banner

Diseases and Characteristics for Watermelon

ဖရဲ၊ သခွား၊ သခွားမွှေး ရောဂါများနှင့်ရောဂါလက္ခဏာများ

ခါးရိရောဂါ ( Damping Off)

မှိုကြောင့်ဖြစ်သည်။ ပူနွေးစိုစွတ်သောရာသီများတွင် အဖြစ်များသည်။ မျိုးစေ့မှ အပင်ပေါက်ခါစအချိန် ၊ မြေကြီးအစိုဓာတ်များချိန်၌ မြေကြီးနှင့်ထိစပ် ရာ အပင်ခြေတွင် ပျော့ပုပ်၍ သေဆုံးသည်။ စိုက်ခင်းတွင် ကျရောက်ပါက အမြစ်သည် အညိုရောင်ပြောင်းကာ ပုပ်ဆွေးသွားသည်။ မျိုးစေ့လူးနယ် ဆေးသုံးပါ။ မြေဆောင်ရောဂါသတ်ဆေးသုံးပါ။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေနိုကိုးလ်၊ ရွှေဟိုင်းမက် ၊ ရွှေနိုဘယ်လ် ၊ ရွှေဇိုဘင်


ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew)

မှိုကြောင့်ဖြစ်သည်။ အရွက်အပေါ်မျက်နှာပြင်တွင် အ၀ါမှအညိုရောင်ရှိသော အကွက်များတွေ့ရသည်။အ၀ါရောင်အကွက်များတဖြည်းဖြည်းအညိုသို့ ပြောင်းလာသည်။ နောက်ဆုံးတွင် ရောဂါရအရွက်များ တွန့်လိမ်ခြောက်သွေ့ပြီး သေဆုံးသွားမည်။ အဖြူရောင်၊ မီးခိုးရောင်မှိုမျှင်များ ပေါက်ဖွားမှုကို အရွက်အောက်မျက်နှာပြင်တွင် တွေ့ရသည်။ စွတ်စိုသောရာသီဥတုနှင့်တွေ့ကြုံပါက မှိုမျှင်များ မီးခိုးရောင် မှ ခရမ်းရောင်သို့ ပြောင်းလာမည်။ရောဂါ ပြင်းထန်ပါက အရွက်များကြွေပြီး အပင်သေသွားသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေဆိုင်မော၊ ရွှေမီသိုမော့ဖ် ၊ ရွှေကော့ပါး ၊ ရွှေမီဒို ၊ ရွှေဇိုဘင် ၊ ရွှေမက်ဇီ


ဖားဥမှိုရောဂါ (Powdery Mildew)

မှိုကြောင့်ဖြစ်သည်။ မှိုအစုအဝေးကို အရွက်အပေါ်မျက်နှာပြင်၌ စတွေ့ရ၏။ အရွက်၏မျက်နှာပြင် နှစ်ဖက်လုံးနှင့်ပင်စည်ငယ်များတွင် အဖြူ (သို့မဟုတ်) အညိုရောင်အမှုန်များတွေ့ရသည်။ ရောဂါပြင်းထန်လျှင် အရွက်များညှိုးနွမ်းခြင်း၊ တွန့်လိမ်ခြောက်သွေ့ခြင်း၊ သေဆုံးခြင်းများ ဖြစ်နိုင် သည်။ အရွယ်မတိုင်မီ အရွက်ကြွေခြင်း၊ အသီးမှဲ့ခြင်းများ ဖြစ်ပေါ်တတ်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေနိုကိုးလ် ၊ ရွှေဆာလ်ဖာ ၊ ရွှေခရီး ၊ ရွှေနိုဘယ်လ် ၊ ရွှေဇိုဘင်


မှဲ့စွန်းရောဂါ (Anthracnose)

မှိုကြောင့်ဖြစ်သည်။ အပင်၏မြေပေါ်အစိတ်အပိုင်းများအားလုံးတွင် ကျရောက်နိုင်သည်။ အရင့်ဆုံးအရွက်များတွင် နီညိုရောင် အ၀ိုင်းကွက်များ ဦးစွာတွေ့ရပြီး အချို့အကွက်များ၏ အလယ်သားသည် ပေါက်ထွက်နေသည်။ ပင်စည်တွင် အညိုနုမှ အနက်ရောင်အစင်းများ တွေ့ရတတ်သည်။ အသီးတွင် ရေနာကွက်သဏ္ဍာန်စတင်တွေ့ရပြီး အစိမ်းရင့်မှအညိုကိုပြောင်းသွားသည်။ ဒဏ်ရာ၏အလယ်မှ ပန်းရောင်အရည်များစိမ့်ထွက်နေသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေနိုကိုးလ် ၊ ရွှေကာဇူ ၊ ရွှေကော့ပါး ၊ ရွှေဇိုဘင်၊ ရွှေနိုဘယ်လ်


ပင်စည်အစေးထွက်ရောဂါ (Stem Gumosis)

မှိုကြောင့်ဖြစ်သည်။ အစေ့ရွက်နှင့်အရွက်ပေါ်တွင် အညိုကွက်များဖြစ်ပေါ်သည်။ ပင်ခြေနှင့်ပင်စည်တို့တွင်ဖြစ်ပေါ်သော အညိုကွက်သည် နောက် ပိုင်းတွင် အဖြူရောင်သို့ပြောင်းသွားသည်။ ရွက်ရင့်များပေါ်တွင် ရွက်ကြောများ၏ကြား၌ အညိုမှအနက်ရောင်အကွက်များ ဖြစ်ပေါ်သည်။ ပင်စည် အကွဲအကြောင်းမှ အစေးများထွက်သည်။ ပူအိုက်စွတ်စိုသောရာသီ (သို့) စိုက်ခင်းအစိုဓာတ်များချိန်၌ တွေ့ရတတ်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေနိုကိုးလ်၊ ရွှေဆန်ဒို ၊ ရွှေမီသိုမော့ဖ် ၊ ရွှေဆိုင်မော ၊ ရွှေကော့ပါး


ဘက်တီးရီးယားပင်ညှိုးရောဂါ (Bacterial Wilt)

Erwinia ဘက်တီးရီးယားကြောင့်ဖြစ်သည်။ ရောဂါရအပင် အစိမ်းဖျော့ရောင်ဖြစ်လာသည်။ အညွန့်၊ အရွက်များ အောက်သို့ငိုက်ကျပြီး ညှိုးလာ သည်။ ရောဂါရကိုင်း၊ အသီးမှဘက်တီးရီးယားစိမ့်ထွက်ရည်များတွေ့ရသည်။ ကျိုင်းကိုက်သောအပေါက်များမှ ဘက်တီးရီးယားများဝင်နိုင်သည်။ ရွှေဖျူရမ် ၃ ဂျီ (သို့) ရွှေဆန်းဖော့စ်အား မြေပြင်ချိန်တွင် ထည့်သွင်းအသုံးပြုပါ။

သုံးရမည့်ဆေး

ရွှေကာဇူ ၊ ရွှေကော့ပါး


မြစ်ဖုနီမတုတ်ရောဂါ (Root-knot Nematode)

မြစ်ဖုနီမတုတ်ကြောင့်ဖြစ်သည်။ သဲဆန်သောမြေများတွင် အတွေ့များသည်။ အမြစ်များတွင် ပုတီးစေ့ပုံသဏ္ဍာန်ရှိ အရွယ်အစားအမျိုးမျိုးရှိသော အဖုများ တွေ့ရတတ်သည်။ အပင်အားလျော့ပြီး ကြီးထွားမှုနည်းတတ်သည်။ ကာလတစ်ခုတွင် အကိုင်းဖြာထွက်မှုနှေးခြင်း၊ နည်းခြင်းတွေ့ရသည်။ အသီးထွက်လျော့နည်းစေသည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ ကို မြေပြင်ချိန်တွင် ထည့်ပေးပါ။ ရွှေဆန်းဖော့စ် နှင့် ရွှေဆန်းဖန် အား မြေပြင်ဆေးအဖြစ် သုံးနိုင်သည်။


ဘူး/ဖရုံမိုဇိတ်ဗိုင်းရပ်စ်ရောဂါ (Mosaic Virus)

ဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ အပင် (၆)ပတ်သားမှစတင်၍ ရောဂါဝင်သည်။ ရောဂါရအပင်မှ ရွက်နုများ ရောင်မညီကွက်ကြား ဖြစ်ပေါ်လာသည်။ ၎င်းနောက် အရွက်များပုံပျက်ခြင်း၊ အရွက်နားများ ကုပ်ခြင်း၊ အပင်ပုခြင်း တွေ့ရသည်။ တခါတရံ အသီးပေါ်တွင် အစိမ်းရောင်အဖုငယ်များ ဖြစ်ပေါ် ပြီး အသီးပုံပျက်လာသည်။ ပျပိုးမှတဆင့် ဗိုင်းရပ်စ်များကူးစက်သည်။ ပျပိုးတွေ့သည်နှင့်ကာကွယ်နှိမ်နင်းပါ။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေဆီတာ၊ ရွှေမီဒါ ၊ ရွှေဖန်သို