banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Grape

စပျစ် ရောဂါများနှင့်ရောဂါလက္ခဏာများ

ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew)

မှိုကြောင့်ဖြစ်သည်။ စိုစွတ်ထိုင်းမှိုင်းပြီး ရာသီဥတုဆိုးဝါးသော အခြေအနေမျိုးတွင် အရွက်နုများအပေါ်မျက်နှာပြင်၌ အ၀ါရောင်ကွက်များ စဖြစ်ပေါ် သည်။ ရောဂါကွက်များ လျင်မြန်စွာကျယ်ပြန့်လာပြီး အညိုရောင်သို့ပြောင်းသွားသည်။ အရွက်အောက်မျက်နှာပြင်၌ ရောဂါကွက်ပြောက်များမှ နို့နှစ်ရောင်မှိုမျှင်များ ဖုံးအုပ်လျှက်ရှိသည်။ အရွက်များခြောက်ကြွေသွားသည်။ အသီးများ၊ ပန်းခိုင်ဖူးများတွင်လည်း ရောဂါကျရောက်နိုင်သည်။

သုံးရမည့်ဆေး

ရွှေဆန်ဒို ဆေးကို ရေ (၁) ဂါလန်တွင် (၇-၁၀) ဂရမ်နှုန်း ထည့်ဖျော်ပြီး (၇-၁၀) ရက် တစ်ကြိမ်ဖျန်းပါ။


ဖားဥမှိုရောဂါ (Powdery Mildew)

မှိုကြောင့်ဖြစ်သည်။ စပျစ်ပင်၏အစိမ်းရောင်ရှိသော အစိတ်အပိုင်းအားလုံးပေါ်တွင် ကျရောက်နိုင်သည်။ ရောဂါကျရောက်လာပါက ပင်စည်အကိုင်း အခက်အရွက်များပေါ်တွင် မှိုမျှင်များ ပွားများလာပြီး ပေါင်ဒါမှုန့်များ ကြဲပက်ထားသကဲ့သို့ မီးခိုးမွဲရောင်ဖြစ်နေသည်။ အညွန့်များတွင်ရောဂါကျရောက် ပါက ရောဂါကျသည့်အပိုင်းသည် အညိုရင့်ရောင်မှအနက်ရောင်သို့ ပြောင်းသွားသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ဆေးကို ရေ (၁) ဂါလန်တွင် (၇-၁၀) ဂရမ်နှုန်း ထည့်ဖျော်ပြီး (၇-၁၀) ရက်တစ်ကြိမ် ဖျန်းပါ။


မှဲ့စွန်းရောဂါ(ငှက်မျက်စိရောဂါ) (Anthracnose)

မှိုကြောင့်ဖြစ်သည်။ အပင်၏အစိမ်းရောင်ရှိသော အစိတ်အပိုင်းအားလုံးတွင်ကျရောက်သည်။ အရွက်တွင် အညိုရင့်ရောင်အကွက်ဖြစ်ပြီး အကွက် အလယ်သားသည် မီးခိုးရောင်သို့ပြောင်းသွားသည်။ နှာမောင်းဘေးအညိုနုရောင်အကွက်သည် အ၀ိုင်းပုံဖြစ်ပြီး အကွက်၏အလယ်သား သည်မွဲပြာ ရောင်ဖြစ်လာသည်။ ဒဏ်နာသည် ကြွတက်လာသည်။ အသီးတွင် မီးခိုးရောင်အကွက်အား နီညိုရောင်အနားဖြင့် ၀ိုင်းပတ်ထားသော အနာကွက် တွေ့ရသည်။ အပြောက်ပုံသဏ္ဍာန်မှာ ငှက်မျက်စိကဲ့သို့ ဖြစ်ပေါ်သည်။

သုံးရမည့်ဆေး

ရွှေဆန်းကို ၊ ရွှေနိုဝင်း ဆေးတစ်မျိုးကို ရေ (၁) ဂါလန်တွင် (၇-၁၀) ဂရမ်နှုန်း ထည့်ဖျော်ပြီး (၇) ရက်တစ်ကြိမ် ဖျန်းပါ။


သံချေးရောဂါ (Rust)

မှိုကြောင့်ဖြစ်သည်။ အရွက်မျက်နှာပြင်၌ သေးငယ်သော အ၀ါရောင်ပြောက်များ စတင်ဖြစ်ပေါ်သည်။ မကြာမီ ၎င်းကွက်ပြောက်ပေါ်၌ အ၀ါရောင် သေးငယ်သောအဖုများဖြစ်ပေါ်ပြီး နောက်ပိုင်း၌ သံချေးရောင်အဖုများအဖြစ် ပြောင်းလဲသွားသည်။ အရွက်များခြောက်ကြွေသွားသည်။

သုံးရမည့်ဆေး

ရွှေဆန်းကို ၊ ရွှေနိုဝင်း ၊ ရွှေနိုကိုးလ်၊ ရွှေကော့ပါး၊ ရွှေဇိုဘင်၊ ရွှေနိုဘယ်လ်


ရွက်ပြောက်ရောဂါ (Leaf Spot)

မှိုကြောင့်ဖြစ်သည်။ မိုးရွာပြီး (၃-၄)ပတ်အကြာတွင် ရွက်ကြောများ၌ အ၀ါရောင်အနားသတ်ပါရှိသော အညိုအကွက်ငယ်ဖြစ်၍ အကွက်များဆက်ပြီး ခြောက်သွားသည်။ ဘေးတက်အရင်းရှိ အရွက်သည် ပုံမှန်အရွယ်သို့ မရောက်တော့ချေ။ ဘေးတက်အရင်းပိုင်းတွင် အမည်းရောင်အလယ်သားရှိ သော အကွက်ငယ်များ ဖြစ်ပေါ်သည်။ မိုးရွာပြီးစအချိန်တွင် ရောဂါပြန့်ပွားသည်။

သုံးရမည့်ဆေး

ရွှေဆန်းကို ၊ ရွှေနိုဝင်း ၊ ရွှေနိုကိုးလ်၊ ရွှေဆန်ဒို ၊ ရွှေဇိုဘင်


သီးခိုင်ပုပ်ရောဂါ (Botrytis)

မှိုကြောင့်ဖြစ်သည်။ ပန်းပွင့်ချိန်တွင် ပန်းခိုင်၌ ရောဂါစတင်ကျလာနိုင်သည်။ ယေဘူယျအားဖြင့် အသီးတွင် အချိုဓာတ်ဝင်မလာမီ အချိန်အထိ ရောဂါ ငုပ်နေတတ်သည်။ ရောဂါရအသီးသည် ကွဲအက်၍ အချိုရည်များထွက်လာပြီးအခြားအသီးများသို့ရောဂါကူးစက်ပြန့်ပွားစေသည်။ သီးခိုင်စတင်ချိန် မှစ၍ အချိန်မီပက်ဖျန်းကာကွယ်ပါ။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ဆေးတစ်မျိုးကို ရေ (၁)ဂါလန်တွင် (၁၀-၁၅) ဂရမ်နှုန်း ထည့်ဖျော်ပြီး (၇) ရက်တစ်ကြိမ် ဖျန်းပါ။