banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Cauliflower

ဂေါ်ဖီထုပ် / ပန်းဂေါ်ဖီ / မုန်ညင်း ရောဂါများနှင့်ရောဂါလက္ခဏာများ

အော်တာနေးရီးယားရွက်ပြောက်ရောဂါ (Alternaria Leaf Spot)

Alternaria မှိုကြောင့်ဖြစ်သည်။ အရွက်များတွင် ညိုမဲရောင်ရေစိုနာကွက်ဖြစ်ပေါ်ပြီး ဗဟိုတူစက်ဝိုင်းရစ်သဖွယ် ကွက်ဝိုင်းငယ်များ တွေ့ရသည်။ စက်ဝိုင်းကွက်ပြောက်၌ ညိုမဲရောင်မှိုအစုအဝေးများ ဖြစ်ပေါ်သည်။ ဂေါ်ဖီထုပ် နှင့် ပန်းဂေါ်ဖီတို့တွင် အမဲရောင်ကတ္တီပါ မှိုအစုအဝေးပါသည့် အမဲပြောက်များ ဖြစ်ပေါ်ပြီး ထိပ်ပုပ်သွားသည်။ စွတ်စိုထိုင်းမှိုင်းချိန်၌ ရောဂါပျံ့နှံ့လွယ်သည်။ မျိုးစေ့မှတဆင့် ပျံ့နှံ့သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း၊ ရွှေဆန်ဒို ၊ ရွှေနိုကိုးလ် ၊ ရွှေကော့ပါး ၊ ရွှေခရီး ၊ ရွှေဇိုဘင်


ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew)

မှိုကြောင့်ဖြစ်သည်။ အစေ့ရွက်၊ အပင်ငယ်များဝါလာသည်။ အရွက်များ အ၀ါမှအညိုသို့ ပြောင်းသွားသည်။ ပန်းဂေါ်ဖီရွက်များ၏ အပေါ်မျက်နှာပြင် တွင် ပုံသဏ္ဍာန်မမှန်သည့် အ၀ါရောင်အကွက်များ ပေါ်လာသည်။ ထို့နောက် အညိုရင့်ရောင်အဖြစ် ပြောင်းသွားပြီး အ၀ါရောင်အနားရစ်များ တွေ့ရ သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေနိုကိုးလ် ၊ ရွှေဆိုင်မော ၊ ရွှေမီဒို ၊ ရွှေမီသိုမော့ဖ် ၊ ရွှေကော့ပါး ၊ ရွှေမက်ဇီ ၊ ရွှေဇိုဘင်


ပင်ညှိုးရောဂါ ( Wilt )

မှိုကြောင့်ဖြစ်သည်။ အများအားဖြင့် ဂေါ်ဖီထုပ်တွင် ကျရောက်သည်။ အပင်တစ်ခြမ်းရှိ အောက်ရွက်များဝါလေ့ရှိပြီး အညိုရောင်သို့ပြောင်းကာ ကြွေကျသည်။ ရောဂါရရှိမှုကြာလာလျှင် တစ်ပင်လုံး ၀ါခြင်း၊ ညှိုးခြင်း ၊ လဲပြိုခြင်းများ ဖြစ်တတ်သည်။ နွေစိုက်ဂေါ်ဖီထုပ်များတွင် ရောဂါပြင်းထန် လေ့ရှိသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေနိုကိုးလ် ၊ ရွှေဟိုင်းမက် ၊ ရွှေဇိုဘင် ၊ ရွှေဆိုင်မော ၊ ရွှေနိုဘယ်လ်


ခါးရိရောဂါ ( Damping Off )

မှိုကြောင့်ဖြစ်သည်။ ပျိုးပင်ထူလွန်းပါက အပင်ခြေတွင် ရေစိုနာကွက်များဖြစ်ပေါ်ပြီး ပျော့လာကာ ခါးရိ၍အပင်လဲကျတတ်သည်။ မျိုးစေ့များ အညှောင့်မပေါက်ခင်သော်လည်းကောင်း၊ ပျိုးပင်ပေါက်ငယ်များကိုလည်းကောင်း ထိခိုက်ပျက်စီးစေသည်။ အရွက်သုံးလေးရွက်ထွက်သည် အထိ ထိခိုက်ပျက်စီးနိုင်သည်။ မျိုးစေ့၊ ရောဂါရပျိုးခင်းမြေကြောင့် ဖြစ်နိုင်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေနိုကိုးလ်၊ ရွှေဟိုင်းမက် ၊ ရွှေမီဒို ၊ ရွှေနိုဘယ်လ် ၊ ရွှေဇိုဘင်


ပင်ခြေပုပ်ရောဂါ ( Collar Rot )

မှိုကြောင့်ဖြစ်သည်။ စိုက်ခင်းအတွင်း ရွှေ့ပြောင်းစိုက်ခါစတွင် ဖြစ်လေ့ရှိသည်။ မြေကြီးနှင့်နီးကပ်သော အရွက်များတွင် အမည်းရောင် အစက်များ ဖြစ်ပေါ်ပြီး စွတ်စိုပါက အခြားအရွက်များသို့ ကူးစက်ကာ ဂေါ်ဖီထုပ်တစ်ခုလုံး ပုပ်သွားသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေဟိုင်းမက် ၊ ရွှေမီဒို ၊ ရွှေနိုဘယ်လ်၊ ရွှေဇိုဘင်


ပင်ခြေမဲရောဂါ (Black Leg)

မှိုကြောင့်ဖြစ်သည်။ မြေနှင့်ထိစပ်နေသော ပင်စည်အစိတ်အပိုင်းတွင် အညိုရောင်ဒဏ်နာဖြစ်ပြီး ၊ ပင်စည်ကို ပတ်သွားသည်။ အပင်ပုခြင်း၊ ညှိုးခြင်း နှင့် ကြီးထွားမှု ညံ့ဖျင်းခြင်းများ ဖြစ်စေသည်။ ရောဂါပြင်းလျှင် ပင်စည်အက်ကွဲလဲကျသည်။ ပင်စည်ကို ဖြတ်ကြည့်လျှင် ရေကြောစည်းများတွင် အမည်းရောင်အစင်းများ တွေ့ရသည်။ မျိုးစေ့ဆောင် ၊ မြေဆောင်မှိုရောဂါ ဖြစ်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်ဒို ၊ ရွှေဟိုင်းမက် ၊ ရွှေမီဒို ၊ ရွှေနိုဘယ်လ် ၊ ရွှေဇိုဘင်


ပျော့ပုပ်ရောဂါ (Soft Rot)

Erwinia ဘက်တီးရီးယားကြောင့်ဖြစ်သည်။ မုန်ညှင်းမုန်လာရွက်များတွင် သေးငယ်သော ရေစိုနာ ၀ါညိုရောင်ကွက်ဖြစ်ပေါ်လာပြီး မကြာမီအကွက် များပေါင်းစပ်သွားသည်။ ၎င်းအကွက်များ နေရာမှ ပျော့ပုပ်လာပြီး ကျိချွဲချွဲအစေးများထွက်လာကာ ပုပ်အက်နံ့ရလာသည်။ ပွတ်တိုက်ထိခိုက်မိသော ဒဏ်ရာများမှ ရောဂါကူးစက်လွယ်သည်။ အရွက်နားတစ်လျှောက်သည် အညိုရောင်အစင်းများ စတွေ့က ရောဂါစတင်ဖြစ်ပေါ်သည်။

သုံးရမည့်ဆေး

ရွှေကာဇူ ၊ ရွှေကော့ပါး


ဘက်တီးရီးယားရွက်ပြောက်ရောဂါ (Bacterial Leaf Spot)

အရွက်ပေါ်တွင် သေးငယ်သော အ၀ါရောင်အစက်အပြောက်များတွေ့ရပြီး ရောဂါပြင်းထန်လျှင် ရေနာကွက်သဏ္ဍာန်ရွက်ပြောက်များ ဖြစ်ပေါ်လာ သည်။ အစောပိုင်းဖြစ်ပေါ်သော ရွက်ပြောက်များတွင် ခရမ်းရောင်အနားသားဖြင့် ၀ိုင်းပတ်ထားသည်။ နောက်ပိုင်းညိုနက်ရောင် အလယ်ချိုင့်သော အကွက်များ ဖြစ်လာသည်။ ပန်းဂေါ်ဖီတွင်လည်း ကျရောက်သည်။

သုံးရမည့်ဆေး

ရွှေကော့ပါး ၊ ရွှေကာဇူ


မြစ်ဖုနီမတုတ်ရောဂါ (Root-knot Nematode)

နီမတုတ်ကြောင့်ဖြစ်သည်။ မုန်လာ၊ ဆလတ်ပင်အမြစ်၌ အရွယ်မညီညာသော ပုတီးပုံအဖုများ ဖြစ်ပေါ်သည်။ အပင်ပုပြီး ညှိုးကျသည်။ ပျိုးခင်း၊ စိုက်ခင်းနှစ်ခုလုံးတွင် ကျရောက်သည်။

သုံးရမည့်ဆေး

စူပါဒိုင်ယာဇီနွန် ၁၀ ဂျီ ၊ ရွှေဖျူရမ် ၃ ဂျီ၊ ရွှေဆန်းဖော့စ် နှင့် ရွှေဆန်းဖန် နှစ်မျိုးစပ်၍ မြေပြင်ဆေးအဖြစ် သုံးနိုင်ပါသည်။