောက်ဘဲ အပင်ညှိုးမှုကို တွေ့ရသည်။ စိုက်ခင်း မြေပြုပြင်ချိန် (သို့) အပင်ပေါက်စုံချိန်၌ အပင်အောက်ခြေတစ်ဝိုက် ပက်ဖျန်းကာကွယ် နှိမ်နင်းပါ။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေဆန်းဖော့စ် ၊ ကလပ်စတာ


သီးထိုးယင် ( Oriental Fruit Fly )

အြေဖူး ၊ အပွင့်ဝင်ချိန်တွင် ကျရောက်သည်။ ပိုးလောက်ကောင်သည် အသီးအတွင်း စားသောက် ဖျက်ဆီးသဖြင့် အသီးပုပ်သွားသည်။

သတိပြုရန်

အဖူးအပွင့် ၀င်ချိန်မှစ၍ ကြိုတင်ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ရွှေဆီတာ ၊ ရွှေဆန်းဖော့စ် ၊ ကလပ်စတာ ၊ ရွှေဖန်သရင်