banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Orange

လိမ္မော်/ရှောက်/သံပုရာ ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

ရွက်ထွင်းပိုး ( Leaf Minen )

ပိုးကျမှုများလျှင် အရွက်အပေါ်သို့ ကုပ်တတ်သွားသည်။ ကိုင်းတက်နုတွင် ပိုးကျပါက ညှိုးသွားသည်။ အရွယ်ရောက်ကောင်သည် အရွက်အောက် မျက်နှာပြင်ရှိ ရွက်လယ်ကြောအနီး တစ်လုံးချင်းဥချသည်။ ( ၃-၅ )ရက် အကြာတွင်အကောက်ပေါက်လာပြီး အရွက်အတွင်း ခရုပတ်ပုံ ထွင်းဖောက် စားသောက်သည်။ အရွက်အနားသားအနီး ရုပ်ဖုံးပြုလုပ်ကြသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေမာလာ


ရှောက်နေလှည့်လိပ်ပြာ ( Lemon Butter fly )

အရွက်ပေါ်တွင် ဥအုသည်။ လောက်ကောင်ငယ်သည် အမည်း(သို့) အညိုရောင်ရှိပြီး အဖြူကွက်များပါသည်။ လောက်ကောင်ကြီးသည် အစိမ်းရောင်ရှိပြီး ကိုယ်၏ဘေးမှာ အညိုကွက်ပါသည်။ ခေါင်းနောက်ပိုင်း အရင်းဘက်မှ အနီရောင်အတက်(၂)ခုရှိသည်။ ဆိုးဝါးစူးရှသော အနံ့ထုတ်လွှတ်သည်။ ရွက်လယ်ကြော ကျန်သည်အထိ စားတတ်သည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဆန်းတက်


မွှားပင့်ကူနီ ( Red Spider Mite )

မွှားပင့်ကူနီများသည် အလွန်သေးငယ်၍ မိုက်ခရိုစကုပ်ဖြင့်သာ မြင်နိုင်သည်။ အရွက်အောက် မျက်နှာပြင်မှ သစ်ရည်များကို စုပ်ယူစားသောက်သဖြင့် အရွက်နားများ ခြောက်၍ကုပ်ခြင်း ၊ အရောင်မညီကွက်ခြင်း ၊ အရွက်ပေါ်တွင် ၀ါညိုရောင်အကွက်များဖြစ်ပေါ်နေသည်။ ဆိုးရွားစွာကျရောက်ပါက မွှားပင့်ကူနီမှ စစ်ထုတ်သော တံထွေးတွင်ပါဝင်သော အဆိပ်ကြောင့် အရွက်များဝါ၍ ခြောက်ကာ ကြွေကျသွားသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေဒိုင်မီ ၊ ရွှေအင်ဒို


လှေးပိုး ( Thrip )

အပင်၏အရွက် ၊ အညွန့် ၊ အသီး ၊ အဖူး ၊ အပွင့်များမှ သစ်ရည်ကို စုပ်ယူစားသောက်ဖျက်ဆီးကြသည်။ အရွက်များပုံပျက်ခြင်း ၊ တွန့်လိပ်ခြင်း၊ အပွင့်ကြွေခြင်း ၊ အသီးပုံပျက်ခြင်း ၊ အညွန့်များ ကြီးထွားမှုရပ်ခြင်း ၊ အရွက်များဝါခြင်းနှင့် အသီးများတွင် အမာရွတ် ဒဏ်ရာများကို တွေ့ရသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေမာလာ ၊ ရွှေဆန်းတက်


ပိုးစေးနဲ ( Mealy Bug )

အရွက်၊ အညွန့်၊ အကိုင်း၊ အသီးအညှာများတွင် ဖြူဖွေးသော အမှုန်မျှင်များ ဖယောင်းလွှာ အုပ်ထားသကဲ့သို့ တွယ်နေပြီး သစ်ရည်ကို စုပ်ယူ စားသောက်ကြသဖြင့် အရွက်များဖျော့၍ ၀ါလာခြင်း၊ အဖူးအပွင့်များ ကြွေကျခြင်း၊ အသီးတင်မှုနည်းခြင်း၊ တစ်ကိုင်းလုံး ခြောက်သွေ့လာခြင်း၊ ကျပ်ခိုးမှို စွဲခြင်းများ ဖြစ်ပေါ်သည်။ မြေအောက်ပင်စည်နှင့် အမြစ်များတွင်လည်း ကျရောက်လေ့ရှိသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေမာလာ ၊ ရွှေဆန်းတက်


ယင်ဖြူ ( White Fly )

အရွက်အောက် မျက်နှာပြင်တွင် အဖြူရောင် အမှုန့်များနှင့်အတူ အဖြူရောင် ယင်ဖြူများ တွေ့ရသည်။ အစုအဝေးအလိုက် စုပ်ယူစားသောက်သဖြင့် အရွက်များကုပ်ခြင်း၊ ၀ါခြင်း၊ အပင်ပုခြင်း၊ ကျပ်ခိုးမှိုစွဲခြင်း၊ ဗိုင်းရပ်စ်ရောဂါ ကူးစက်စေသဖြင့် အရွက်တွင် ရောင်မညီ ကွက်ကြားများ ဖြစ်ပေါ်စေသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေမာလာ ၊ ရွှေဆန်းတက်


ယင်ဖြူ ( White Fly )

အရွက်အောက် မျက်နှာပြင်တွင် အဖြူရောင် အမှုန့်များနှင့်အတူ အဖြူရောင် ယင်ဖြူများ တွေ့ရသည်။ အစုအဝေးအလိုက် စုပ်ယူစားသောက်သဖြင့် အရွက်များကုပ်ခြင်း၊ ၀ါခြင်း၊ အပင်ပုခြင်း၊ ကျပ်ခိုးမှိုစွဲခြင်း၊ ဗိုင်းရပ်စ်ရောဂါ ကူးစက်စေသဖြင့် အရွက်တွင် ရောင်မညီ ကွက်ကြားများ ဖြစ်ပေါ်စေသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေမာလာ ၊ ရွှေဆန်းတက်


အကြေးပိုး ( Scale Insect )

အရွက်၊ အသီး၊ အကိုင်းနှင့် ပင်စည်များတွင် အကြေးဖတ်များ အုပ်ထားသကဲ့သို့ တွယ်ကပ်ပြီး သစ်ရည်ကို စုပ်ယူစားသောက်သည်။ ကိုင်းခြောက်ခြင်း၊ အသီးအရောင်ပျက်ခြင်း၊ အသီးမရင့်မီ ကြွေကျခြင်းများ တွေ့ရသည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေဆန်းတက် ၊ ရွှေဆီတာ ၊ ရွှေနိုဖော့စ်


ပျပိုးများ ( Aphids )

အရွက်အညွန့် ၊ အရွက်အောက် မျက်နှာပြင် ၊ အသီး၊ ပင်စည့်ပျော့ပိုင်း၊ ဖူးတံများတွင် စုပြုံကျရောက်ပြီး စုပ်ယူစားသောက်သဖြင့် အပင်အားနည်း၍ အရွက်ပုံပျက်ခြင်းနှင့် ဗိုင်းရပ်စ်ရောဂါများ ကူးစက်စေသဖြင့် အရွက်တွန့်လိပ်သည့် လက္ခဏာများ၊ အရွက်ဝါ၍ ရောင်မညီ ကွက်ကြားဖြစ်ခြင်း၊ အပွင့် အသီးမအောင်ခြင်း၊ ပျပိုးမှ အချိုရည်ထုတ်သဖြင့် အပင်တွင် အစေးများတွေ့ရ၍ ထိုမှတဆင့် ကျပ်ခိုးမှို ကျနိုင်သည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ