banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Sesame

နှမ်း ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

နှမ်းဖလံ ( Death’s Head Moth )

နှမ်းပင်သားခွဲပြီးချိန် နောက်ပိုင်းတွင် ကျရောက်သည်။ နှမ်းပင်များ ရွက်ရိုးသာ ကျန်သည်အထိ ကိုက်ဖြတ် စားသောက်လေ့ရှိသည်။ မြေတွင် ရုပ်ဖုံးပြုလုပ်လေ့ ရှိသည်။ လောက်ကောင်ကြီး အဆင့်တွင် ဖျက်ဆီးမှု အများဆုံးဖြစ်သည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေအင်ဒို ၊ ရွှေဆိုက်ပါ ၊ တော်နေဒိုး


နှမ်းကျိုင်းနက် ( Sesamum Black Beetle )

ပိုးလောက်ကောင်ဘ၀မှ အရွယ်ရောက် ကျိုင်းကောင်ကြီးများသည် အရွက်များကို ရိုးတံသာ ကျန်သည်အထိ ကိုက်ဖြတ် စားသောက်လေ့ရှိသည်။ ညပိုင်းတွင် ဖျက်ဆီးတတ်သည်။ မြေကြီးထဲတွင် ဥများ ဥချလေ့ရှိသည်။

သတိပြုရန်

ညပိုင်းတွင် ဖျက်ဆီးတတ်သဖြင့် ညနေပိုင်းတွင်ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဆန်းတက် ၊ ရွှေဆန်းဖော့စ် ၊ ရွှေဖန်သရင် ၃ ဂျီ


နှမ်းသီးလုံးဖောက်ပိုး ( Bollworm )

လောက်ကောင်များသည် နှမ်းသီး အတောင့်နုများအတွင်း ၀င်ရောက် စားသောက် ဖျက်ဆီးလေ့ရှိသည်။ လောက်ကောင်အရွယ် ကြီးလာသောအခါ အခြား နှမ်းသီးတောင့်များကိုပါ ထိုးဖောက်၍ နှမ်းစေ့များကို စားသောက် ဖျက်ဆီးလေ့ရှိသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေနိုဖော့စ် ၊ တော်နေဒိုး ၊ ရွှေဆန်းတက် ၊ ကလပ်စတာ


ရွက်စုံစားခူ ( Common Harry Caterpillar )

လောက်ကောင်ငယ်သည် အရွက်ကို ခြစ်စားသဖြင့် အရွက်များ အစိမ်းရောင်ပျောက်ပြီး ၀ါသွားသည်။ ပိုးလောက်ကောင်ကြီးသည် အရွက်များကို ကိုက်ဖြတ်စားသောက်သဖြင့် အရွက်များ စုတ်ပြတ်နေတတ်သည်။ အရွက်ပေါ်တွင် လောက်ကောင်၏ မစင်များကို တွေ့ရနိုင်သည်။ မြေထဲတွင် ရုပ်ဖုံးပြုလုပ်သည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေအင်ဒို ၊ ရွှေဆိုက်ပါ ၊ တော်နေဒိုး ၊ ကလပ်စတာ


ရွက်လိပ်ပိုး ( Leaf Roller )

နှမ်းပင်သက်တမ်း (၁)လသားခန့်တွင် စတင်ကျရောက်သည်။ လောက်ကောင်ငယ်သည် အပင်ထိပ်ဖျားရှိ ရွက်နုများကို စားသောက်သည်။ ပင်စည် နှင့်အသီးကိုလည်း ထိုးဖောက်စားသောက်တတ်သည်။ အရွက်၊ အပွင့်နှင့် အသီးများကို ပိုးချည်မျှင်ဖြင့် စုစည်း၍ အတွင်း၌ စားသောက်နေတတ်သည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေအင်ဒို ၊ ရွှေဆိုက်ပါ ၊ ရွှေနိုဖော့စ် ၊ ရွှေဖန်သရင် ၊ ကလပ်စတာ ၊ ရွှေဆန်းဖော့စ်


ဂျပိုးစိမ်း ( Sesamum Seed Bug )

နှမ်းပင် သီးကင်းမ၀င်မီ (၁)ပတ်ခန့်တွင် စတင်ကျရောက်သည်။ အသီးပေါင်းတွင် ဥများအစုလိုက် ဥချလေ့ရှိသည်။ ဥမှပေါက်လာသော ပိုးကောင်ငယ်များသည် စုဝေး စားသောက်ကြသည်။ အရွယ်ရောက် အကောင်ကြီးများသည် အသီးတောင့်များကို ထိုးဖောက်၍ နှမ်းစေ့များကို စုပေါင်းစုပ်ယူ စားသောက်ကြသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေဆန်းတက် ၊ ရွှေဆီတာ ၊ ရွှေမီဒါ


ဖြုတ်ညို ( Sesamum Jassid )

နှမ်းဖိုရောဂါအား သယ်ဆောင်ပေးသော ဖျက်ပိုးဖြစ်သည်။ ရွက်ညှာထိပ်နှင့် ရွက်ကြောများကြားတွင် ဥများဥလေ့ရှိပြီး ဥမှပေါက်လာသော အကောင်ငယ်များသည် အရွက်မှ သစ်ရည်ကို စုပ်ယူ စားသောက်လေ့ ရှိသည်။ အပင်သက်တမ်း (၆)ပတ်မှသာ ပိုးလောက်ကောင်ကို တွေ့ရသည်။ နှမ်းပင်သားခွဲ ပြီး တစ်ပတ်တစ်ကြိမ် (၃)ကြိမ် ဆေးဖျန်းသင့်ပါသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေမာလာ ၊ ရွှေဆီတာ ၊ ရွှေမီဒါ


ဖိုးလမင်း ( Mayjuncbettle ) / ပိုးတီ ( Cutworm )

နှမ်းပင်၏ ပင်စည်၊ အမြစ်နှင့် အခေါက်များကို ကိုက်ဖြတ်ဖျက်ဆီးသည်။ ပင်စည်ကို တစ်ပတ်ရစ်မိပါက တစ်ပင်လုံး ညှိုးသေသွားသည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေဆန်းဖော့စ်