banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Chilli

ငရုတ် ရောဂါများနှင့်ရောဂါလက္ခဏာများ

မှဲ့ပြောက်စွန်းရောဂါ (Anthracnose)

မှိုကြောင့်ဖြစ်သည်။ အသီးရင့်များပေါ်၌ ရေစိုနာကွက်စတင်ဖြစ်ပေါ်သည်။ မကြာမီ ရေစိုနာကွက်ကျယ်ပြန့်လာပြီး နီညိုရောင်ပြောင်းသွားသည်။ ၎င်းအကွက်ပေါ်၌ အမဲရောင်သေးငယ်သောအဖုများ စက်ဝိုင်းရစ်သဖွယ် တွေ့ရသည်။ အသီးရှုံ့ပြီး ပုံပျက်သွားသည်။ ရောဂါကျအပင်၌ထိပ်ဖျားမှ စ၍ ကိုင်းများခြောက်လာသည်။ သီးမှည့်/သီးစိမ်း (၂) မျိုးလုံးနှင့်အရွက်အကိုင်းတို့တွင် ကျရောက်နိုင်သည်။ စွတ်စိုသောရာသီတွင် အကွက်များ သည် ပန်းရောင်မှိုမှုန်များဖြင့် ဖုံးနေတတ်သည်။ မှဲ့စွန်းသည် ထိခိုက်ဒဏ်ရာမှ၎င်း၊ ပွင့်ရင်းပုပ် ရောဂါနေရာမှ၎င်း ၀င်ရောက်တိုက်ခိုက်တတ်သည်။

သုံးရမည့်ဆေး

ရွှေဇိုဘင် ၊ ရွှေနိုကိုးလ် ၊ ရွှေကော့ပါး ၊ ရွှေဆိုင်မော ၊ ရွှေဆန်ဒို ၊ ရွှေမက်ဇီ ၊ ရွှေခရီး


ခါးရိရောဂါ (Damping Off)

မှိုကြောင့်ဖြစ်သည်။ မျိုးစေ့ မှ အပင်ပေါက်ခါစအချိန် ၊ မြေကြီးအစိုဓာတ်များချိန်တွင် မြေကြီးနှင့်ထိစပ်ရာ အပင်ခြေတွင် ပျော့ပုပ်၍သေဆုံးသည်။ စိုက်ခင်းတွင် ကျရောက်ပါက အမြစ်သည် အညိုရောင်ပြောင်းကာ ပုပ်ဆွေးသွားသည်။ ရောဂါသတ်ဆေး၊ မျိုးစေ့လူးနယ်ဆေးသုံးပါ။ မြေဆောင် ရောဂါသတ်ဆေးသုံးပါ။

သုံးရမည့်ဆေး

ရွှေဟိုင်းမက် ၊ ရွှေနိုဘယ်လ် ၊ ရွှေဇိုဘင် ၊ ရွှေမက်ဇီ ၊ ရွှေနိုဝင်း


ဖားဥမှိုရောဂါ (Powdery Mildew)

မှိုကြောင့်ဖြစ်သည်။ အရွက်တွင် အ၀ါကွက်များဖြစ်ပေါ်လာပြီး အရွက်အောက်မျက်နှာပြင်တွင် အဖြူရောင်ပေါင်ဒါမှုန့် ဖြူးထားသကဲ့သို့ မှိုမျှင်များ ဖုံးလွှမ်းနေတတ်သည်။ ရောဂါပြင်းထန်ပါက အရွက်များခြောက်သွေ့ကြွေကျသွားသည်။

သုံးရမည့်ဆေး

ရွှေဆိုင်မော ၊ ရွှေခရီး ၊ ရွှေနိုဘယ်လ်၊ ရွှေဆာလ်ဖာ ၊ ရွှေနိုဝင်း ၊ ရွှေမီသိုမော့ဖ် ၊ ရွှေဆန်ဒို


ရွက်ပြောက်ရောဂါ (Leaf Spot)

မှိုကြောင့်ဖြစ်သည်။ အရွက်တွင် ရေနာကွက်အစက်ပြောက်များသည် အ၀ါရောင် မှ အနည်းငယ်ကြည်လင်ကာ အ၀ိုင်းပုံ၊ ပုံသဏ္ဍာန်မမှန်သော အစက်ပြောက်များ ဖြစ်ပေါ်လာပြီး ညိုနက်ရောင်အလယ်ချိုင့်ခွက်သော အကွက်များဖြစ်လာသည်။ အရွက်၊ အသီးများပေါ်တွင် ကျရောက်သည်။

သုံးရမည့်ဆေး

ရွှေမီသိုမော့ဖ် ၊ ရွှေဆိုင်မော ၊ ရွှေနိုကိုးလ်၊ ရွှေနိုဘယ်လ် ၊ ရွှေခရီး


ဖြူစေရီယမ်ပင်ညှိုးရောဂါ (Fusarium Wilt)

မှိုကြောင့်ဖြစ်သည်။ အောက်အရွက်များမှစတင်ဖြစ်ပွားသည်။ အရွက်များဝါလာခြင်း၊ ညှိုးလာခြင်းများတွေ့ရသည်။ ဖူးပွင့်ချိန်နောက်ပိုင်းတွင် ပိုမိုတွေ့ရသည်။ ညှိုးနေသော အပင်၏ မြေကြီးနှင့်ထိစပ်ရာ ပင်စည်အခေါက်ကိုခွာကြည့်ပါက အတွင်းအညိုရောင်တွေ့ရမည်။ တစ်ပင်လုံးရှိ အရွက်များဝါလာပြီး အပင်ညှိုးသွားသော်လည်း အပင်မှအရွက်များ မကြွေဘဲ ရှိနေတတ်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေနိုဘယ်လ်၊ ရွှေဟိုင်းမက် ၊ ရွှေနိုကိုးလ်


ပင်နာကျရောဂါ (Blight)

မှိုကြောင့်ဖြစ်သည်။ အပင်ရင်းအောက်ပိုင်း ပုပ်နေတတ်သည်။ အပင်ငယ်အဆင့်တွင် ကျပါက လဲကျပြီး အပင်ကြီးတွင် အ၀ါရောင်သို့ပြောင်းသွားပြီး တစ်ပင်လုံးခြောက်သေသွားသည်။ အပင်ခြေတွင် မှိုမျှင်များဖုံးနေတတ်သည်။

သုံးရမည့်ဆေး

ရွှေကော့ပါး ၊ ရွှေဇိုဘင် ၊ ရွှေမီဒို ၊ ရွှေနိုကိုးလ်


အသီးပုပ်ရောဂါ (Fruit Rot)

မှိုကြောင့်ဖြစ်သည်။ သီးတောင့်အနု ၊ အရင့်နှစ်မျိုးလုံးတွင် ကျရောက်သည်။ ရောဂါဝင်ရောက်ပါက သီးတောင့်ပေါ်၌ ရေစိုနာကဲ့သို့ဖြစ်လာပြီး အညိုရောင်ပြောင်းကာ လျင်မြန်စွာ ပုပ်သွားသည်။

သုံးရမည့်ဆေး

ရွှေဆိုင်မော ၊ ရွှေဆန်ဒို ၊ ရွှေမီသိုမော့ဖ် ၊ ရွှေကော့ပါး ၊ ရွှေနိုဘယ်လ်၊ ရွှေနိုဝင်း


ဘက်တီးရီးယားပင်ညှိုးရောဂါ (Bacterial Wilt)

ဘက်တီးရီုးယားကြောင့်ဖြစ်သည်။ အရွက်များစိမ်းပြီး အောက်သို့ငိုက်ကျလာသည်။ စိမ်းညှိုးညှိုးခြင်း ဖြစ်သည်။ ပင်စည်ကို ထက်ခြမ်းခွဲကြည့်ပါက အညိုစင်းတွေ့ရသည်။

သုံးရမည့်ဆေး

ရွှေကော့ပါး ၊ ရွှေကာဇူ