banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Chilli

ငရုတ် ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

ပျပိုးများ ( Aphid )

အရွက်၏ အောက်မျက်နှာပြင်တွင် အရေအတွက်များစွာ တွေ့ရပြီး သစ်ရည်ကို စုပ်ယူစားသောက်သဖြင့် အရွက်များကုပ်ခြင်း၊ ၀ါခြင်းဖြစ်သည်။ ရွက်သစ်ရွက်နုများတွင် ပို၍တွေ့ရသည်။ ပျသည် ဗိုင်းရပ်စ်ရောဂါများကို သယ်ဆောင်ပေးသော ဖျက်ပိုးဖြစ်သည်။

သတိပြုရန်

အရွက်အောက်မျက်နှာပြင်ရှိ ပျများကို တိုက်ရိုက်ထိအောင်ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဆီတာ ၊ ရွှေမီဒါ ၊ ရွှေနိုဖော့စ် ၊ ရွှေမက်တင် ၊ ရွှေဒိုင်မီ


သီးထိုးယင် ( Oriental Fruit Fly )

ယင်မသည် အသီးပြင်ခွံတွင် ဥအုသည်။ လောက်ကောင်များ အသီးရင်း၌ ၀င်ရောက်စားသောက် ဖျက်ဆီးသဖြင့် ရေနာကွက်ဖြစ်ပြီး ညှိုးပုပ်သည်။ ဘက်တီးရီးယားနှင့် မှိုရောဂါများ ဆက်လက်ဖြစ်ပေါ်လေ့ရှိသည်။ အထွက်နှုန်း ထိခိုက်နိုင်ပါသည်။ မစိုက်မီ ပေါင်းရှင်းမီးရှို့ပါ။ သီးကင်းဝင်ချိန် မတိုင်မီမှ သီးသည်အထိ ပက်ဖျန်း ကာကွယ်ပေးပါ။

သတိပြုရန်

မြေပြင်ချိန်တွင် စူပါဒိုင်ယာဇီနွန် ၁၀ ဂျီ ၊ ရွှေဖျူရမ် ၃ ဂျီ ထည့်ပြီး ထွန်ယက်စိုက်ပျိုးပါ။

သုံးရမည့်ဆေး

တော်နေဒိုး ၊ ရွှေဖန်သရင် ၊ ရွှေနိုဖော့စ် ၊ ရွှေဆီတာ ၊ ရွှေအဆီ ၊ ရွှေမီဒါ


ယင်ဖြူ ( White Fly )

အရွက်အောက် မျက်နှာပြင်တွင် အဖြူရောင် အမှုန့်များနှင့်အတူ အဖြူရောင် ယင်ဖြူများ တွေ့ရသည်။ အစုအဝေးအလိုက် စုပ်ယူစားသောက်သဖြင့် အရွက်များကုပ်ခြင်း၊ ၀ါခြင်း၊ အပင်ပုခြင်း၊ ကျပ်ခိုးမှိုစွဲခြင်း၊ ဗိုင်းရပ်စ်ရောဂါ ကူးစက်စေသဖြင့် အရောင်မညီ ကွက်ကြားများ ဖြစ်ပေါ်စေသည်။

သတိပြုရန်

စတွေ့သည့် အချိန်မှစ၍ ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေမက်တင် ၊ ရွှေမီဒါ ၊ ရွှေဆန်းဖော့စ် ၊ ရွှေဖန်သရင်


ရွက်လိပ်ပိုး ( Leaf Roller )

အရွက်များကို ပိုးချည်မျှင်ဖြင့် ပူးကပ်ချည်နှောင်ပြီး အတွင်းမှနေ၍ အရွက်သားကို ခြစ်ပြီးစားသောက်သည်။ အရွက်သည် အသီးပေါ်သို့ငိုက်ကျလျှင် (သို့မဟုတ်) အသီး(၂)လုံး ပူးကပ်နေလျှင် အသီးအပေါ်သားကို ကုတ်ခြစ် စားသောက်သည်။ အသီးကို ထွင်းဖောက် စားသောက်လေ့မရှိချေ။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဆန်းဖန် ၊ ရွှေဒိုင်မီ ၊ ရွှေဆန်းဖော့စ် ၊ ရွှေမက်တင်


လှေးပိုး ( Thrip )

အကောင်ကြီးများသည် အ၀ါဖျော့မှ အညိုဖျော့ရောင်ရှိသည်။ ပင်ရည်ကို စုပ်ယူစားသောက်သဖြင့် အရွက်များ ကုပ်သွားသည်။ ဗိုင်းရပ်စ်ရောဂါ သယ်ဆောင်ပေးသော ဖျက်ပိုးဖြစ်သည်။ အပင်ငယ်စဉ်မှ ခူးဆွတ်ချိန်အထိ ကျရောက်သည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဆီတာ ၊ ရွှေမီဒါ ၊ ရွှေဒိုင်မီ ၊ ရွှေဖန်သရင် ၊ ရွှေမက်တင်


မွှားပင့်ကူနီ ( Red Spider Mite )

အရွက်အောက် မျက်နှာပြင်မှ ပင်ရည်များကို စုပ်ယူစားသောက်တတ်ပြီး ၎င်းမှစစ်ထုတ်သော တံတွေးတွင်ပါဝင်သော အဆိပ်ကြောင့် အရွက်နားများ ခြောက်၍ကုပ်ခြင်း၊ အရောင်မညီကွက်ခြင်း၊ အရွက်ပေါ်တွင် ၀ါညိုရောင်အကွက်များ ဖြစ်ပေါ်နေသည်။

သုံးရမည့်ဆေး

ရွှေအင်ဒို ၊ ရွှေနိုဖော့စ် ၊ ဆန်နိတော ၊ ရွှေဒိုင်မီ


သီးလုံးဖောက်ပိုး ( Pod Borer )

လောက်ကောင်ငယ်များသည် အသီးကို ထိုးဖောက် စားသောက်သည်။ အများအားဖြင့် အသီးအညှာအနီးမှ ထိုးဖောက်တတ်သည်။ အသီးများပျက်စီး၍ ကြွေကျတတ်သည်။ အပွင့်နှင့် အရွက်တို့တွင်လည်း ကျရောက်နိုင်သည်။ အသီးစိမ်းများ၏ ပွင့်ဖတ်အရင်းမှ ထိုးဖောက် စားသောက်တတ်ပြီး လောက်ကောင်ကို လွယ်ကူစွာ မြင်နိုင်သည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဆန်းဖော့စ် ၊ ရွှေနိုဖော့စ် ၊ ကလပ်စတာ ၊ တော်နေဒိုး ၊ ရွှေဖန်သရင်