banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Orange

လိမ္မော် / ရှောက် / သံပုရာ ရောဂါများနှင့်ရောဂါလက္ခဏာများ

ထရီတီဇာရောဂါ (Tritizer)

မိုက်ကိုပလာစမာကြောင့်ဖြစ်သည်။ အရွက်များအောက်သို့ လိပ်နေခြင်း၊ ပင်စည်နှင့်အကိုင်းများပေါ်တွင် ချိုင့်ဝင်နေသော အလျားလိုက်မြောင်းများ ထင်ရှားစွာတွေ့ရသည်။ ကိုင်းဖျားခြောက်ရောဂါဖြစ်ပေါ်၍ အကိုင်းများတဖြည်းဖြည်းခြောက်ကာ တစ်ပင်လုံးသေသွားသည်။ အမြစ်များအညိုနက် ရောင် ပြောင်းနေသည်ကို တွေ့ရသည်။

သုံးရမည့်ဆေး

ရောဂါသယ်ဆောင်ပြန့်ပွားစေသော စုပ်စားပိုးများကို နှိမ်နင်းရန် ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ဆေးများကိုသုံးပါ။


မှဲ့ပြောက်စွန်းရောဂါ (Anthracnose)

မှိုကြောင့်ဖြစ်သည်။ အရွက်၊ အသီး၊ အကိုင်းများပေါ်တွင် ဖြစ်ပေါ်သည်။ နီညိုရောင်အနာကွက်များပေါ်တွင် အမည်းစက်အဖုငယ်များ ဖြစ်ပေါ်လာ သည်။ အနာကွက်ပေါ်၌ မှိုအစုအဝေး အဖုငယ်များ ဗဟိုတူစက်ဝိုင်းရစ်ကဲ့သို့ပျံ့နှံ့တည်ရှိသည်။ အသီးညှာတွင် ကျသဖြင့် အသီးကြွေကျခြင်း၊ ကိုင်းများခြောက်သေခြင်း၊ အသီးပုပ်ခြင်းများ ဖြစ်စေသည်။

သုံးရမည့်ဆေး

အပင်တွင်ကျရောက်ပါက ရွှေနိုဝင်း ၊ ရွှေဆန်ဒို ဆေးတစ်မျိုးမျိုးကို ရေ (၁) ဂါလန်တွင် (၇-၁၀) ဂရမ်နှုန်း ထည့်ဖျော်ပြီး (၇-၁၀) ရက်တစ်ကြိမ် ဖျန်းပါ။


ကျပ်ခိုးမှိုရောဂါ (Smut)

မှိုကြောင့်ဖြစ်သည်။ အရွက်၊ အညွန့်၊ အသီးများပေါ်တွင် ပျ၊ ပိုးစေနှဲ၊ အကြေးပိုးတို့မှ စွန့်ထုတ်လိုက်သော အချိုရည်များပေါ်၌ အနက်ရောင် မှိုများစွဲကပ်လာခြင်းကြောင့် ဖြစ်သည်။ စုပ်စားပိုးများကို အချိန်မီ ကာကွယ်နှိမ်နင်းပါ။

သုံးရမည့်ဆေး

အနက်ရောင်မှိုများ ကျရောက်ပြန့်ပွားစေသည့် အချိုရည်ထုတ်သော ပျပိုး ၊ ပိုးစေးနဲ တို့ကို နှိမ်နင်းရန် ဆန်နိတော ၊ ရွှေအဆီ ၊ ရွှေဒိုင်မီ ဆေးများကို သုံးပါ။


ချေးဖတ်ရောဂါ (Scab)

ဘက်တီးရီးယားကြောင့်ဖြစ်သည်။ အရွက်များတွင် သေးငယ်သောအစက်အပြောက်များ စတင်ဖြစ်ပေါ်လာပြီး ဖြူဝါရောင်အဖုငယ်များ တဖြည်းဖြည်း ဖြစ်လာကာ တစ်ခုနှင့်တစ်ခုပေါင်းစပ်ပြီး ပုံသဏ္ဍာန်ပျက်တွန့်လိမ်ခြင်း၊ အရွက်များကြွေခြင်း၊ အသီးပုံပျက်၍ ကြွေခြင်း၊ အနာကွက်များအကိုင်းကိုပတ် မိပါက ကိုင်းဖြားခြောက်ခြင်း၊ အခေါက်ကွဲခြင်းများ ဖြစ်ပေါ်သည်။

သုံးရမည့်ဆေး

ရွှေဇိုဘင် ၊ ရွှေကာဇူ ၊ ရွှေကော့ပါး