banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Cotton

ဝါ ရောဂါများနှင့် ရောဂါလက္ခဏာများ

ဝါပင်ညှိုးရောဂါ (Wilt)

Fusarium/Verticillium မှိုများကြောင့်ဖြစ်သည်။ ၀ါပင်အရွယ်အမျိုးမျိုးတွင် ကျရောက်နိုင်သည်။ အောက်ရွက်များ၏အနားမှစတင်၍ အ၀ါရောင် ပြောင်းပြီး ရွက်လယ်ကြောအထိ ပျံ့နှံ့သွားသည်။ မကြာမီ ရောဂါရအရွက်များသည် ပျော့ခွေရှုံ့တွသွားသည်။ အောက်အရွက်မှအထက်ရွက်များ တဖြည်းဖြည်းကူးစက်ပြီး အရွက်များကြွေကျသွားသည်။ တစ်ခါတရံရောဂါရအပင် အရိုးပြိုင်းပြိုင်း ဖြစ်သွားသည်။ အပင်တစ်ခြမ်းညှိုးခြင်း၊တစ်ပင်လုံး ညှိုးခြင်းတွေ့ရသည်။ ပင်စည်နှင့်အမြစ်အတွင်းပိုင်း အမည်းရောင်ပြောင်းသွားသည်။ အပင်ပုပြီး ကြီးထွားမှုရပ်တန့်သွားသည်။ အသီးအရွယ်အစား သေးငယ်သွားသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေနိုကိုးလ် ၊ ရွှေဟိုင်းမက် ၊ ရွှေဆန်းကို ၊ ရွှေမီဒို


ပင်ရင်းပုပ်ရောဂါ/အခြောက်ပုပ်ရောဂါ (Pythium)

Rhizoctonia မှိုကြောင့်ဖြစ်သည်။ ပျိုးပင်နှင့်အပင်ငယ်များတွင် အဖြစ်များသည်။ ၀ါပင်ပေါက်ငယ်များကို နှုတ်ကြည့်ပါက အပင်ခါးပြတ်မသွားဘဲ ရေသောက်မြစ် အလွယ်တကူကျွတ်ပါလာသည်။ အစေ့ရွက်များရှုံ့တွန့်ခြင်း၊ အ၀ါရောင်သို့ပြောင်းသွားခြင်း၊ အရွယ်အစားသေးငယ်ခြင်းများတွေ့ရ သည်။ မြေကြီးနှင့်ထိစပ်နေသော ပင်စည်အရင်းပိုင်း အညိုဖျော့ရောင်၊ နီညိုရောင်အနာကွက်များဖြစ်ပေါ်ပြီး ကြာပါကမည်းနက်ရောင်သို့ပြောင်းသွားသည်။ ရောဂါပြင်းထန်ပါက အမြစ်များပုပ်ပြီး အပင်လဲကျသေသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေနိုကိုးလ်၊ ရွှေဆိုင်မော၊ ရွှေဆန်ဒို ၊ ရွှေမီဒို


ဝါဒေါင့်ကွက်လက်မည်းရောဂါ (Angular Leaf Spot)

ဘက်တီးရီးယားကြောင့်ဖြစ်သည်။ အရွက်ပေါ်တွင် ရေစိုနာကွက်၊ ဆီကွက်ပုံစံတွေ့ရပြီး ဒေါင့်ကွက်ပုံအကွက်များ ဖြစ်ပေါ်သည်။ အညိုရောင် ဒေါင့်ကွက်၏ပတ်လည်၌ အ၀ါရောင်အနားပါရှိသည်။ ဒေါင့်ကွက်ပုံအကွက်များပေါင်းစပ်ပြီး ဒေါင့်ကွက်ကြီးများ ဖြစ်လာသည်။အရွက်ရိုးတံတွင်လည်း ကျရောက်သည်။ ၀ါသီးနုများ၏ အစိမ်းရောင်မျက်နှာပြင်တွင် အ၀ိုင်းပုံ ရေစိုနာ/ဆီစိုအပြောက်များ ဖြစ်ပေါ်သည်။ ရောဂါရအပင်မှ အရွက်များ/၀ါသီး များကြွေကျပြီး ကိုင်းများမည်းလာသည်။ တစ်ခါတရံ မျိုးစေ့အထိ ဘက်တီးရီးယားများခိုအောင်းနေသည်။

သုံးရမည့်ဆေး

ရွှေကာဇူ ၊ ရွှေကော့ပါး