banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Peanut

မြေပဲ ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

ငမြှောင်တောင် ( Cutworm )

မြေတွင်းအစိုဓါတ်များလျှင် ကျရောက်တတ်သည်။ လောက်ကောင်ငယ်များသည် မြေပဲရွက်များကိုခြစ်၍ စားသောက်သည်။ ဆိုးဝါးစွာကျရောက်လျှင် မြေပဲရွက်အားလုံးကို စားသောက်သည်။ သဲဆန်သော မြေများတွင် မြေကြီးအတွင်းသို့ဝင်၍ မြေပဲအသီးများကို ဖျက်ဆီးတတ်သည်။ ညအခါတွင် အပင်ခြေ၌ ခိုအောင်းနေလေ့ရှိသည်။ အပင်နှင့်ထိစပ်ရာ မြေကြီးအတွင်း၌ ရုပ်ဖုံးပြုလုပ်လေ့ရှိသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဆိုက်ပါ ၊ ရွှေအင်ဒို ၊ တော်နေဒိုး ၊ ကလပ်စတာ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဖန်သရင်


ပျပိုး ( Aphid )

အရွက်၏ အောက်မျက်နှာပြင်မှနေ၍ သစ်ရည်ကို စုပ်ယူစားသောက်သည်။ မိုးခေါင်သော ကာလများတွင် ပျပိုးကျရောက်မှု ပြင်းထန်သည်။ မြေပဲပွင့် / စွယ်များတွင် ကျရောက်တတ်သည်။ အပင်ပုပြီး အရွယ်ပုံသဏ္ဍာန် ပျက်လာသည်။ အပင်ကြီးထွားမှု နှေးစေရုံသာမက ဗိုင်းရပ်စ်ရောဂါများကိုလည်း သယ်ဆောင်ပေးတတ်သည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေဆီတာ ၊ ရွှေဆန်းဖန် ၊ ရွှေဆန်းတက် ၊ ရွှေမီဒါ ၊ ရွှေမက်တင်
ဆေးဖျန်းရာတွင် အရွက်အောက်မျက်နှာပြင်ရောက်အောင်ဖျန်းပါ။


ရွက်လိပ်/ ရွက်ကပ်ပိုး ( Leaf Webber )

မိုးမြေပဲတွင် (၁)လမတိုင်မီနှင့် ဆောင်းမြေပဲတွင် ၁-လသားမှ စွယ်ချချိန်အထိ ကျရောက်တတ်သည်။ ဥမှပေါက်စ အကောင်ငယ်များသည် မြေပဲရွက်အတွင်းသို့ ချက်ချင်းထိုးဖောက် ၀င်ရောက်သွားသည်။ အရွက်ပေါ်တွင် အညိုရောင်အကွက်များ တွေ့ရသည်။ အရွယ်ကြီးလာလျှင် ရွက်ကိုပိုးမျှင်ဖြင့် ချည်နှောင်ပြီး ခြစ်၍စားသောက်သည်။ ဆိုးရွာစွာ ကျရောက်လျှင် စိုက်ခင်းတစ်ခုလုံး မီးလောင်ထားသကဲ့သို့ ခြောက်သွေ့ နေတတ်သည်။

သုံးရမည့်ဆေး

ရွှေဆန်းဖော့စ် ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေမာလာ ၊ ကလပ်စတာ ၊ ရွှေနိုဖော့စ် ၊ ရွှေဖန်သရင် ၊ ရွှေဆီတာ


လှေးပိုး ( Thrip )

အပင်၏အရွက် ၊ အညွန့် ၊ အသီး ၊ အဖူး ၊ အပွင့်များမှ သစ်ရည်ကို စုပ်ယူစားသောက် ဖျက်ဆီးကြသည်။ အရွက်များ ပုံပျက်ခြင်း ၊ တွန့်လိမ်ခြင်း ၊ အပွင့်ကြွေခြင်း ၊ အသီးပုံပျက်ခြင်း ၊ အညွန့်များ ကြီးထွားမှုရပ်ခြင်း ၊ အရွက်များဝါခြင်းနှင့် အသီးများတွင် အမာရွတ်ဒဏ်ရာများကို တွေ့ရသည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေမီဒါ ၊ ရွှေဒိုင်မီ ၊ ရွှေဆီတာ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဆန်းတက် ၊ ရွှေမက်တင်


လှေးပိုး ( Thrip )

အပင်၏အရွက် ၊ အညွန့် ၊ အသီး ၊ အဖူး ၊ အပွင့်များမှ သစ်ရည်ကို စုပ်ယူစားသောက် ဖျက်ဆီးကြသည်။ အရွက်များ ပုံပျက်ခြင်း ၊ တွန့်လိမ်ခြင်း ၊ အပွင့်ကြွေခြင်း ၊ အသီးပုံပျက်ခြင်း ၊ အညွန့်များ ကြီးထွားမှုရပ်ခြင်း ၊ အရွက်များဝါခြင်းနှင့် အသီးများတွင် အမာရွတ်ဒဏ်ရာများကို တွေ့ရသည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေမီဒါ ၊ ရွှေဒိုင်မီ ၊ ရွှေဆီတာ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဆန်းတက် ၊ ရွှေမက်တင်


တီပိုး ( Cut Worm ) / ဖိုးလမင်းကျိုင်း ၊ ခြ ၊ မြေခွေးပုရစ်

မေ ၊ ဇွန်လခန့်တွင် သစ်ပင်ကြီးများတွင် အအုပ်လိုက်အသင်းလိုက် နေထိုင်ပြီး မြေပဲစိုက်ပြီးချိန်၌ မြေတွင်းသို့ဝင်၍ ဥအုရာမှ တီပိုးများပေါက်ကာ ဖျက်ဆီးသည်။ မြေပဲပင်များ၏ အမြစ်များ၊ မြေပဲသီးတောင့်များကို ကိုက်ဖြတ် ဖျက်ဆီးတတ်သည်။ မြေပဲခင်းအတွင်း သေနေသော အပင်များကို အကွက်လိုက် တွေ့ရသည်။ အချို့အပင်များ ပုပြီးညှိုးနေတတ်သည်။

သတိပြုရန်

အပင်ခြေမြေကြီးထဲ နှံစပ်ရွှဲစိုအောင်ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေဆန်းဖော့စ်


ခူမွေးရှည် ( Hairy Caterpillar )

အပင် (၁၅-၂၀)ရက်သားတွင် ကျရောက်လေ့ရှိသည်။ အစားအသောက် ပြင်းထန်ပြီး တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းစားသောက်ကြသည်။ ကွက်ကြားပုံစံဖြင့် ကျရောက်ဖျက်ဆီးတတ်သည်။ ပိုးရုပ်ဖုံးဘ၀ကို မြေကြီးအတွင်း၌ ပြုလုပ်တတ်သည်။ ပိုးကောင်၏ သက်တမ်းမှာ တစ်လခန့်ရှိသည်။ အကောင်ငယ်များသည် ခြစ်၍စားသောက်ပြီး အကောင်ကြီးများသည် ကိုက်ဖြတ်စားသောက်ကြသည်။ အရွက်များပေါက်ပြဲခြင်း၊ ရွက်ကြောများသာ ကျန်ခြင်းတို့ တွေ့ရသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ တော်နေဒိုး ၊ ကလပ်စတာ ၊ ရွှေဆိုက်ပါ ၊ ရွှေအင်ဒို


သီးလုံးဖောက်ပိုး ( Pod Borer )

လောက်ကောင်များသည် မြေပဲပင်ပေါ်တွင်သာ နေလေ့ရှိသည်။ အပွင့်နှင့် အဖူးများကို ကိုက်ဖြတ် စားသောက်သည်။ အရွက်များပေါ်တွင်လည်း ခူမွှေးရှည်ကဲ့သို့ ကိုက်ဖြတ်စားသောက်သည်။ မြေကြီးအတွင်း၌ ရုပ်ဖုံးပြုလုပ်သည်။

သုံးရမည့်ဆေး

ရွှေဆန်းဖော့စ် ၊ ရွှေနိုဖော့စ် ၊ ရွှေအဆီ ၊ ရွှေဆီတာ ၊ ရွှေဆန်းတက် ၊ တော်နေဒိုး


ရွက်ထွင်းပိုး ( Leaf Miner )

အပင်သက်တမ်း (၁)လမတိုင်မီ စတင်ကျရောက်သည်။ အရွက်၏ အပေါ်ယံအစိမ်းရောင် တစ်သျှူးသားများကို ခြစ်၍ စားသောက်ဖျက်ဆီးသည်။ ပိုးသွား လမ်းကြောင်းများကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ထွင်းဖောက်ထားသော ဒဏ်ရာများမှ မှိုရောဂါများ ထပ်ဆင့် ၀င်ရောက်နိုင်သည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဖန်သရင် ၊ ရွှေဆန်းဖော့စ် ၊ ရွှေနိုဖော့စ် ၊ ရွှေဆန်းတက် ၊ ရွှေမက်တင်