banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Cotton

ဝါ ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

ဖြုတ်စိမ်း ( Green Leaf Hopper )

အပင်သက်တမ်း တစ်လျှောက်လုံး ကျရောက်သည်။ မိုးကြိုနှင့် မိုးစိုက်ဝါများတွင် ဧပြီလမှ စတင်ကျရောက် ဖျက်ဆီးတတ်ပြီး မိုးနှောင်းဝါတွင် အပင်ငယ်စဉ်မှ စတင်ကာ ကြီးထွားမှု ကာလတစ်လျှောက် ဆိုးဝါးစွာ ဖျက်ဆီးတတ်သည်။

သုံးရမည့်ဆေး

ရွှေဒိုင်မီ ၊ ရွှေအဆီ ၊ ရွှေဆီတာ ၊ ရွှေဖန်သို ၊ ရွှေဆန်းတက် ၊ ရွှေဆန်းဖန် ၊ ရွှေမီဒါ ၊ တော်နေဒိုး ၊ ရွှေဖန်သရင်


ပျပိုး ( Aphid )

အပင်(၁၀)ရက်သားမှစ၍ သက်တမ်းတစ်လျှောက်လုံး အရွက်၊ ပင်စည် ၊ အသီးတို့တွင် တွေ့ရသည်။ မိုးကြိုစိုက်ဝါများတွင် ဇန်န၀ါရီမှ သြဂုတ်လအတွင်း ကျရောက်ဖျက်ဆီးတတ်ပြီး ( ၁၆-၅၅% ) အထိ ၀ါအထွက် လျော့နိုင်သည်။

သုံးရမည့်ဆေး

ရွှေဒိုင်မီ ၊ ရွှေအဆီ ၊ ရွှေဆီတာ ၊ ရွှေဆန်းတက် ၊ ရွှေဆန်းဖန် ၊ ရွှေဖန်သို ၊ ရွှေမီဒါ ၊ တော်နေဒိုး ၊ ရွှေဖန်သရင်း


လှေးပိုး ( Thrip )

အပင်တစ်ပတ်သားမှစ၍ အသီးသီးသည်အထိ ကျရောက်သည်။ မိုးစိုက်ဝါတွင် ဇွန်လမှ စက်တင်ဘာလအတွင်း ကျရောက်တတ်ပြီး ဖျက်ဆီးမှုပြင်းထန်ပါက ၀ါပင်ပေါက်များ ပုလှီနေတတ်၍ အထွက်နှုန်းများစွာ လျော့နည်းစေသည်။

သုံးရမည့်ဆေး

ရွှေဒိုင်မီ ၊ ရွှေအဆီ ၊ ရွှေဆီတာ ၊ ရွှေဆန်းတက် ၊ ရွှေဆန်းဖန် ၊ ရွှေဖန်သို ၊ ရွှေမီဒါ ၊ ရွှေနိုဖော့စ် ၊ ရွှေအင်ဒို ၊ ကလပ်စတာ


ယင်ဖြူ ( White Fly )

ဝါပင်သက်တမ်း တစ်လျှောက်လုံး ကျရောက်ဖျက်ဆီးတတ်ပြီး ၀ါရွက်တွန့်လိမ် ဗိုင်းရပ်စ် သယ်ဆောင် ကူးစက်စေသည်။

သုံးရမည့်ဆေး

ရွှေဒိုင်မီ ၊ ရွှေအဆီ ၊ ရွှေဆီတာ ၊ ရွှေဖန်သရင် ၊ ရွှေဆန်းတက် ၊ ရွှေဆန်းဖန် ၊ ရွှေအင်ဒို ၊ ရွှေဆိုက်ပါ ၊ ရွှေမီဒါ ၊


သီးလုံးဖောက်ပိုး ( Pod Borer )

ဝါပင် အညွန့်သစ်ထွက်ချိန်မှ အသီးဖြစ်ချိန်ထိ ကျရောက်သည်။ မိုးကြို/ မိုး/ မိုးနှောင်း ရာသီစိုက် သုံးမျိုးလုံးတွင် ကျရောက်နိုင်ပြီး အထွက်နှုန်း ၅၀% အထိလျော့နည်းနိုင်သည်။ အဖူးအပွင့်များကို စားသုံးရာမှ ၀ါပိန့်စထွက်ချိန် ၀ါသီးအတွင်း ထိုးဖောက်ဝင်ရောက် ဖျက်ဆီးတတ်သည်။ ၀ါပင်(၂၄)ပင်တွင် သီးလုံးဖောက်ပိုး (၄)ကောင်နှုန်း တွေ့ရလျှင် အောက်ပါပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနှိမ်နင်းပါ။ အထွက်နှုန်းကို အထူးထိခိုက်နိုင်သဖြင့် အချိန်မီကာကွယ်ပါ။

သုံးရမည့်ဆေး

ရွှေအင်ဒို ၊ ကလပ်စတာ ၊ ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေနိုဖော့စ် ၊ ရွှေဆန်းဖော့စ် ၊ ရွှေဖန်သရင် ၊ တော်နေဒိုး


ဝါဂွမ်းပိုးနီကောင် ( Cotton Steiner )

ပန်းပွင့်ချိန်တွင် စတင်ကျရောက်တတ်သည်။ အရွက် ၊ အသီးနုများကို စုပ်ယူသဖြင့် ကြွေကျတတ်သည်။ ၀ါပင်သီးပွင့်ချိန်မှ စတင်ကာ ၀ါကောက်သိမ်းချိန်ထိ ကျရောက်ပြီး ၀ါအရည်အသွေး ကျဆင်း ပျက်စီးစေသည်။ ၀ါသီးပွင့်ချိန်တွင် နှိမ်နင်းစွာ ကာကွယ်ပါ။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဆိုက်ပါ ၊ ရွှေဖန်သရင် ၊ ဆန်နိတော ၊ တော်နေဒိုး ၊ ကလပ်စတာ ၊ ရွှေဆန်းဖော့စ် ၊ ရွှေအင်ဒို


မွှားပင့်ကူနီ ( Red Spider Mite )

အရွက်အောက်မျက်နှာပြင်မှ သစ်ရည်များကို စုပ်ယူစားသောက်သဖြင့် အရွက်နားများခြောက်၍ ကုပ်ခြင်း၊ အရောင်မညီကွက်ခြင်း၊ အရွက်ပေါ်တွင် ၀ါညိုေ၇ာင်အကွက်များ ဖြစ်ပေါ်နေသည်။ မိုးစိုက်ဝါတွင် ဇူလိုင်၊ သြဂုတ်လများ၌ လည်းကောင်း၊ မိုးနှောင်းစိုက် ၀ါခင်းများတွင် ဇန်န၀ါရီ ၊ ဖေဖော်ဝါရီလများ၌ လည်းကောင်း ဆိုးဝါးစွာ ကျရောက် ဖျက်ဆီးတတ်သည်။ ၀ါသီးနုများ အကြွေများပြီး အထွက်နှုန်း လျော့နည်းစေသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအင်ဒို ၊ ရွှေမာလာ ၊ ရွှေနိုဖော့စ် ၊ ရွှေဆန်းဖော့စ