banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Tomato

ခရမ်းချဉ် ရောဂါများနှင့် ရောဂါလက္ခဏာများ

ဖြူစေရီယမ်ညှိုးသေရောဂါ (Fusarium Wilt)

Fusarium မှိုကြောင့်ဖြစ်သည်။ အပင်တစ်ခြမ်းရှိအကိုင်းများ အရွက်ဝါခြင်း ၊ တစ်ရွက်ထဲတွင် တစ်ခြမ်းသာဝါပြီး ရွက်ညှာအောက်သို့ငိုက်ကျကာ တစ်ပင်လုံးညှိုးသေသွားသည်။ ၀ါညှိုးညှိုးခြင်းဖြစ်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေဟိုင်းမက် ၊ ရွှေနိုဘယ်လ်


ခါးရိရောဂါ (Damping Off)

မှိုကြောင့်ဖြစ်သည်။ ပျိုးပင်ငယ်များတွင် အဖြစ်များသည်။ မြေဆောင်ရောဂါဖြစ်၍ အေး၍စွတ်စိုသော ရာသီဥတုအခြေအနေတွင် ပျိုးပင်ငယ်၏ ပင်ခြေပိုင်းမှစတင်ဖြစ်ပြီး ပင်စည်ပိုင်းသို့ ရောဂါပျံ့နှံ့သွားတတ်သည်။ စိုက်ခင်းတွင်ကျရောက်ပါက အမြစ်အညိုရောင်ပြောင်းကာ ပုပ်ဆွေးသွားသည်။

သုံးရမည့်ဆေး

မျိုးစေ့များကို ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေနိုကိုးလ်၊ ရွှေဇိုဘင်၊ ရွှေနိုဘယ်လ်၊ ရွှေဟိုင်းမက် ဆေးဖြင့် လူးနယ်ပြီးမှ ပျိုးထောင်ပါ။


စောပင်နာကျရောဂါ (Early Blight)

Alternaria မှိုကြောင့်ဖြစ်သည်။ ခရမ်းချဉ်အရွက်ရင့်များတွင် သေးငယ်သော ညိုမဲစက်ပြောက်များ ဖြစ်ပေါ်သည်။ မကြာမီ အနာကွက်များ ကြီးလာပြီး ဗဟိုတူစက်ဝိုင်းရစ်များ ပုံသဏ္ဍာန်အရစ်လိုက် ဖြစ်ပေါ်လာသည်။ ရောဂါပြင်းထန်က အရွက်များခြောက်သေသွားသည်။

သုံးရမည့်ဆေး

ရွှေနိုကိုးလ်၊ ရွှေနိုဝင်း ၊ ရွှေဆိုင်မော၊ ရွှေဆန်ဒို ၊ ရွှေနိုဘယ်လ်၊ ရွှေဇိုဘင်


နှောင်းပင်နာကျရောဂါ (လောင်မဲရောဂါ) (Late Blight)

Phytophthora မှိုကြောင့်ဖြစ်သည်။ ရာသီဥတုအခြေအနေပေးပါက အနာကွက်များ ခရမ်းရောင်သို့ပြောင်းပြီး အကွက်ကြီးများ ဖြစ်လာသည်။ မကြာမီ ပင်စည်နှင့်အရွက်များပေါ်တွင် ကြီးမားသော အညိုရောင်၊ အမဲရောင်အနာကွက်လက္ခဏာများ ဖြစ်စေသည်။ တစ်ချိန်တည်း၌ တစ်ပင်လုံး တွင် ကျရောက်ပြီး အပင်သေသည်။ ရောဂါရအခင်းမှအနံ့ဆိုးထွက်သည်။

သုံးရမည့်ဆေး

ရွှေမီသိုမော့ဖ် ၊ ရွှေမီဒို ၊ ရွှေမက်ဇီ ၊ ရွှေဆိုင်မော ၊ ရွှေဆန်ဒို ၊ ရွှေနိုဘယ်လ်


ပွင့်ရင်းပုပ်ရောဂါ (Soft Rot)

မှိုကြောင့်ဖြစ်သည်။ ပွင့်ရင်းဖြစ်သော ခရမ်းချဉ်သီး၏ ထိပ်ဖျားပိုင်းပုပ်လာခြင်းဖြစ်သည်။ အသီးစိမ်းများ၏ထိပ်ပိုင်းတွင် အညိုရောင်စတင်ဖြစ်ပေါ်ပြီး တဖြည်းဖြည်းအရောင်ရင့်လာသည်။ တစ်ခါတစ်ရံ ၎င်းနေရာ၌ မှိုမဲများ စွဲကပ်နေသည်ကို တွေ့မြင်ရသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေဆိုင်မော ၊ ရွှေနိုကိုးလ် ၊ ရွှေကာဇူ ၊ ရွှေကော့ပါး


ဘက်တီးရီးယားပင်ညှိုးရောဂါ (Bacterial Wilt)

Pseudomonas ဘက်တီးရီးယားကြောင့်ဖြစ်သည်။ ထိပ်ဖျားပိုင်းအရွက်များစတင်ပျော့အိလာသည်။ (၂-၃)ရက်အတွင်း အရွက်များမခြောက်ဘဲ စိမ်းပြီး ငိုက်ကျကာ အပင်ညှိုးလာနိုင်သည်။ ကွက်ကြား (သို့မဟုတ်) တစ်ခင်းလုံးရောဂါကျနိုင်သည်။ စိမ်းညှိုးညှိုးခြင်းဖြစ်သည်။ ပင်စည်ကိုခွဲကြည့် လျှင် အတွင်းသား အ၀ါမှအညိုရောင်သို့ ပြောင်းနေတတ်သည်။ မျိုးစေ့လူးနယ်ဆေးသုံးခြင်း၊ စိုက်ခင်းပင်ခြေဆေးဖျန်းခြင်းဖြင့် ကြိုတင်ကာကွယ်ပါ။

သုံးရမည့်ဆေး

ရွှေကာဇူ ၊ ရွှေကော့ပါး


မြစ်ဖုနီမတုတ်ရောဂါ (Root-knot Nematode)

Meloidogyne မြစ်ဖုနီမတုတ်ကြောင့် ဖြစ်သည်။ အပင်ပုပြီးညှိုးလာသည်။ နှုတ်ကြည့်ပါက အမြစ်များ၌ ပုတီးစေ့သဖွယ် အဖုများစွာကို တွေ့ရသည်။

သုံးရမည့်ဆေး

မြေပြင်ချိန်တွင် ရွှေဖျူရမ် ၃ ဂျီ မြေခံထည့်ပါ။ (သို့) ရွှေဆန်းဖန် ဖျန်းပြီးမှ စိုက်ပါ။