banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Onion

ကြက်သွန်နီ/ဖြူ ရောဂါများနှင့်ရောဂါလက္ခဏာများ

တောက်တဲ့မြီးရောဂါ (Purple Blotch)

မှိုကြောင့်ဖြစ်သည်။ အဖြူစက်များကို အရွက်ထိပ်ပိုင်းနှင့် ပန်းပွင့်ရိုးတံများတွင် စတင်တွေ့ရှိရသည်။ ရောဂါကွက်များသည် ဘဲဥပုံဖြစ်လာသည်။ စွတ်စိုသောရာသီဥတုနှင့် ကြုံပါက ရောဂါကွက်များအနေဖြင့် မီးခိုးရောင်မှ အညိုရောင်ပြောင်းသွားသည်။ အလယ်တွင် ခရမ်းရောင်အစက်ကို ထင်ရှားစွာ တွေ့နိုင်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေမီသိုမော့ဖ်၊ ရွှေကော့ပါး၊ ရွှေဆိုင်မော။ ရွှေဇိုဘင်၊ ရွှေနိုကိုးလ်၊ ရွှေခရီး၊ ရွှေနိုဘယ်လ်


ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew)

မှိုကြောင့်ဖြစ်သည်။ ဘဲဥပုံစိမ်းဝါရောင် (သို့) မီးခိုးရောင်အကွက်များ အရွက်ထိပ်တွင် စတင်ဖြစ်ပေါ်လာပြီး အောက်ဖက်သို့ တဖြည်းဖြည်းပျံ့နှံ့လာ သည်။ အရွက်ရင့်များ အရောင်လွင့်၍ အောက်ဖက်သို့တွန့်လိမ်ရှုံ့တွလာသည်။ ၎င်းနောက် အရွက်နုများသို့ ကူးစက်သွားသည်။ ရောဂါရင့်လာပါက အကွက်များ မီးခိုးပြာ (သို့) မီးခိုးခရမ်းရောင်သို့ ပြောင်းသွားသည်။

သုံးရမည့်ဆေး

ရွှေခရီး၊ ရွှေဆိုင်မော၊ ရွှေမီသိုမော့ဖ်၊ ရွှေမီဒို ၊ ရွှေကော့ပါး၊ ရွှေမက်ဇီ ၊ ရွှေဇိုဘင်၊ ရွှေနိုဘယ်လ်


ခါးရိရောဂါ (Damping Off)

မှိုကြောင့်ဖြစ်သည်။ မျိုးစေ့မှအပင်ပေါက်ခါစအချိန် မြေကြီးအစိုဓာတ်များချိန်တွင် မြေကြီးနှင့်ထိစပ်ရာ အပင်ခြေပိုင်း ပျော့ပုပ်၍ သေဆုံးသည်။ စိုက်ခင်းတွင်ကျရောက်ပါက အမြစ်သည် အညိုရောင်ပြောင်းကာ ပုပ်ဆွေးသွားသည်။ ခါးရိဖြစ်စေသော မှိုများစိတ်များစွာ ရှိသည်။ မျိုးစေ့လူးနယ် ဆေး၊ မြေဆောင်ရောဂါသတ်ဆေး သုံးပါ။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေနိုကိုးလ်၊ ရွှေဇိုဘင်၊ ရွှေကော့ပါး ၊ ရွှေဟိုင်းမက် ၊ ရွှေမက်ဇီ


ပင်ခြေပုပ်ရောဂါ (Collar Rot)

မှိုကြောင့်ဖြစ်သည်။ အရွက်ထိပ်ဖျားမှစ၍ ၀ါခြင်း၊ ခြောက်ခြင်းများ ဖြစ်တတ်သည်။ ပန်းရောင်ရင့်မှအညိုရင့်ရောင်အထိ ရှိတတ်သည်။ တစ်ခါတရံ ကြက်သွန်ဥ၏အရင်း၌ အဖြူရောင်မှိုမျှင်များ တွေ့ရသည်။ ကြက်သွန်ဥကို ဒေါင်လိုက်ခွဲကြည့်လျှင် ဥအရင်းပိုင်း၌ အညိုရောင်ဖြစ်နေတတ်သည်။ စိုက်ခင်းအစိုဓာတ်လွန်ကဲလျှင် ပိုမိုဖြစ်တတ်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း၊ ရွှေနိုကိုးလ်၊ ရွှေဇိုဘင် ၊ ရွှေကော့ပါး ၊ ရွှေဟိုင်းမက် ၊ ရွှေမက်ဇီ


လည်လိမ်ရောဂါ/မှည့်ပြောက်စွန်းရောဂါ (Anthracnose)

မှိုကြောင့်ဖြစ်သည်။ ကြက်သွန်မြိတ်များသည် ထောင်မတ်နိုင်ခြင်းမရှိ။ တွန့်ခေါက်၍ လိမ်နေခြင်းဖြစ်သည်။ အရွက်အရောင်ဖျော့လာသည်။ ကြက်သွန်ပေါင်းသတ်ဆေးများသုံးရာတွင် နှုန်းထားများ၍သော်လည်းကောင်း၊ သွပ်ဓာတ်အာဟာရ ချို့တဲ့၍သော်လည်းကောင်း ဖြစ်တတ်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဟိုင်းမက် ၊ ရွှေနိုဘယ်လ်၊ ရွှေနိုကိုးလ်၊ ရွှေဇိုဘင်


ဥပုပ်ရောဂါ (Botrytis Neck Rot)

ဘက်တီးရီးယားကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး ဥပုပ်သွားသည်။ ဘက်တီးရီးယားရောဂါဆေးများ အသုံးပြု၍ ကာကွယ်ပါ။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေနိုကိုးလ်၊ ရွှေကာဇူ ၊ ရွှေကော့ပါး


မြစ်ဖုနီမတုတ်ရောဂါ (Root-knot Nematode)

နီမတုတ်ကျရောက်သောအပင်မှာ ၀ါခြင်း၊ ပုခြင်း စသော လက္ခဏာများ တွေ့ရသည်။ အပင်ကိုနုတ်ကြည့်ပါက အမြစ်ပိုင်း၌ အဖုများ ဖြစ်ပေါ်နေ သည်။ အပင်ကြီးထွားမှု နှောင့်နှေးစေပြီး အထွက်ကျဆင်းစေပါသည်။ ရေတက်မြေ၊ သဲဆန်သောမြေနှင့် မြေပွသောနေရာဒေသများတွင် ရောဂါ ပိုမို ဆိုးဝါးသည်။

သုံးရမည့်ဆေး

ရွှေဖျူရမ် ၃ ဂျီ