banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Peanut

မြေပဲ ရောဂါများနှင့် ရောဂါလက္ခဏာများ

ရွက်ပြောက်ရောဂါ (Leaf Spot)

မှိုကြောင့်ဖြစ်သည်။ အရွက်ပေါ်တွင် သေးငယ်သော အညိုရောင်အကွက်များ စတင်တွေ့ရသည်။ ရောဂါရင့်လာသောအခါ အညိုရင့်ရောင်သို့ ပြောင်းသွားပြီး ရောဂါကွက်များကြီးထွားလာသည်။ အညိုရင့်ရောင်ရှိပြီး အ၀ါရောင်အနားကွပ်ရှိသည့် ရောဂါကွက်များကို တွေ့ရသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း၊ ရွှေဆန်ဒို ၊ ရွှေမီသိုမော့ဖ် ၊ ရွှေနိုကိုးလ် ၊ ရွှေနိုဘယ်လ် ၊ ရွှေဇိုဘင်


ပင်စည်ပုပ်ရောဂါ (Stem Rot)

မှိုကြောင့်ဖြစ်သည်။ ပင်စည်တွင် အဓိကကျလေ့ရှိသည်။ ဘေးကိုင်းများ ၀ါခြင်း၊ ညှိုးခြင်းများ တွေ့ရသည်။ မြေပြင်နှင့်နီးစပ်သော ပင်စည်ပတ်လည် တွင် အဖြူရောင်မှိုမျှင်များဖုံးနေပြီး ဖွာနေသည်။ တစ်ပင်လုံးသေနိုင်သော်လည်း တစ်ခါတရံ နှစ်ကိုင်းသုံးကိုင်းသာ သေသည်။ မြေပဲစွယ်၊ အတောင့်၊ အမြစ်တို့တွင်လည်း ရောဂါကျရောက်နိုင်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း၊ ရွှေဆိုင်မော၊ ရွှေကာဇူ ၊ ရွှေဟိုင်းမက် ၊ ရွှေဇိုဘင်၊ ရွှေနိုဘယ်လ်


ပင်ခြေပုပ်ရောဂါ (Collar Rot)

Aspergillus မှိုကြောင့်ဖြစ်သည်။ အပင်မပေါက်မီ မျိုးစေ့ပုပ်ခြင်း၊ အပင်ပေါက်ခြင်း၊ သေဆုံးခြင်း ဖြစ်သည်။ မြေကြီးနှင့်ထိစပ်သော ရောဂါရပင်စည် အရင်းပိုင်းနှင့်အတောင့်တို့တွင် အမည်းရောင်မှိုအစုအဝေးများ တွေ့ရသည်။ အပင်ကြီး၏မြေအောက်ကပ်နေသော ပင်စည်၌ အနာကွက်များဖြစ်ပြီး အကိုင်းထိပျံ့နှံ့စေသည်။ ပင်စည်ရင်းတစ်ခုလုံးတွင် မည်းနက်ပြီး ဖွာနေသည်။ မျိုးစေ့ဆောင်မှိုရောဂါဖြစ်သည်။

သုံးရမည့်ဆေး

ရွှေဆန်ဒို ၊ ရွှေနိုဝင်း ၊ ရွှေဟိုင်းမက် ၊ ရွှေနိုကိုးလ် (မျိုးစေ့များကို ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးပါ။)


သံချေးရောဂါ (Rust)

မှိုကြောင့်ဖြစ်သည်။ လိမ္မော်ရောင်အဖုများ မြေပဲရွက်၏ အောက်မျက်နှာပြင်တွင် စတင်တွေ့ရှိလျှင် ရောဂါကျရောက်ကြောင်း သိရှိနိုင်သည်။

သုံးရမည့်ဆေး

ရွှေဆန်းကို ၊ ရွှေနိုဝင်း ၊ ရွှေနိုကိုးလ် ၊ ရွှေဆန်ဒို ၊ ရွှေမီဒို ၊ ရွှေနိုဘယ်လ်၊ ရွှေဇိုဘင်


ပင်ပုဗိုင်းရပ်စ်ရောဂါ (Stunt)

ဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ အရွက်များတွင် အရောင်မညီကွက်ကြားဖြစ်ခြင်း ၊ ၀ါ၍ပုခြင်း ၊ အရွက်များတွန့်လိမ်နေခြင်း၊ အရွက်ပုံသဏ္ဍာန်မမှန်ဘဲ အပင်ပုနေတတ်သည်။ အသီးများမှာလည်း ပုံပျက်သွားတတ်သည်။ စုပ်စားပိုးများမှတစ်ဆင့် ကူးစက်စေသည်။ စုပ်စားပိုးများကို အဓိကကြိုတင် ကာကွယ်ပေးပါ။

သုံးရမည့်ဆေး

ရောဂါသယ်ဆောင်သော ပျပိုးကိုနှိမ်နင်းရန် ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေမာလာ ၊ ရွှေဆီတာ ၊ ရွှေမီဒါ ၊ ကလပ်စတာ ဆေးတစ်မျိုးမျိုးကို သုံးပါ။
မှိုရောဂါများ ကျရောက်နိုင်သည့် ရာသီဥတုဖောက်ပြန်သော အခြေအနေမျိုးတွင် (၅-၁၀) ရက်တစ်ကြိမ် ရွှေဆန်းကိုဆေး ကြိုတင်ကာကွယ် ဖျန်းပေးပါ။