banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Pea

ပဲမျိုးစုံ ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

ပျပိုး ( Aphid )

ပိုးမမည်နှင့် အရွယ်ရောက် ကောင်များသည် အရွက်၏ အောက်မျက်နှာပြင်တွင် နေထိုင်ပြီး သစ်ရည်ကိုစုပ်၍ စားသောက်ဖျက်ဆီးသည်။ အပင်ကြီးထွားစဉ် ကာလတွင် အကျများသည်။

သုံးရမည့်ဆေး

ရွှေဆန်းဖန် ၊ ရွှေအဆီ ၊ ရွှေဆန်းတက် ၊ ရွှေဆီတာ ၊ ရွှေနိုဖော့စ် ၊ ရွှေမီဒါ ၊ ရွှေဒိုင်မီ
ဆေးဖျန်းရာတွင် အရွက်အောက်မျက်နှာပြင်အပါ တစ်ပင်လုံးအနှံ့ရောက်အောင်ဖျန်းပါ။


ခြ ( Tarmite ) / ဖိုးလမင်းကျိုင်း ( White Grub ) / မြေခွေးပုရစ်များ ( Mole Cricket ) / မြေအောင်းဖျက်ပိုးများ ( Underground Pest )

မြေအောက်အနီးအနား ပင်စည်၌ ခြကိုက်ဒဏ်ရာများဖြင့် အပင်ငယ်များညှိုးခြင်း ၊ သေခြင်းဖြစ်စေသည်။ ပင်စည်နှင့် အမြစ်အတွင်း၌ ခြများကိုတွေ့ရမည်။ အပင်ကြီးများ၏ ပင်စည်ရင်းတွင် မြေကြီးဖြင့် ပြုလုပ်ထားသော ခြသွားရာလမ်းကြောင်းများ ၊ ခြအိမ်များအတွင်း၌ ပင်စည်အပြင်သားကို ဖျက်ဆီးသည်။ ဖိုးလမင်းကျိုင်းနှင့် မြေခွေးပုရစ်ကြောင့် အမြစ်များထိခိုက်ပြီး အပင်ညှိုးသေခြင်း ၊ မှိုရောဂါများ ၀င်ရောက်နိုင်ခြင်း တွေ့ရသည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေဆန်းဖော့စ် ( မြေပြင်ဆေးအဖြစ်သုံးပါ )


ပွင့်ထွေးပိုး ( Pod Borer )

ပိုးလောက်ကောင်များသည် အရွက် ၊ အဖူး ၊ အပွင့် ၊ သီးတောင့်တို့ကို ချည်မျှင်ဖြင့် ရစ်ပတ်လုံးထွေး၍ အတွင်း၌ နေထိုင်စားသောက်သည်။ အရွက်၊ အဖူး၊ အပွင့်များပေါ်တွင် ဥ(၁)လုံးမှ (၁၅)လုံးအထိ ဥတတ်သည်။ လောက်ကောင်၏ နံဘေးတစ်လျှောက်တွင် အမဲစက်များကိုအတန်းလိုက် အလွယ် တကူ မြင်နိုင်သည်။ ရုပ်ဖုံးပြုလုပ်ချိန်နီးလျှင် ၎င်းအစက်များ ပျောက်သွားတတ်သည်။ အထွက်နှုန်းအား များစွာထိခိုက်နိုင်သဖြင့် အထူးကာကွယ်ပေးပါ။ ဆောင်းဦးကာလတွင် အကျများသည်။

သုံးရမည့်ဆေး

ရွှေနိုဖော့စ် ၊ ကလပ်စတာ ၊ ရွှေအဆီ ၊ ရွှေဆန်းတက် ၊ ရွှေအင်ဒို ၊ ရွှေဆန်းဖော့စ် ၊ ရွှေဆိုက်ပါ ၊ တော်နေဒိုး


ပင်ဖြတ်ပိုး ( Cutworm )

လောက်ကောင်ငယ်များသည် ပျိုးပင်များ၊ အပင်ငယ်များကို အပင်ခြေမှ ကိုက်ဖြတ်သည်။ ပိုးလောက်ကောင်ကြီးများသည် ညဘက်တွင် အပင်ပေါ်တက်၍ ကိုက်ဖြတ်ဖျက်ဆီးကြသည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ ၊ ကလပ်စတာ ၊ ရွှေဆန်းဖော့စ် ၊ တော်နေဒိုး ၊ ရွှေဆိုက်ပါ ၊ ရွှေဖန်သရင်


လှေးပိုး ( Thrip )

အရွက် ၊ အညွန့် ၊ အသီး ၊ အဖူး ၊ အပွင့်များ၏ တစ်သျှူးများကို စုပ်ယူစားသောက်သဖြင့် ပင်ရည်များ စီးကျစေသည်။ ၎င်းတို့ ကျရောက် ဖျက်ဆီးခံရသော အရွက်များ ငွေရောင်သန်းလျက်ရှိသည်။ တစ်ခါတစ်ရံ ကြေးနီရောင် ပြောင်းသွားသည်။ အရွက်များ ပုံမမှန်ဘဲ ခုံး၍ တွန့်လိမ်သွားသည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဆန်းဖန် ၊ ရွှေဆီတာ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဆန်းတက် ၊ ရွှေမီဒါ


ငမြှောင်တောင် ( Cutworm ) ပဲမျိုးစုံအတွက်

ပိုးလောက်ကောင်ငယ်သည် အရွက်ကိုခြစ်စားပြီး ပိုးလောက်ကောင်ကြီးသည် အပင်၏အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်ပြီး ငုတ်တိုကျန်သည်အထိ ဖျက်ဆီးတတ်သည်။ ပိုးလောက်ကောင်ကြီးဘ၀တွင် နံနက်နှင့်ညအချိန်တွင် ဖျက်ဆီးပြီး နေ့အချိန်တွင်မြေထဲခိုအောင်းနေသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအင်ဒို ၊ ရွှေဆိုက်ပါ ၊ ရွှေဆန်းတက် ၊ ရွှေနိုဖော့စ် ၊ တော်နေးဒိုး (သို့မဟုတ်) ဆိုးဝါးစွာကျရောက်ပါက ကလပ်စတာ ၊ ရွှေဖန်သရင် ၊ ရွှေဆီ


သီးတောင့်ထိုးပိုး ( Pod Bore )

အဖူး ၊ အပွင့်ဝင်ချိန်မှ စတင်ကျရောက်သည်။ လောက်ကောင်၏ ပါးစပ်မှထုတ်သော ချည်မျှင်ဖြင့် လုံးထွေးလျှက် စားသောက်ဖျက်ဆီးသည်။ ပိုးပေါက်ပါ အသီးတောင့်ကို ခွဲကြည့်ပါက ပိုးလောက်ကောင်ကို တွေ့ရသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအင်ဒို ၊ ရွှေဆိုက်ပါ ၊ ရွှေဆန်းတက် ၊ ရွှေနိုဖော့စ် ၊ တော်နေဒိုး (သို့မဟုတ်) ဆိုးဝါးစွာကျရောက်ပါက ကလပ်စတာ ၊ ရွှေဆီ ၊ ရွှေဒိုင်မီ ၊ ရွှေဖန်သရင်


ပင်စည်ထိုးယင် ( Stem Flies )

အပင်ငယ်စဉ်တွင် ကျရောက်ဖျက်ဆီးသည်။ အပင်(၂)ပင်သားအတွင်း အရွက်အသားထဲသို့ ထိုးဖောက်၍ ဥသည်။ ပေါက်လာသော လောက်ကောင်သည် ရွက်ညှာမှတဆင့် ပင်စည်အတွင်းသို့ ဝင်ရောက်၍ အပင်ခြေသို့ ထိုးဖောက်ဆင်းပြီး စားသောက်သည်။ မြေနှင့်ထိစပ်နေသော ပင်စည်တွင် ရုပ်ဖုံး ပြုလုပ်လေ့ ရှိသည်။ ပင်စည်အခြေသည် ဖုနေတတ်သည် (သို့) ကွဲနေတတ်သည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဆန်းဖန် ၊ ရွှေဆီတာ ၊ ရွှေဒိုင်မီ ၊ ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေမီဒါ ၊ ရွှေဖန်သရင်