banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Diseases and Characteristics for Betel

ကွမ်း ရောဂါများနှင့်ရောဂါလက္ခဏာများ

ပင်ခြေပုပ်ရောဂါ (Collar Rot)

Phytophthora မှိုကြောင့်ဖြစ်သည်။ ၎င်းမှိုကြောင့် ပင်ခြေပုပ်ရောဂါသည် ပင်ညှိုးရောဂါ၊ အရွက်ပုပ်ရောဂါတို့ ကျရောက်တတ်သည်။ အရွက်များတွင် ရောဂါကျလျှင် အရွက်များကို ပုပ်စေသည်။ မြေကြီးထိစပ်ရာပင်ခြေတွင် အညိုရောင်အနာကွက်တွေ့ရ၍ ပင်စည်ကိုရစ်ပတ်မိပါက တစ်ပင်လုံးညှိုး သေနိုင်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း ၊ ရွှေဆန်းကို၊ ရွှေနိုကိုးလ်၊ ရွှေဟိုင်းမက်၊ ရွှေဇိုဘင်၊ ရွှေကော့ပါး၊ ရွှေမီဒို ၊ ရွှေဆိုင်မော၊ ရွှေမက်ဇီ


ဒေါင်းမြီးကွက်ရောဂါ (ဒင်္ဂါးကွက်ရောဂါ) (Angular Leaf Spot)

Phytophthora မှိုကြောင့်ဖြစ်သည်။ အရွက်ပေါ်တွင် ရေစိုနာကွက်စဖြစ်ပြီးနောက် ညိုမဲရောင်အကွက်များဖြစ်ပေါ်သည်။ မိုးဆက်တိုက်ရွာလျှင် ရွက်ညှာနှင့်ပင်စည်သို့ ကူးစက်ပျံ့နှံ့သွားတတ်သည်။ ခြောက်သွေ့သောရာသီတွင် ဒဏ်နာကိုအညိုရောင်ဝိုင်းပတ်ထားတတ်သည်။ စိုလိုက်ခြောက် လိုက်ဖြစ်သောရာသီတွင် အနားများတွန့်ပြီး အရစ်များဖြစ်ပေါ်၍ ဖောင်းကြွလာတတ်သည်။ အရွက်၊ ရိုးတံနှင့်ပင်စည်တို့ ဆွေးပုပ်သွားတတ်သည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း၊ ရွှေဆန်ဒို၊ ရွှေမီဒို၊ ရွှေဆိုင်မော၊ ရွှေမက်ဇီ၊ ရွှေကော့ပါး၊ ရွှေဇိုဘင်


ပင်ညှိုးရောဂါ (Wilt)

Sclerotium မှိုကြောင့်ဖြစ်သည်။ ပင်ညှိုးလက္ခဏာတွေ့ရသည်။ ပင်စည်သည် မြေနှင့်ထိစပ်နေသောနေရာမှ ပျော့ပုပ်ဆွေးရိနေပြီး ဖြူဖွေးထူထပ် သောဝါဂွမ်းဆုပ်နှင့်တူသည့် မှိုမျှင်စုများဖြင့် ဖုံးအုပ်ထားသည်။ အပင်ခြေ၌ အဖြူရောင်၊ နက်ညိုရောင် မုန်ညှင်းစေ့ရွယ် မှိုအလုံးများတွေ့ရတတ် သည်။ မြေပေါ်ရှိ အပင်ပိုင်းများ ညှိုးကျလာသည်။ ပူနွေးခြောက်သွေ့သောရာသီတွင် အဖြစ်များသည်။

သုံးရမည့်ဆေး

ရွှေနိုဝင်း၊ ရွှေဇိုဘင် ၊ ရွှေဟိုင်းမက်၊ ရွှေနိုကိုးလ်၊ ရွှေနိုဘယ်လ်


ဆီစွန်းရောဂါ (Leison)

Pseudomonas ဘက်တီးရီးယားကြောင့်ဖြစ်သည်။ ရွက်သားပေါ်တွင် ရေနာကွက်များ စတင်ဖြစ်ပေါ်ပြီး ဆီစက်ကျသကဲ့သို့ အ၀ါရောင်ဆီစွန်း ပြောက် တွေ့ရသည်။ ဒဏ်ရာကျယ်ပြန့်လာကာ အညိုရောင်သို့ပြောင်းပြီး အ၀ါရောင်အရစ်ဖြင့် ၀ိုင်းရံထားသည်။ ပြင်းထန်ပါက ရွက်သားပေါက်ပြဲ ကျသည်အထိ တွေ့ရသည်။ ကွမ်းရွက်အရည်အသွေးကျဆင်းသည်။ စိုက်ခင်းအစိုဓာတ်သင့်တင့်ရုံနှင့် အလင်းကြိုကြားပေးမှု ဆောင်ရွက်ပါ။ နိုက်ထရိုဂျင်ဓာတ်လွန်ကဲမှု မရှိပါစေနှင့်။ ပိုတက်ရှ်ဓာတ်မြေသြဇာများ အဓိကထည့်ပေးပါ။ အပင်အပေါ်ပိုင်း အင်္ဂါရပ်များ ညှိုးလာသည်။

သုံးရမည့်ဆေး

ရွှေကော့ပါး ၊ ရွှေကာဇူ


ရိုးမဲ၊ အဆစ်ပြုတ်ရောဂါ (Black Leg)

Pseudomonas ဘက်တီးရီးယားကြောင့်ဖြစ်သည်။ မိုးများသော ကာလများ ပူအိုက်စွတ်စိုသောရာသီများတွင် အဖြစ်များသည်။ ပင်စည်အပေါ်ပိုင်းရှိ ဆစ်ကြားပိုင်းနှင့်အဆစ်နေရာတွင် အနက်ရောင်အနာကွက်ဖြစ်ပေါ်သည်။ အရွက်၊ ရိုးတံနှင့် ပင်စည်တို့ဆွေးပုပ်၍ အလွယ်တကူ ပြုတ်ထွက်သွား သည်။ ဆစ်ကြားနေရာမှ မဲပုပ်ပြုတ်ထွက်သဖြင့် အဆစ်ပြုတ်ဟုခေါ်သည်။ အပင်အပေါ်ပိုင်း အင်္ဂါရပ်များ ညှိုးလာသည်။

သုံးရမည့်ဆေး

ရွှေကော့ပါး ၊ ရွှေကာဇူ