banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Cauliflower

ဂေါ်ဖီထုပ်/ပန်းဂေါ်ဖီ ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

စိန်ကွက်ဖလံ ( Diamond Back Moth )

ပျိုးပင်အဆင့်မှ ခုတ်သိမ်းချိန်အထိ ကျရောက်ပြီး ဖျက်ဆီးမှု အများဆုံးဖြစ်သည်။ လောက်ကောင်ငယ်သည် အရွက်၏ အစိမ်းသားများကို ခြစ်၍ စားသောက်ပြီး ကြီးလာပါက အရွက်များကို ဖောက်၍ ကိုက်ဖြတ် စားသောက်သည်။ ပင်စည်ရိုးတံ ၊ အထုပ်နှင့် အပွင့်တို့ကိုလည်း ထွင်းဖောက် စားသောက်သည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ကလပ်စတာ ၊ ရွှေဆန်းတက် ၊ တော်နေးဒိုး ၊ ရွှေဖန်သရင် ၊ ရွှေမက်တင်


ဂေါ်ဖီခေါင်းပိုး

အညွန့်များကို ကိုက်ဖြတ်စားသောက်သဖြင့် ဂေါ်ဖီထုပ်များ အထုပ်မထုပ်နိုင်တော့ဘဲ ပုံပျက်သွားသည်။

သုံးရမည့်ဆေး

ကလပ်စတာ ၊ တော်နေဒိုး ၊ ရွှေဆန်းဖော့စ် ၊ ရွှေဆိုက်ပါ ၊ ရွှေဆန်းတက် ၊ ရွှေမက်တင်


ထွာကောင်စိမ်း ( Semi-Looper)

ပျိုးခင်းတွင် ကျရောက် ဖျက်ဆီးနိုင်သော်လည်း အများအားဖြင့် ထုပ်ချိန် ၊ ပွင့်ချိန်တွင် ကျရောက်တတ်သည်။ အရွက်များ ပေါက်ပြဲ စုတ်ပြတ်နေတတ်သည်။ အထုပ်များ၊ အပွင့်များအတွင်း ထွင်းဖောက် စားသောက်သည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဆန်းဖော့စ် ၊ တော်နေဒိုး ၊ ကလပ်စတာ ၊ ရွှေမက်တင်


ပင်ဖြတ်ပိုး ( Cutworm )

ပျိုးပင်များ ၊ အပင်ငယ်များကို အပင်ခြေမှကိုက်ဖြတ်သည်။ ဂေါ်ဖီထုပ် အတွင်းသို့လည်း ထွင်းဖောက် စားသောက်တတ်သည်။ ပင်ဖြတ်ပိုးကျခဲ့သော အခင်းတွင် နှစ်စဉ်ဆက်တိုက် ပိုးပြန်လည်ကျတတ်ပြီး ပတ်ဝန်းကျင် အခင်းများမှလည်း ကူးစက်နိုင်သည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေဆန်းဖော့စ် ၊ ကလပ်စတာ ၊ ရွှေဖန်သရင်


ငမြှောင်တောင် ( Cutworm )

လောက်ကောင်သည် ပျိုးခင်းအဆင့်မှစ၍ ဆိုးဝါးစွာကျရောက်သည်။ လောက်ကောင်ငယ်များသည် အရွက်စိမ်းပိုင်းများကို စုပြုံခြစ်စားကြသဖြင့် ရွက်လယ်ကြောများသာ ကျန်ရှိပြီး အရွက်များ အစိမ်းရောင်ပျောက်ကာ ဇကာပေါက်ကဲ့သို့ ဖြစ်နေသည်။ လောက်ကောင်ကြီးလာပါက အရွက်များကို ကိုက်ဖြတ် စားသောက်ကြသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ကလပ်စတာ ၊ ရွှေဖန်းဖော့စ် ၊ တော်နေဒိုး ၊ ရွှေဖန်သရင်း


ပျပိုး ( Aphid )

ပိုးမမည်နှင့် အရွယ်ရောက်ကောင်များသည် အရွက်၏ အောက်မျက်နှာပြင်၌ နေထိုင်ပြီး အပင်မှပင်ရည်ကို စုပ်ယူစားသောက်သည်။ ဗိုင်းရပ်စ်ရောဂါ ကို သယ်ဆောင်ပြန့်ပွားစေသည်။

သတိပြုရန်

အရွက်အောက်မျက်နှာပြင်မှ ပျပိုးများကို တိုက်ရိုက်ထိအောင်ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေမာလာ ၊ ရွှေဒိုင်မီ ၊ ရွှေဆီတာ ၊ ရွှေမီဒါ ၊ ရွှေဆန်းဖန် ၊ ရွှေဖန်သို ၊ ရွှေမက်တင်


ရွက်ဖောက်လှေးကျိုင်း ( Flea Beetle )

အရွက်များပေါ်တွင် အပေါက်ငယ်လေးများ ဖြစ်အောင် ကိုက်ဖြတ် စားသောက်သည်။ မြေကြီးထဲတွင်ရှိသော ကျိုင်းကောင်ငယ်လေးများသည် အမြစ်နုများကို စားသောက် ဖျက်ဆီးကြသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအဆီ ၊ တော်နေဒိုး ၊ ရွှေဆန်းဖော့စ် ၊ ရွှေဆိုက်ပါ ၊ ရွှေဖျူရမ် ၃ ဂျီ ၊ ရွှေအင်ဒို ၊ ရွှေဖန်သရင်