banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Insecticides and Characteristics for Betel

ကွမ်း ဖျက်ပိုးများနှင့် ဖျက်ဆီးမှုလက္ခဏာများ

ရွက်ဖောက်ကျိုင်း ( Flea Beetle )

အရွက်တွင် အပေါက်ငယ်ဖြစ်အောင် ကိုက်ဖြတ်ဖျက်ဆီးသည်။ အရွက်တွင် ပုံသဏ္ဍာန်မမှန်သော အပေါက်များ ဖြစ်ပေါ်စေသည်။ ဘက်တီးရီးယား ရွက်ပြောက်ရောဂါကို ကူးစက်စေနိုင်သည်။ နံနက်စောစော ၊ ညနေချိန်များတွင် စားသောက်ဖျက်ဆီးသည်။

သုံးရမည့်ဆေး

ဆန်နိတော ၊ ရွှေအင်ဒို ၊ ရွှေဆန်းတက် ၊ ရွှေဆိုက်ပါ


ပျပိုး ( Aphid )

အပင်၏ နုနယ်သော အစိတ်အပိုင်းများတွင် ကျရောက်လေ့ရှိသည်။ အရွက်၏ အောက်မျက်နှာပြင်မှနေ၍ သစ်ရည်ကို စုပ်ယူစားသောက်သဖြင့် အရွက်များ ကုပ်နေတတ်သည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဆန်းတက် ၊ ရွှေဆီတာ ၊ ရွှေဆန်းဖန် ၊ ရွှေမီဒါ


ဖြုတ်စိမ်း ( Green Leaf Hopper )

အရွက်၏ အောက်မျက်နှာပြင်မှနေ၍ သစ်ရည်ကို စုပ်ယူစားသောက်သည်။ အစိမ်းဖျော့ရောင် အကွက်ငယ်များ တွေ့ရသည်။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဆီတာ ၊ ရွှေဆန်းဖန် ၊ ရွှေမီဒါ


ဖိုးလမင်းကျိုင်း ( White Grub )

ဖိုးလမင်း လောက်ကောင်များသည် မြေကြီးထဲတွင် နေထိုင်၍ အပင်၏ မြေအောက်အစိတ်အပိုင်းအား စားသောက် ဖျက်ဆီးကြသည်။ နွားချေး၊ မြေဆွေး ၊ သဲမြေနှင့် အစိုဓါတ်များသော မြေများတွင် ပိုမိုကျရောက်တတ်သည်။ ကျိုင်းကောင်ဘ၀တွင် အရွက်များအား ကိုက်ဖြတ် စားသောက်သည်။ နွားချေး ၊ မြေဆွေးများအား စစ်ချကာသုံးစွဲပါ။ မစိုက်မီ စိုက်ခင်း ထယ်/ထွန်ရေး လုပ်ထားပေးပါ။

သုံးရမည့်ဆေး

စူပါဒိုင်ယာဇီနွန် ၁၀ ဂျီ ၊ ရွှေဖျူရမ် ၃ ဂျီ