banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Sesame

နှမ်း ရောဂါများနှင့် ရောဂါလက္ခဏာများ

နှမ်းရိုးမဲရောဂါ (Black Stem)

မှိုကြောင့်ဖြစ်သည်။ ရေ၀ပ်သော မိုးစိုက်နှမ်းခင်းများတွင် ကျရောက်သည်။ နှမ်းပင်အရင်းပိုင်းတွင် အညို၊ အမဲရောင်အနာချိုင့်ဖြစ်လာသည်။ အနာမျက်နှာပြင်၌ သေးငယ်သော အမည်းရောင်အဖုများဖြစ်ပေါ်သည်။ အခေါက်များ ကွာလန်လာသည်။ အပင်အပေါ်ပိုင်း အ၀ါရောင်ပြောင်းကာ ညှိုးလာသည်။ နောက်ဆုံးတစ်ပင်လုံးမဲခြောက်၍ သေသွားသည်။ နှမ်းရိုးကို ခွဲကြည့်လျှင်အတွင်း၌ မှိုမျှင်များ အစုအဝေးလိုက်တွေ့ရတတ်သည်။ အထွက်နှုန်းထိခိုက်သည်အထိ ကျရောက်တတ်သည်။
သတိပြုရန် – အပင်ခြေ ရေမ၀ပ်စေရန် ဂရုစိုက်ပါ။

သုံးရမည့်ဆေး

ရွှေခရီး ၊ ရွှေဆန်ဒို ၊ ရွှေနိုကိုးလ်၊ ရွှေဆိုင်မော ဆေးတစ်မျိုးမျိုးကို အညွှန်းပါနှုန်းထားအတိုင်း ထည့်ဖျော်ပြီး (၇) ရက်တစ်ကြိမ် ဖျန်းပါ။


ပင်နာကျရောဂါ (Phytophthora Blight)

Phytophthora မှိုကြောင့်ဖြစ်သည်။ အရွက်ပေါ်တွင် ရေနာကွက်များ စတင်ဖြစ်ပေါ်လာပြီး အညိုရောင်မှအနက်ရောင်ပြောင်းလာသည်။ ပင်စည်အရင်းပိုင်းတွင် အနက်ရောင်အနာကွက်များရှိသည်။ အသီးတင်မှုကျဆင်းပြီး နှမ်းစေ့များလိမ်ခြောက်၍ ညိုမဲသွားတတ်သည်။ ရောဂါ ဖြစ်စေသောမှိုသည် မြေထဲတွင် တစ်နှစ်အထိ ရှင်သန်နေနိုင်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေနိုကိုးလ်၊ ရွှေဆိုင်မော နှင့် ရွှေမီဒို ဆေးတစ်မျိုးမျိုးကို အညွှန်းပါနှုန်းထားအတိုင်း ထည့်ဖျော်ပြီး (၇-၁၀)ရက်တစ်ကြိမ် ဖျန်းပါ။


ပင်ညှိုးရောဂါ (Fusarium Wilt)

Fusarium မှိုကြောင့်ဖြစ်သည်။ နှမ်းပင်၏ဘေးကိုင်းတစ်ကိုင်းမှစတင်ညှိုးလာသည်။ အရွက်များဝါ၍ ငိုက်ကျလာပြီး တစ်ပင်လုံးညှိုးနွမ်းသွားသည်။ ရောဂါရအပင်ကို နုတ်ကြည့်လိုက်လျှင် အမြစ်အချို့ (သို့) အမြစ်အားလုံး ပုပ်ဆွေးနေသည်ကို တွေ့ရသည်။ မြေဆောင်မှိုရောဂါဖြစ်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေမီဒို ၊ ရွှေဟိုင်းမက်၊ ရွှေဇိုဘင် ၊ ရွှေနိုဘယ်လ်


ဖားဥမှိုရောဂါ (Powdery Mildew)

မှိုကြောင့်ဖြစ်သည်။ အရွက်ရင့်များတွင် စတင်ကျရောက်သည်။ အရွက်မျက်နှာပြင်တွင် ပေါင်ဒါမှုန့်ဖြူးထားသကဲ့သို့ အဖြူရောင်မှိုမျှင်များကို တွေ့ရ သည်။ ရောဂါပြင်းထန်ပါက အရွက်များဝါညိုလာပြီး ကြွေကျသွားသည်။ အသီး၊ အစေ့များ ပုံပျက်သေးငယ်ကာ အထွက်နှုန်းနှင့်အရည်အသွေး ကျဆင်းစေသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေခရီး ၊ ရွှေဆန်ဒို ၊ ရွှေမီသိုမော့ဖ် ဆေးတစ်မျိုးမျိုးကို အညွှန်းပါနှုန်းထားအတိုင်း ထည့်ဖျော်ပြီး (၇) ရက်တစ်ကြိမ်ဖျန်းပါ။


နှမ်းရိုးပြောက်ရောဂါ (Target Spot)

မှိုကြောင့်ဖြစ်သည်။ ပင်စည်နှင့်အမြစ်များပေါ်တွင် နီညိုရောင်အကွက်များ တွေ့ရသည်။ တစ်ခါတရံ အရွက်များပေါ်တွင် အပေါက်ဝိုင်းများဖြစ်ပြီး ကြွေကျသည်။ ပင်စည်၊ ရိုးတံနှင့်အသီးပေါ်တွင် အညိုရောင်မှ အနက်ရောင်အကွက်ကြီးများ ဖြစ်ပေါ်တတ်သည်။ မျိုးစေ့ဆောင် ၊ လေဆောင်မှို ရောဂါဖြစ်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေနိုကိုးလ် ၊ ရွှေဆိုင်မော ၊ ရွှေမီဒို


နှမ်းဖိုရောဂါ (Sesamum Phyllody)

Mycoplasma သက်ရှိကြောင့်ဖြစ်သည်။ အရွက်များသေးငယ်ခြင်း ၊ ဆစ်ကြားတိုခြင်း ၊ အစိမ်းရောင်အပွင့်များ ဖြစ်ပေါ်ခြင်းတို့ကြောင့် နှမ်းပင်၏ ထိပ်ဖျားပိုင်း အဆုပ်လိုက်ဖြစ်နေတတ်သည်။ ဖြုတ်ညိုဖြင့် ကူးစက်နိုင်သော ရောဂါဖြစ်သည်။ ဖြုတ်မကျစေရန် ပိုးသတ်ဆေးသုံးပါ။

သုံးရမည့်ဆေး

ရောဂါသယ်ဆောင်ပြန့်ပွားစေသော ဖြုတ်ညို ကို နှိမ်နင်းရန် ရွှေမီဒါ ၊ ရွှေဆီတာ၊ ရွှေဆန်းတက် ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ဆေးများကို သုံးပါ။


ဘက်တီးရီးယားရွက်ပြောက်ရောဂါ (Bacterial Leaf Spot)

Pseudomonas ဘက်တီးရီးယားကြောင့်ဖြစ်သည်။ အရွက်ပေါ်တွင် ခရမ်းရောင်အနားရှိပြီး အညိုဖျော့ရောင်ဒေါင့်ကွက်အပြောက်များ စတွေ့ရ သည်။ ကွက်ပြောက်များပေါင်းစပ်မိပါက ညိုနက်ရောင် မှ ခရမ်းရောင်သို့ ပြောင်းသွားသည်။ ရောဂါရပင်၏ သီးတောင့်များပေါ်တွင် ခရမ်းရောင် ချိုင့်ကွက်များ တွေ့ရသည်။

သုံးရမည့်ဆေး

ရွှေကော့ပါး ၊ ရွှေကာဇူ