banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Potato

အာလူး ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

ပင်ဖြတ်ပိုး ( Cutworm )

နေ့အခါတွင် အပင်ခြေ၌နေပြီး ညအချိန်တွင် ပင်စည်ကို ကိုက်ဖြတ်ဖျက်ဆီးသည်။ တစ်ခါတစ်ရံ မြေမျက်နှာပြင်နှင့် နီးသော အာလူးဥများကိုလည်း ထွင်းဖောက် စားသောက်တတ်သည်။

သတိပြုရန်

အပင်ခြေကို စိုရွှဲအောင်ဖျန်းပါ။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေအင်ဒို ၊ ရွှေဆိုက်ပါ


ပျပိုး ( Aphid ) နှင့် ဖြုတ်ပိုး ( Leaf hopper )

ပိုးမမည်ဘ၀နှင့် အရွယ်ရောက်ကောင် ဘ၀တွင် အရွက်နုနှင့် အရွက်များ၏ အောက်မျက်နှာပြင်၌ နေထိုင်ပြီး ပင်ရည်စုပ်၍ စားသောက် ဖျက်ဆီးသည်။ ဗိုင်းရပ်စ်ရောဂါများကိုလည်း ကူးစက်ပြန့်ပွားစေသည်။ ပူနွေးစိုစွတ်၍ မိုးအုံ့သောရာသီချိန်တွင် ဖျက်ပိုးအရေအတွက် များသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေမာလာ ၊ ရွှေဒိုင်မီ


အစက်ပြောက်လိပ်ခုံးကျိုင်း ( Spotted Beetle )

စိုက်ပြီး အရွက်(၄-၆)ရွက် ထွက်ချိန်တွင် စတင်ကျရောက်သည်။ အကောင်ကြီးနှင့် လောက်ကောင်များသည် အရွက်အစိမ်းပိုင်းကို ခြစ်စားသဖြင့် ပုံသဏ္ဍာန်မမှန်သော အစင်းခြစ်ရာများနှင့် အရွက်ပေါက်များ တွေ့ရသည်။ ရာသီဥတုဆိုးဝါးသော နှစ်များ၌ ဆိုးရွားစွာဖျက်ဆီးသည်။

သတိပြုရန်

ဖျက်ပိုေးတွ့လျှင်တွေ့ချင်း ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေအင်ဒို ၊ ရွှေဆိုက်ပါ


အာလူးဥထိုးဖလံ ( Potato )

ဥစတင်ချိန်မှ သိုလှောင်ချိန်အထိ ကျရောက်သည်။ လောက်ကောင်သည် အရွက်ကိုထွင်း၍ ဖျက်ဆီးသည်။ ဖျက်ဆီးသောနေရာတွင် အရွက်များကွက်၍ သေသွားသည်။ အညွန့်နှင့် ပင်စည်များကို ဖောက်၍ ဖျက်ဆီးသဖြင့် အပင်ညှိုးခြင်း ဖြစ်ပေါ်စေသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဆန်းတက် ၊ ရွှေမာလာ


အာလူးဥထိုးဖလံ ( Potato )

ဥစတင်ချိန်မှ သိုလှောင်ချိန်အထိ ကျရောက်သည်။ လောက်ကောင်သည် အရွက်ကိုထွင်း၍ ဖျက်ဆီးသည်။ ဖျက်ဆီးသောနေရာတွင် အရွက်များကွက်၍ သေသွားသည်။ အညွန့်နှင့် ပင်စည်များကို ဖောက်၍ ဖျက်ဆီးသဖြင့် အပင်ညှိုးခြင်း ဖြစ်ပေါ်စေသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဆန်းတက် ၊ ရွှေမာလာ


ဝါယာလောက်ကောင် ( Wire Worm )

အာလူးဥ၏ အပြင်ပိုင်းတွင်သာ ထွင်းဖောက် စားသောက်သည်။ အာလူးဥထဲ၌ နေထိုင်လေ့မရှိချေ။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဆန်းတက် ၊ ရွှေမာလာ ၊ ရွှေဖျူရန် ၃ ဂျီ


ရွက်ထွင်းပိုး ( Leaf miner )

အရွက်အတွင်း လိုဏ်ထွင်း၍ စားသောက်သည်။ အရွက်၏ အောက်မျက်နှာပြင်တွင် ရုပ်ဖုံးအိမ် ပြုလုပ်တတ်သည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဆန်းတက် ၊ ရွှေနိုဖော့စ် ၊ ရွှေမီဒါ ၊ ရွှေဆီတာ


မြေခွေးပုရစ် ( Molde Cricket )

အမြစ်များကို ကိုက်ဖြတ် စားသောက်သည်။ အပင်ရုတ်တရက် ညှိုးသေသွားသည်။ ညအချိန်များတွင် ဖျက်ဆီးသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဖျူရမ် ၃ ဂျီ