banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Potato

အာလူး ရောဂါများနှင့် ရောဂါလက္ခဏာများ

စောပင်နာကျရောဂါ (Early Blight)

မှိုကြောင့်ဖြစ်သည်။ အောက်ရွက်များ၏ ရွက်ကြောများကြားတွင် အညိုရောင်ကွက်ပြောက်များဖြစ်ပေါ်ပြီး စက်ဝိုင်းရစ်ကွင်းများ ဖြစ်ပေါ်သည်။ အပင်၏ အရွက်များဝါ၍ကြွေကျပြီး အရွယ်မတိုင်မီ သေဆုံးတတ်သည်။ ပင်စည်မှအာလူးဥသို့ကူးစက်ပါက ဥတွင်အနက်ရောင်အနာချိုင့်များ ဖြစ်ပေါ်သည်။

သုံးရမည့်ဆေး

ရွှေဆန်ဒို ၊ ရွှေနိုဝင်း ၊ ရွှေနိုကိုးလ်၊ ရွှေနိုဘယ်လ် ၊ ရွှေကော့ပါး၊ ရွှေဇိုဘင် ၊ ရွှေခရီး


နှောင်းပင်နာကျရောဂါ/လောင်မဲရောဂါ (Late Blight)

မှိုကြောင့်ဖြစ်သည်။ အရွက်ပေါ်တွင် ရေနာကွက်များ စတင်တွေ့ရပြီး ခြောက်သွေ့သောအချိန်တွင် အညိုရောင်သို၎င်း၊ စွတ်စိုသောအချိန်တွင် ခရမ်းနက်ရောင်သို့၎င်း၊ ရက်အနည်းငယ်အတွင်း ပြောင်းသွားသည်။ အစိမ်းဖျော့ရောင် အနားရစ်ပါရှိသည်။ နံနက်စောစောတွင် အရွက်၏အောက် မျက်နှာပြင်ကိုကြည့်လျှင် အဖြူရောင်မှိုမျှင်နှင့်စပိုးမှုန်များ တွေ့ရသည်။ ပင်စည်၊ ရိုးညှာနှင့်အာလူးဥများအထိ ရောဂါကူးစက်နိုင်သည်။ အချိန်မီ ကာကွယ်ပါ။ မိုးရာသီမိုးစွေသောကာလများတွင် အဖြစ်များသည်။

သုံးရမည့်ဆေး

ရွှေဆန်းကို၊ ရွှေဆန်ဒို ဆေးတစ်မျိုးကို ရေ (၁) ဂါလန် တွင် (၁၀-၁၅) ဂရမ်နှုန်း ထည့်ဖျော်ပြီး (၇) ရက်တစ်ကြိမ်ဖျန်းပါ။


ဖားဥမှိုရောဂါ (Powdery Mildew)

မှိုကြောင့်ဖြစ်သည်။ အရွက်ရင့်များတွင် စတင်ကျရောက်သည်။ အရွက်မျက်နှာပြင်တွင် ပေါင်ဒါမှုန့်ဖြူးထားသကဲ့သို့ အဖြူရောင်မှိုမျှင်များကို တွေ့ရသည်။ ရောဂါပြင်းထန်ပါက အရွက်များဝါညိုလာပြီး ကြွေကျသွားသည်။ အာလူးဥများ ပုံပျက်သေးငယ်ကာ အထွက်နှုန်းနှင့်အရည်အသွေး ကျဆင်းစေသည်။

သုံးရမည့်ဆေး

ရွှေဆန်ဒို ၊ ရွှေနိုဝင်း ဆေးတစ်မျိုးကို ရေ (၁) ဂါလန်တွင် (၇-၁၀) ဂရမ်နှုန်း ထည့်ဖျော်ပြီး (၇) ရက်တစ်ကြိမ်ဖျန်းပါ။


ဘက်တီးရီးယားပင်ညှိုးရောဂါ/လောင်ဖြူရောဂါ (Bacterial Wilt)

ဘက်တီးရီးယားကြောင့်ဖြစ်သည်။ ရောဂါကျအပင်များ တစ်ခြမ်းညှိုးခြင်း၊ တစ်ပင်လုံးညှိုးခြင်းများ ဖြစ်သည်။ အရွက်များစိမ်းပြီး စိမ်းညှိုးညှိုးခြင်း ဖြစ်သည်။ ရောဂါကျအပင်မှ အရွက်များအောက်ဖက်သို့ငိုက်ကျသည်။ တစ်ခါတရံ မြစ်ဖုနီမတုတ်ရောဂါနှင့်တွဲကျနိုင်သည်။

သုံးရမည့်ဆေး

ရွှေကာဇူ ၊ ရွှေကော့ပါး ၊ ရွှေဖျူရမ် ၃ ဂျီ


မြစ်ဖုရောဂါ (Root-knot)

မြစ်ဖုနီမတုတ်ကြောင့်ဖြစ်သည်။ အပင်များပုပြီးညှိုးကျလာသည်။ နှုတ်ကြည့်ပါက အမြစ်၌ ပုတီးစေ့သဖွယ်အဖုများ ဖြစ်ပေါ်သည်။ အာလူးဥမျက်နှာ ပြင်တွင်လည်း ကြွက်နို့ကဲ့သို့ မညီမညာ အဖုများ ဖြစ်ပေါ်သည်။ တစ်ခါတရံ ဘက်တီးရီးယား ပင်ညှိုးရောဂါ နှင့် တွဲကျနိုင်သည်။

သုံးရမည့်ဆေး

ရွှေကာဇူ ၊ ရွှေကော့ပါး ၊ ရွှေဖျူရမ် ၃ ဂျီ


မိုဇိတ်ဗိုင်းရပ်စ်ရောဂါ (Mosaic Virus)

အရွက်များတွင် အရောင်မညီကွက်ကြားဖြစ်ခြင်း၊ ၀ါ၍ပုခြင်း၊ အရွက်များတွန့်လိမ်နေခြင်း၊ အရွက်ပုံသဏ္ဍာန်မမှန်ဘဲ အပင်ပုနေတတ်သည်။ ဥများမှာလည်း ပုံပျက်ခြင်း တွေ့ရတတ်သည်။ စုပ်စားပိုးများမှတဆင့် ကူးစက်စေသဖြင့် အထူးကြိုတင်ကာကွယ်မှသာ ထိရောက်သည်။ စုပ်စားပိုးလက္ခဏာ စတွေ့သည်နှင့် ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ရောဂါသယ်ဆောင်သော ပျပိုးကိုနှိမ်နင်းရန် ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေမာလာ ဆေးတစ်မျိုးမျိုးကိုသုံးပါ။