banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Pea

ပဲမျိုးစုံ ရောဂါများနှင့် ရောဂါလက္ခဏာများ

ဖြူစေရီယမ်ပင်ညှိုးရောဂါ ( Fusarium Wilt )

Fusarium မှိုကြောင့်ဖြစ်သည်။ ကုလားပဲပင်၌ အဖြစ်များသည်။ အပင်ငယ်စဉ်ကျရောက်ပါက အောက်အရွက်များမှစတင်ကာ အောက်သို့ငိုက်ကျ ခြင်း၊ အစိမ်းရောင်ဖျော့ခြင်း၊ ၀ါခြင်း၊ မြေကြီးပေါ်သို့ လဲကျနေခြင်းများတွေ့နိုင်သည်။ လဲကျနေသော ပင်စည်သည် သိမ်ပြီးရှုံ့နေသည်။ အမြစ်အတွင်း ပိုင်း အညိုရောင်သန်းနေသည်။ ရောဂါပြင်းထန်ပါက အရွက်များကောက်ရိုးရောင် (သို့မဟုတ်)အ၀ါရောင်သို့ပြောင်းသွားပြီး အပင်ညှိုးကျသွားသည်။ ပင်စည်ကိုခွဲကြည့်ပါက အူတိုင်အနက်ရောင်တွေ့ရသည်။ အေးသောရာသီတွင် အဖြစ်များသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေနိုကိုးလ်၊ ရွှေဟိုင်းမက် ၊ ရွှေနိုဘယ်လ်


မြစ်ခြောက်ဆွေးရောဂါ (Dry Root Rot)

Rhizoctonia မှိုကြောင့်ဖြစ်သည်။ ပွင့်ချိန်သီးချိန်တွင်တွေ့ရပြီး အခင်းအနှံ့ ပင်သေပင်ခြောက်များ ပြန့်ကျဲစွာတွေ့ရသည်။ အပင်ထိပ်ပိုင်းရှိ အရွက် များငိုက်ကျနေသည်။ အရွက်နှင့်ပင်စည်သည် ကောက်ရိုးရောင်ရှိပြီး တစ်ခါတရံအောက်ရွက်များ အညိုရောင်ရှိသည်။ အပင်ကိုနှုတ်ကြည့်လျှင် ဘေးမြစ်များမပါရှိဘဲ ရေသောက်မြစ်ပြတ်ပါလာတတ်သည်။ အေးသောရာသီတွင် အဖြစ်များသည်။ သဲနုန်းမြေတွင် မြေစေးထက် ပိုအဖြစ်များသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း၊ ရွှေဆန်ဒို၊ ရွှေဟိုင်းမက် (မြေပြင်ဆေးအဖြစ်လည်းသုံးပေးပါ။)


ပင်ရင်းပုပ်ရောဂါ (Pythium)

Sclerotium မှိုကြောင့်ဖြစ်သည်။ အပင်ငယ်စဉ်ကျပါက ခံနိုင်ရည်မရှိပေ။ ရောဂါရအပင်များ အ၀ါရောင်ပြောင်းပြီး ခြောက်သွားသည်။ မြေကြီးနှင့် ထိနေသော ပင်စည်အရင်းပိုင်း၌ ပုပ်သွားပြီး အဖြူရောင်မှိုမျှင်များ၊ အလွန်သေးငယ်သော အဖြူရောင်မုန်ညှင်းစေ့ကဲ့သို့ မှိုလုံးများတွေ့ရသည်။ ရောဂါရင့်ပါက မှိုလုံးများအညိုရောင်ပြောင်းသွားသည်။ မြေဆောင်၊ မျိုးစေ့ဆောင် မှိုရောဂါဖြစ်သည်။ ပူနွေးစွတ်စိုသောရာသီ၌ အဖြစ်များသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း၊ ရွှေဆန်ဒို၊ ရွှေဟိုင်းမက်၊ ရွှေနိုဘယ်လ်၊ ရွှေနိုကိုးလ်၊ ရွှေဇိုဘင်


သံချေးရောဂါ (Rust)

မှိုကြောင့်ဖြစ်သည်။ အရွက်နှင့်သီးတောင့်များပေါ်တွင်သာ ကျရောက်သည်။ အရွက်အောက်မျက်နှာပြင်တွင် နီညိုရင့်ရောင် အဖုလေးများ ဖြစ်လာ သည်။ ရောဂါကျရောက်မှု ပြင်းထန်လျှင် အရွက်များခြောက်သေပြီး ကြွေနိုင်သည်။ အသီးသီးချိန်၌ အသီးတောင့်များပေါ်တွင် ကျရောက်ပါက အထွက်နှုန်း ကျဆင်းနိုင်ပါသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုတွင် အဖြစ်များသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေဆိုင်မော၊ ရွှေနိုကိုးလ်၊ ရွှေကော့ပါး၊ ရွှေနိုဘယ်လ်၊ ရွှေမီသိုမော့ဖ်


ဖားဥမှိုရောဂါ (Powdery Mildew)

မှိုကြောင့်ဖြစ်သည်။ မြေပေါ်ပိုင်းရှိ အပင်အစိတ်အပိုင်းအားလုံး ရောဂါကျနိုင်သည်။ အရွက်ရင့်အပေါ် မျက်နှာပြင်ပေါ်တွင် အရောင်မညီအကွက်များ စတွေ့ရသည်။ နောက်ပိုင်းတွင် ရောဂါကွက်များကို အဖြူရောင်မှိုများဖြင့် ဖုံးအုပ်သွားမည်။ အရွက်မျက်နှာပြင်တစ်ခုလုံး ပေါင်ဒါမှုန့်များ ပက်ဖြူးထား သကဲ့သို့ တွေ့ရသည်။ ရောဂါပြင်းထန်ပါက တစ်ပင်လုံး မှိုများဖြင့် ဖုံးအုပ်သွားပြီး တွန့်ရှုံ့၍ သွားသည်။ သက်တမ်းမစေ့မီ ရင့်မှည့်တတ်သည်။ သီးတောင့်နှင့်အစေ့ခွံများသည် ရောဂါကြောင့် သေးငယ်ပြီး ပုံသဏ္ဍာန်ပြောင်းသွား၍ တွန့်ခြောက်သွားသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေဆိုင်မော၊ ရွှေဆန်းကို ၊ ရွှေမီသိုမော့ဖ်၊ ရွှေနိုဘယ်လ်၊ ရွှေဆာလ်ဖာ


ပင်နာကျရောဂါ (Blight)

မှိုကြောင့်ဖြစ်သည်။ ပန်းပွင့်ချိန်နှင့်သီးကင်းဝင်ချိန်တွင် အကွက်လိုက်သေတတ်သည်။ မျိုးစေ့ဆောင်ရောဂါအနေဖြင့် ကျလျှင် ခါးရိကဲ့သို့ဖြစ်ပြီး အပင်ငယ်စဉ်တွင် သေဆုံးသည်။ လေဆောင်ရောဂါအနေဖြင့် မှိုစပိုးမှုံများကူးစက်၍ ရွက်နုများပေါ်တွင် ရေနာကွက်သဏ္ဍာန်ဆဲလ်သေများ ဖြစ်ပေါ် လာသည်။ အေး၍စွတ်စိုသောရာသီတွင် ရောဂါကွက်များ ကြီးမားကျယ်ပြန့်လာသည်။ ဆိုးဝါးစွာကျရောက်လျှင်တစ်ပင်လုံး ရုတ်တရက်သေဆုံး တတ်သည်။ ပင်စည်နှင့်ရွက်ရိုးညှာတွင် ဘဲဥပုံ(သို့)ရှည်မျောမျောပုံ ဒဏ်နာဖြစ်ပေါ်သည်။ အသီးတွင် အ၀ိုင်းပုံအကွက်ဖြစ်ပြီး အလယ်တွင် အရစ် များပါရှိသည်။ အစေ့အထိ ရောဂါဝင်ရောက်နိုင်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေဆိုင်မော၊ ရွှေမီဒို ၊ ရွှေနိုဘယ်လ်၊ ရွှေနိုကိုးလ်၊ ရွှေမီသိုမော့ဖ်၊ ရွှေကော့ပါး


ဘက်တီးရီးယားပင်နာကျရောဂါ (Bacterial Blight)

ဘက်တီးရီးယားကြောင့်ဖြစ်သည်။ အရွက်ပေါ်တွင် ရေနာကွက်ငယ်နှင့် အစိမ်းဖျော့ရောင်အကွက်များ ဖြစ်ပေါ်သည်။ ရောဂါကွက်များကြီးလာ၍ အလယ်သားအညိုရောင်၊ အနားသတ်လိမ္မော်ဝါရောင်သို့ ပြောင်းပြီးခြောက်သွားသည်။ ရောဂါကွက်မှ အစေးများထွက်ကာ အရွက်ကြွေ၍ သေဆုံး နိုင်သည်။ ဘက်တီးရီးယားရောဂါသတ်ဆေးများဖြင့် ကာကွယ်နှိမ်နင်းပါ။ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးကိုသုံးပါ။

သုံးရမည့်ဆေး

ရွှေကော့ပါး ၊ ရွှေကာဇူ


ပဲမိုဇိတ်ဝါရောဂါ (Yellow Mosaic)

ဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ အရွက်များတွင် အစိမ်းနှင့်အ၀ါရောင် အရောင်မညီကွက်ကြားဖြစ်ခြင်း၊ အရွက်များတွန့်လိမ်နေခြင်း၊ အရွက်ပုံသဏ္ဍာန် မမှန်ဘဲ အပင်ပုနေတတ်သည်။ အသီးများမှာလည်း ပုံပျက်ခြင်းတို့ကြောင့် ဈေးကွက်မ၀င်တော့ပေ။ စုပ်စားပိုးများမှတဆင့် ကူးစက်စေသဖြင့် စုပ်စား ပိုး ဖျက်ဆီးမှုလက္ခဏာစတွေ့သည်နှင့် ဆေးဖျန်းပါ။

သုံးရမည့်ဆေး

ရွှေအဆီ ၊ ရွှေဒိုင်မီ ၊ ရွှေဆီတာ၊ ရွှေမီဒါ ၊ ရွှေမက်တင် ၊ ဆန်နိတော ၊ ရွှေနိုဖော့စ် ၊ ရွှေအင်ဒို (ရောဂါသယ်ဆောင်ပိုးများအား အဓိကကြိုတင်နှိမ်နင်းပါ။)