banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Rice

စပါး ရောဂါများနှင့် ရောဂါလက္ခဏာများ

ဂုတ်ကျိုးရောဂါ ( Blast )

မှိုကြောင့်ဖြစ်သည်။ ပျိုးခင်းကတည်းက ရောဂါစတင်ဖြစ်ပေါ်သည်။ စပါးရွက်တွင် လွန်းပုံ၊ မျက်လုံးပုံသဏ္ဍာန်ရှိသော ရောဂါကွက်များ တွေ့ရသည်။ ရောဂါကွက်များ၏အလယ်တွင် မီးခိုးရောင်ဖြစ်ပေါ်တတ်ပြီး အနားသတ်ညိုနေသည်။ ရောဂါပြင်းထန်ပါက အကွက်တစ်ခုနှင့်တစ်ခု ဆက်သွားပြီး စပါးရွက်များသေသွားတတ်သည်။ ပင်စည်၏အဆစ်များ ညိုမည်းရောင်ပြောင်းပြီး ကျိုးကျလွယ်သည်။ အနှံဂုတ်ပေါ်တွင် ရောဂါဝင်ရောက်ပါက ညိုမင်းရောင်အကွက်များဖြစ်ပေါ်လာပြီး ဂုတ်ကျိုးကျသွားတတ်သည်။ မျိုးစေ့များ၌ မှိုများကပ်ပါလာနိုင်သည်။ စပါးနှံတွင်လည်း ရောဂါကျရောက်သည်။

သုံးရမည့်ဆေး

ရွှေကာဇူ ၊ ရွှေနိုဝင်း၊ ရွှေဆန်ဒို ၊ ရွှေကော့ပါး


ရွက်ညိုပြောက်ရောဂါ ( Brown Leaf Spot )

မှိုကြောင့်ဖြစ်သည်။ ရောဂါလက္ခဏာကို အရွက်နှင့်အစေ့ပေါ်တွင် အဓိကတွေ့ရသော်လည်း ရွက်ဖုံး၊ အနှံခက်ပေါ်တွင်လည်း တွေ့ရသည်။ အရွက်ပေါ်တွင် အစက်ငယ်မှနှမ်းစေ့အရွယ် (တစ်ခါတစ်ရံ ၁-စင်တီမီတာအရွယ်)ထိရှိသော ဘဲဥပုံအညိုရောင်အပြောက်များ ညီညာစွာပြန့်ကျဲနေသည်။ ရောဂါပြင်းထန်ပါက အကွက်များတစ်ခုနှင့်တစ်ခုဆက်သွားပြီး အညိုရောင်အနားရစ်နှင့်မီးခိုးရောင်ဗဟိုရှိသော ကွက်ပြောက်များ ဖြစ်လာသည်။ အရွက်ခြောက်သေသွားသည်။ အစေ့ခွံပေါ်၌ အနက်ရောင်၊ အညိုရင့်ရောင်အစက်အပြောက်များ ဖြစ်ပေါ်သည်။ ထိုမှတဆင့် ဆန်စေ့အထိ အမည်း ပြောက်များ ဖြစ်ပေါ်ပြီး အရောင်ပျက်သွားသည်။

သုံးရမည့်ဆေး

ရွှေနိုဘယ်လ်၊ ရွှေမီသိုမော့ဖ်၊ ရွှေဆန်ဒို ၊ ရွှေကော့ပါး


ရွက်ဖုံးခြောက်ရောဂါ ( Sheath Blight )

မှိုကြောင့်ဖြစ်သည်။ ရောဂါအနာကွက်သည် ရေမျက်နှာပြင်အထက်နား ရွက်ဖုံးမှစတင်ဖြစ်ပေါ်သည်။ အထူးသဖြင့် ရွက်ဖုံးပေါ်တွင် ရောဂါအနာကွက် သည် စိမ်းညိုရောင်ရှိသည့် ဘဲဥပုံအကွက်စတင်ဖြစ်ပေါ်သည်။ ရောဂါကွက်ပြောက်များ လျင်မြန်စွာကျယ်ပြန့်လာပြီး ညိုနက်ရောင်အနားရှိသော မီးခိုးရောင်အနာကွက်များဖြစ်လာသည်။ အနာကွက်များပေါင်းစပ်ပြီး မြွေပွေးကွက်ကဲ့သို့ ပုံမမှန်အကွက်ကြီးများဖြစ်ပေါ်သည်။ရောဂါပြင်းထန်ပါက အနာကွက်ပေါ်တွင် အဖြူ/အမည်းမှိုလုံးများ တွေ့ရသည်။ ရွက်ဖုံးပေါ်တွင် ရောဂါပြင်းထန်ပါက ရွက်ပြားများဝါလာသည်။ ထို့အပြင် ရွက်ဖုံးများ ခြောက်သွားပြီး အရွက်နှင့်ပင်စည်ပေါ်သို့ ကူးသွားကာ အစေ့အဆံအဖျင်း များစေသည်။

သုံးရမည့်ဆေး

ရွှေနိုကိုးလ်၊ ရွှေနိုဝင်း၊ ရွှေနိုဘယ်လ်၊ ရွှေကာဇူ၊ ရွှေကော့ပါး၊ ရွှေဇိုဘင်


ရွက်ဖုံးပုပ်ရောဂါ ( Sheath Rot )

မှိုကြောင့်ဖြစ်သည်။ အလံရွက်၏ရွက်ဖုံးပေါ်တွင် လုံးရှည်ပုံ/ပုံမမှန်သော အညိုရောင်အနားရစ်ရှိသော မီးခိုးရောင်အနာကွက်များဖြစ်ပေါ်သည်။ အနာကွက်များ ပေါင်းစပ်ပြီး ရွက်ဖုံးတစ်ခုလုံး ဖုံးအုပ်သွားနိုင်သည်။ ရောဂါပြင်းထန်လျှင် အနှံမထွက်နိုင်ဘဲ တစ်လစ်ဖြစ်နေသည်။ ရောဂါရရွက်ဖုံး၏ အတွင်းဘက်တွင် ဖြူဖွေးသောမှိုတွေ့ရှိနိုင်ပြီး အနှံပုပ်နေတတ်သည်။ အစေ့အဆံ အပြည့်အ၀မတည်ခြင်း၊ အနှံလုံးဝမထွက်ဘဲ ပုပ်နေခြင်းကြောင့် အထွက်နှုန်းသိသိသာသာ လျော့နည်းစေသည်။

သုံးရမည့်ဆေး

ရွှေနိုဘယ်လ် ၊ ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေကော့ပါး


ပင်စည်ပုပ်ရောဂါ (Stem Rot)

မှိုကြောင့်ဖြစ်သည်။ ပင်စည်ပုပ်ရောဂါကို အပင်ကြီးထွားမှုနောက်ပိုင်းတွင် တွေ့ရသည်။ ရေမျက်နှာပြင်နှင့်ထိစပ်နေသောနေရာ၌ အမည်းရောင် အနာကွက်များဖြစ်ပေါ်သည်။ ရွက်ဖုံးမှတဆင့် ပင်စည်သို့ရောဂါကူးစက်ပြီး ပင်စည်တွင် ညိုမဲရောင်အနာကွက်များ ဖြစ်ပေါ်လာ၍ အဆစ်ကြား တစ်ခုနှစ်ခုပျော့ပုပ်လာကာ ပင်စည်ယိုင်လဲသွားသည်။ ပင်စည်အတွင်းခေါင်း၌ မှိုမျှင်များ၊ အမည်းရောင်မှိုလုံးများ တွေ့ရသည်။ အပင်သက်တမ်း ရင့်လာသည်နှင့်အမျှ ရောဂါပိုမိုပြင်းထန်လာသည်။

သုံးရမည့်ဆေး

ရွှေကာဇူ ၊ ရွှေဟိုင်းမက် ၊ ရွှေနိုဘယ်လ်


ဘက်တီးရီးယားရွက်ခြောက်ရောဂါ ( Bacterial Leaf Blight )

ဘက်တီးရီးယားကြောင့်ဖြစ်သည်။ ပျိုးခင်း/စိုက်ခင်းနှစ်မျိုးလုံးတွင် ရောဂါကျတတ်သည်။ ရောဂါလက္ခဏာကို အရွက်ပေါ်တွင် နေရာမရွေးတွေ့နိုင် သော်လည်း အများအားဖြင့် အရွက်ဖျားနှင့်ရွက်နားပိုင်းတွင် စတင်တွေ့ရတတ်သည်။ ရေစိုနာအစင်းတန်းစတင်ဖြစ်ပေါ်ပြီး တဖြည်းဖြည်းကျယ်ပြန့် လာသည်။ ဖြစ်စတွင် စိမ်းဖျော့ဖျော့မှ စိမ်းမွဲမွဲရောင်ရှိပြီး (၁ – ၂)ရက်ကြာပါက အ၀ါရောင်/ကောက်ရိုးခြောက်ရောင်သို့ ပြောင်းသွားသည်။ ၎င်းနောက် ဖြူဖွေးသောအရောင်သို့ပြောင်းသွားသည်။ ရောဂါရအကွက်အနားများ မညီညာဘဲ လှိုင်းတွန့်ပုံရှိနေတတ်သည်။ ရောဂါပြင်းထန်ပါက အရွက်များခြောက်သွားသည်။ နံနက်စောစော၌ ရောဂါနုသောအပိုင်းမှဘက်တီးရီးယားစိမ့်ထွက်ရည်များထွက်ပြီး နေပွင့်လာပါက ခြောက်သွားကာ ပယင်းရောင်အလုံးကလေးများအဖြစ် ပြောင်းသွားသည်။

သုံးရမည့်ဆေး

ရွှေကာဇူ ၊ ရွှေကော့ပါး


ဘက်တီးရီးယားရွက်စင်းရောဂါ ( Bacterial Leaf )

ဘက်တီးရီးယားကြောင့်ဖြစ်သည်။ အရွက်ပေါ်တွင် ကျဉ်းမြောင်းသော အလင်းရောင်ဖောက်နိုင်သည့် အစင်းတန်းများဖြစ်ပေါ်သည်။ ဖြစ်စ၌ ရေစိုနာ အတန်းများဖြစ်ပေါ်ပြီး နောက်ပိုင်း အ၀ါရောင်/လိမ္မော်ရောင်သို့ ပြောင်းသွားသည်။ အစင်းတန်းများသည် အရွက်၏အကြောများကြားတွင် ဖြစ်ပေါ်သည်။

သုံးရမည့်ဆေး

ရွှေကော့ပါး ၊ ရွှေကာဇူ


ယူဖရာရောဂါ ( Ufra )

နီမတုတ်ကြောင့်ဖြစ်သည်။ ပျိုးခင်း/စိုက်ခင်းနှစ်ခုလုံးတွင် ကျရောက်နိုင်သည်။ အရွက်နုများ၏ အခြေတွင် သေးငယ်သော အဖြူရောင်အစက် အပြောက်များ ပြန့်ကျဲဖြစ်ပေါ်သည်။ ရောဂါပြင်းထန်ပါက အညိုရောင်အစက်ပြောက်များအဖြစ် ပြောင်းသွားသည်။ အရွက်များတွန့်လိမ်ကောက်ကွေး ခြင်း၊ ပုံမမှန်ပင်ပွားများထွက်ခြင်းတွေ့ရသည်။ အနှံထွက်ချိန်၌ အနှံသေးငယ်ပြီး အနှံနှင့်အောက်ရွက်များ ကောက်ကွေးခြင်း၊ တစ်ခါတရံ အနှံမထွက် နိုင်ဘဲ တစ်လစ်ဖြစ်နေခြင်းများ တွေ့ရသည်။ ရောဂါဆိုးဝါးပါက အခင်းတစ်ခုလုံး မီးလောင်ကျွမ်းသကဲ့သို့ ခြောက်သွားသည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ


ရွက်ထိပ်ဖြူရောဂါ ( White Tip )

နီမတုတ်ကြောင့်ဖြစ်သည်။ မျိုးစေ့ဆောင်ရောဂါဖြစ်သည်။ ရောဂါပါလာသော မျိုးစေ့စိုက်မိပါက အရွက်၏ထိပ်ဖျား (၃-၅)စင်တီမီတာခန့်နေရာတွင် ဖြူပြီး တွန့်လိမ်ကောက်ကွေးသွားသည်။ အရွက်ထိပ်ဖျားသည် ကြာပွတ်သဏ္ဍာန်ဖြစ်သွားသည်။ အလံရွက်များလည်း နီမတုတ်တိုက်ခိုက်သဖြင့် ရှုံ့တွတွန့်လိမ်ကောက်ကွေးပြီး အနှံမထွက်နိုင်ဖြစ်သွားတတ်သည်။ အနှံထွက်ပါကလည်း အစေ့များ အဆံမအောင်ဖြစ်တတ်သည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ၊ ရွှေကော့ပါး


မြစ်ဖုနီမတုတ်ရောဂါ ( Root-knot Nematode )

နီမတုတ်ကြောင့်ဖြစ်သည်။ ပျိုးခင်း/စိုက်ခင်းနှစ်ခုလုံးတွင် ဖြစ်နိုင်သည်။ စပါးပင်၏ အမြစ်များတွင် သေးငယ်သောအဖုများ ဖြစ်ပေါ်သည်။ အမြစ် ထိပ်ဖျား၌ လွန်းပုံ၊ လုံးရှည်ပုံ အဖုငယ်များ ဖြစ်ပေါ်ပြီး ငါးမျှားချိတ်သဖွယ် ကွေးသွားသည်။ အပင်ပုခြင်း၊ အရွက်ဝါခြင်း၊ အနှံမအောင်ခြင်းတို့ ဖြစ် တတ်သည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ


မြစ်ပုပ်နီမတုတ်ရောဂါ ( Root-rot Nematode )

နီမတုတ်ကြောင့်ဖြစ်သည်။ ပျိုးခင်း/စိုက်ခင်းနှစ်ခုလုံးတွင် ကျရောက်နိုင်သည်။ မြေပေါ်ပိုင်းလက္ခဏာအနေဖြင့် အရွက်ထိပ်ဖျား နီဝါရောင်ဖြစ်လာ သည်။ အစပိုင်းတွင် ကွက်ကျားကျရောက်ပြီး ရောဂါပြင်းထန်ပါက တစ်ခင်းလုံးကျရောက်သည်။ အပင်ပုခြင်း၊ အနှံမအောင်ခြင်း တွေ့ရသည်။ ရောဂါကျအပင်ကို နှုတ်ကြည့်ပါက အလွယ်တကူကျွတ်ပါလာသည်။ ရောဂါဖြစ်စ၌ အမြစ်များသံချေးရောင်တွေ့ရပြီး နောက်ပိုင်းတွင် အမည်းရောင် ပြောင်းကာ ပုပ်လာသည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ


မြစ်ပုပ်နီမတုတ်ရောဂါ ( Root-rot Nematode )

နီမတုတ်ကြောင့်ဖြစ်သည်။ ပျိုးခင်း/စိုက်ခင်းနှစ်ခုလုံးတွင် ကျရောက်နိုင်သည်။ မြေပေါ်ပိုင်းလက္ခဏာအနေဖြင့် အရွက်ထိပ်ဖျား နီဝါရောင်ဖြစ်လာ သည်။ အစပိုင်းတွင် ကွက်ကျားကျရောက်ပြီး ရောဂါပြင်းထန်ပါက တစ်ခင်းလုံးကျရောက်သည်။ အပင်ပုခြင်း၊ အနှံမအောင်ခြင်း တွေ့ရသည်။ ရောဂါကျအပင်ကို နှုတ်ကြည့်ပါက အလွယ်တကူကျွတ်ပါလာသည်။ ရောဂါဖြစ်စ၌ အမြစ်များသံချေးရောင်တွေ့ရပြီး နောက်ပိုင်းတွင် အမည်းရောင် ပြောင်းကာ ပုပ်လာသည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ