banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Onion

ကြက်သွန်နီ/ဖြူ ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

ကြက်သွန်ယင် ( Onion Flies )

အပင်ပေါက်အချိန်တွင် ကျရောက်သည်။ အမြစ်နုနှင့် အရွက်နုများကို စားသောက်သည်။ ကြီးထွားဆဲ ကြက်သွန်ဥများတွင်လည်း ကျရောက်သည်။ မြေဆွေးဓါတ်များသော မြေများတွင် ပေါက်ဖွားမှု အားကောင်းသည်။ ယင်ကောင်ကြီးသည် ပျိုးပင်ငယ်များအနီးရှိ မြေထဲတွင် ဥများချလေ့ရှိသည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဆီတာ ၊ ရွှေမီဒါ ၊ ဆန်နိတော ၊ ရွှေဆန်းတက် ၊ ရွှေဒိုင်မီ ၊ ရွှေဖန်သရင်


ပင်ဖြတ်ပိုး ( Cutworm )

အပင်အောက်ခြေမှ ကိုက်ဖြတ်စားသောက်၍ ငုတ်တိုများဖြစ်နေသည်။ ညအချိန်များတွင် ဖျက်ဆီးသည်။

သတိပြုရန်

မစိုက်မီ(၃)ရက် အလိုတွင် မြေကြီးကို ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ရွှေဆန်းဖော့စ် ၊ တော်နေဒိုး ၊ ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေအဆီ ၊ ဆန်နိတော ၊ ရွှေဖန်သရင် ၊ ကလပ်စတာ


ရွက်ထွင်းပိုး ( Leaf Miner )

အရွက်တွင်းထွင်း၍ လိုဏ်ခေါင်း ဖောက်စားသောက်သဖြင့် အရွက်ပေါ်တွင် အဖြူရောင် ပိုးစားရာ လမ်းကြောင်းများ တွေ့ရသည်။ အစိမ်းရောင် အတွင်းသားများကိုခြစ်၍ စားသောက်သည်။ ပိုးလမ်းကြောင်း တစ်လျှောက် မှိုရောဂါ ထပ်မံ ၀င်ရောက်နိုင်သဖြင့် အရွက်များ ခြောက်သွားသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေနိုဖော့စ် ၊ ရွှေအင်ဒို ၊ ရွှေဒိုင်မီ ၊ ရွှေဆီတာ


ငမြှောင်တောင် ( Cutworm )

လောက်ကောင်ငယ်သည် အပင်ငယ်စဉ်တွင် အရွက်အစိမ်းပိုင်းကို ခြစ်စားသည်။ လောက်ကောင်ကြီးသည် အရွက်နှင့် ပင်စည် အစိတ်အပိုင်းအားလုံးတွင် ကျရောက်ဖျက်ဆီးသဖြင့် အပင်ငုတ်တိုသာ ကျန်ရှိသည်အထိ ဆိုးဝါးတတ်သည်။

သုံးရမည့်ဆေး

တော်နေဒိုး ၊ ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဆိုက်ပါ ၊ ရွှေအင်ဒို ၊ ရွှေဖန်သရင် ၊ ရွှေမက်တင် ၊ ကလပ်စတာ


ပျပိုးများ ( Aphid )

ပျပိုးသည် အရွက် အောက်မျက်နှာပြင်မှ သစ်ရည်ကို စုပ်ယူစားသောက်သဖြင့် အရွက်များ တွန့်ကုပ်သွားသည်။

သတိပြုရန်

အရွက်မျက်နှာပြင်အောက်ရှိ ပျပိုးများကို တိုက်ရိုက်ထိအောင် ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ရွှေဆီတာ ၊ ရွှေမီဒါ ၊ ရွှေဖန်သို ၊ ရွှေအဆီ ၊ ဆန်နိတော ၊ ရွှေဖန်သရင် ၊ ရွှေမက်တင် ၊ ရွှေဒိုင်မီ


လှေးပိုး ( Thrip )

လှေးပိုးများသည် အရွက်တစ်သျှူးများကို ထိုးဖောက်ချေမွ၍ ဖျက်ဆီးစားသောက်ကြသည်။ အရွက်များ ခြောက်သွေ့သွားသည်။ အပင်ငယ်စဉ်မှ ခူးဆွတ်ရိတ်သိမ်းချိန်အထိ ကျရောက်သည်။

သုံးရမည့်ဆေး

ရွှေဆီတာ ၊ ရွှေမီဒါ ၊ ရွှေဆန်းတက် ၊ ရွှေအဆီ ၊ ဆန်နိတော ၊ ရွှေဖန်သရင် ၊ ရွှေမက်တင်