banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Tomato

ခရမ်းချဉ် ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

ယင်ဖြူ ( Whiter Fly )

အရွက်များတွင် ၀ါခြင်း၊ ကုပ်ခြင်းဖြစ်ပြီး အသီးများတွင် အမှည့်မညီခြင်း ဖြစ်တတ်သည်။ ယင်ဖြူသည် ဗိုင်းရပ်စ်ရောဂါကို သယ်ဆောင်ပေးသော ဖျက်ပိုးဖြစ်သည်။

သုံးရမည့်ဆေး

ရွှေဒိုင်မီ ၊ ရွှေအဆီ ၊ ရွှေဆီတာ ၊ ရွှေမီဒါ ၊ ရွှေဆန်းဖော့စ်


ရွက်ထွင်းပိုး ( Leaf Miner )

အရွက်၏ အပေါ်ယံ အစိမ်းရောင် တစ်သျှူးသားများကို ခြစ်၍ စားသောက် ဖျက်ဆီးသည်။ ပိုးသွားလမ်းကြောင်းများကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ထွင်းဖောက်ထားသော ဒဏ်ရာများမှ မှိုရောဂါများ ထပ်ဆင့် ၀င်ရောက်နိုင်သည်။

သုံးရမည့်ဆေး

ရွှေဆီတာ ၊ ရွှေမီဒါ ၊ ရွှေအဆီ ၊ ရွှေမက်တင် ၊ ရွှေနိုဖော့စ်


မြေခွေးပုရစ် ( Mole Cricket )

အမြစ်မထွက်မီ စတင်ကျရောက်သည်။ အပင်၏အမြစ် ၊ ပင်စည်ကို ညနေပိုင်းနှင့် ညပိုင်းအချိန်များတွင် ကိုက်ဖြတ် ဖျက်ဆီးလေ့ရှိသည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေဆန်းဖော့စ်


မွှားပင့်ကူ ( Red Spider Mite )

အရွက်များဝါခြင်း ၊ ညှိုးခြင်းဖြစ်လာသည်။ အရွက်ပေါ်တွင် အ၀ါရောင် အစက်အပြောက်များနှင့် အပေါက်ငယ်များ တွေ့ရတတ်သည်။ နံနက်ခင်းနေရောင်တွင် ငွေရောင်ပိုးမျှင်များ တွေ့ရသည်။ ပူအိုက်စွတ်စိုသော ရာသီတွင် ပိုမိုကျရောက်တတ်သည်။

သတိပြုရန်

တစ်ပင်လုံး အရွယ်အောက်မျက်နှာပြင်ပါ နှံ့စပ်အောင်ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေမီဒါ ၊ ရွှေအင်ဒို ၊ ရွှေနိုဖော့စ် ၊ ရွှေဆာလ်ဖာ ၊ ရွှေမက်တင် ၊ ရွှေဒိုင်မီ


ပျပိုး ( Aphid )

အညွန့်များ ၊ ရွက်နုများ၏ အောက်မျက်နှာပြင်တို့တွင် အစုအဝေးလိုက် တွေ့ရတတ်သည်။ သစ်ရည်ကို စုပ်ယူစားသောက်သည်။ ပျများကြောင့် ဗိုင်းရပ်စ်ရောဂါ ကျရောက်နိုင်သည်။

သတိပြုရန်

ဆေးဖျန်းရာတွင် အရွက်အောက် မျက်နှာပြင် ရောက်အောင်ဖျန်းပါ။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဆီတာ ၊ ရွှေဒိုင်မီ ၊ ရွှေမီဒါ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဖန်သရင် ၊ ရွှေမက်တင်


လှေးပိုး ( Thrip )

အရွက် မျက်နှာပြင်ပေါ်တွင် ငွေရောင် အနာကွက်များ ဖြစ်ပေါ်စေသည်။ ထို့နောက် အရွက်များခြောက်၍ သေသွားသည်။ အပင်၏အရွက်၊ အညွန့်၊ အသီး၊ အဖူး၊ အပွင့်များမှ သစ်ရည်ကို စုပ်ယူစားသောက် ဖျက်ဆီးကြသည်။ အရွက်မျာပုံပျက်ခြင်း၊ တွန့်လိပ်ခြင်း၊ အပွင့်ကြွေခြင်း၊ အသီးပုံပျက်ခြင်း၊ အညွန့်များ ကြီးထွားမှုရပ်ခြင်း၊ အရွက်များဝါခြင်း၊ အသီးများတွင် အမာရွတ်ဒဏ်ရာများကို တွေ့ရသည်။

သုံးရမည့်ဆေး

ရွှေဆန်းဖော့စ် ၊ ရွှေဆီတာ ၊ ရွှေအဆီ ၊ ရွှေဆန်းတက် ၊ ရွှေမီဒါ ၊ ရွှေဖန်သရင် ၊ ရွှေမက်တင်


သီးလုံးဖောက်ပိုး ( Pod Borer )

အသီးတွင် အဓိကကျရောက်ပြီး အပွင့်နှင့် အရွက်တို့တွင်လည်း ကျရောက်နိုင်သည်။ အသီးစိမ်းများ၏ ပွင့်ဖတ်အရင်းမှ ထိုးဖောက်စားသောက်ပြီး အကောင်တစ်ပိုင်း အပြင်ထွက်နေသည်ကို လွယ်ကူစွာ မြင်နိုင်သည်။

သုံးရမည့်ဆေး

တော်နေဒိုး ၊ ရွှေနိုဖော့စ် ၊ ရွှေမက်တင် ၊ ရွှေဖန်သရင် ၊ ဆန်နိတော ၊ ရွှေအဆီ ၊ ကလပ်စတာ