banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Grape

စပျစ် ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

လှေးပိုး ( Thrip )

အညွန့် ၊ အရွက် ၊ ဘေးတက်နှင့် အသီးတွင် ကျရောက်သည်။ သီးနုတွင် အ၀ါကွက်ငယ်များ ဖြစ်ပေါ်သည်။ အသီးတွင် အမာရွတ်ငယ်များ တွေ့ရတတ်သည်။ အညွန့်များ တွန့်လိပ်သွားတတ်သည်။

သုံးရမည့်ဆေး

ဆန်နီတော ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေမာလာ


ပျပိုး ( Aphid )

အရွက်အညွန့်၊ အရွက်အောက်မျက်နှာပြင် ၊ အသီး၊ ပင်စည်ပျော့ပိုင်း ၊ ဖူးတံများတွင် စုပြုံကျရောက်ပြီး စုပ်ယူစားသောက်သဖြင့် အပင်အားနည်း၍ အရွက်ပုံပျက်ခြင်းနှင့် ဗိုင်းရပ်စ်ရောဂါများ ကူးစက်စေသဖြင့် အရွက်တွန့်လိပ်သည့် လက္ခဏာများ၊ အရွက်ဝါ၍ ရောင်မညီ ကွက်ကြားဖြစ်ခြင်း၊ အပွင့် အသီးမအောင်ခြင်း၊ ပျပိုးမှ အချိုရည်ထုတ်သဖြင့် အပင်တွင် အစေးများတွေ့ရ၍ ထိုမှတဆင့် ကျပ်ခိုးမှိုကျနိုင်သည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ၊ ရွှေဒိုင်မီ ၊ ရွှေဆန်းတက်


ယင်ဖြူ ( White Fly )

အရွက်အောက် မျက်နှာပြင်တွင် အဖြူရောင် အမှုန့်များနှင့်အတူ အဖြူရောင် ယင်ဖြူများ တွေ့ရသည်။ အစုအဝေးအလိုက် စုပ်ယူစားသောက်သဖြင့် အရွက်များကုပ်ခြင်း၊ ၀ါခြင်း၊ အပင်ပုခြင်း၊ ကျပ်ခိုးမှိုစွဲခြင်း စသည့် ရောဂါလက္ခဏာများ တွေ့ရသည်။ ဗိုင်းရပ်စ်ရောဂါ ကူးစက်စေသဖြင့် အရွက်တွင် အရောင်မညီ ကွက်ကြားများ ဖြစ်ပေါ်စေသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေဆန်းတက်


မွှားပင့်ကူနီ ( Red Spider Mite )

အရွက်အောက်မျက်နှာပြင်မှနေ၍ ပင်ရည်ကို စုပ်ယူစားသောက်သည်။ ပူပြင်းခြောက်သွေ့သော ရာသီတွင် ကျရောက်လေ့ရှိသည်။ အရွက်ပေါ်တွင် အ၀ါစက်များ ဖြစ်ပြီးနောက် ၀ါညိုရောင်သို့ ပြောင်းသွားသည်။ ဖျက်ဆီးမှုများလျှင် အရွက်ပေါ်၌ ကွက်ခြောက်ဖြစ်သည်။ ပိုးကျမှုများလျှင် အရွက်များ လောင်ကျွမ်း သကဲ့သို့ ဖြစ်လာသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေဒိုင်မီ