banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Coffee insects

ကော်ဖီတွင်ကျရောက်တတ်သောပိုးမွှားများနှင့်ကာကွယ်နည်းများ

ကော်ဖီတွင်ကျရောက်တတ်သော ပိုးမွှားမျိုးစိပ်များမှာ အရေအတွက်အားဖြင့် အများအပြားရှိသော် လည်း စီးပွားရေးအရအရေးပါ၍ အဓိကကျသော ပိုးမွှားမျိုးစိပ်မှာ အနည်းငယ်သာရှိသည်။ ကော်ဖီ ပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အလျောက် တစ်နေရာမှတစ်နေရာသို့ ရွေ့ရှားသွားလာတတ်သော ပိုးမွှားများ၏ တိုက်ခိုက်ဖျက်ဆီးခြင်းကိုသာမက အပင်မှစွန့်ခွာသွားခြင်းမရှိဘဲ တစ်နေရာတည်းငြိမ် သက်၍ မျိုးဆက်များ တစ်သီတစ်တန်းပေါက်ပွားနေတတ်သော ပိုးမွှားများ၏ တိုက်ခိုက်ဖျက်ဆီး ခြင်းကိုလည်းခံရတတ်ပေသည်။ ကော်ဖီပင်၏ ထိပ်ဖျားပိုင်းမှ အမြစ်ပိုင်းအထိ အစိတ်အပိုင်းအား လုံးလိုပင် ပိုးတစ်မျိုး သို့မဟုတ် အခြားတစ်မျိုးမျိုး၏ ကျရောက်ဖျက်ဆီးမှုကိုခံရသည်။

ကော်ဖီတွင်ကျရောက်တတ်သော ပိုးမွှားများအား ယင်းတို့၏မူလမျိုးရင်း (Family) ကိုပဓာနမပြုဘဲ ဖျက်ဆီးသောအစိပ်အပိုင်းနှင့် ဖျက်ဆီးမှုလက္ခဏာကိုကြည့်၍ အကြမ်းအားဖြင့် (၁)စုပ်စားပိုး၊ (၂) ကိုက်စားပိုးနှင့် (၃)ဖောက်ပိုးဟူ၍ သုံးမျိုးခွဲနိုင်သည်။ အပင်အစိတ်အပိုင်းအသီးသီးတွင် ကျရောက် မှုကိုမူတည်၍ ကော်ဖီပိုးမွှားများကို အောက်ပါအတိုင်း ခွဲခြားဖေါ်ပြထားသည်။


ကော်ဖီရွက်တွင်ကျရောက်သော ပိုးမွှားများ

  • (၁) အဖြူရောင် “ဂျပိုး´´- ပိုး ( Mealy” bugs ) ရွှေမီဒါ ၊ ရွှေဆီတာ ၊ ရွှေမတက်တင်
  • (၂) အဖူး / အညွှန့်ထိုးပိုး ( Antestia bugs ) ရွှေမီဒါ ၊ ရွှေဆီတာ ၊ ရွှေမတက်တင်
  • (၃) အစိမ်ရောင်အကြေးပိုး ( Green Scale ) ရွှေနိုဖော့စ်
  • (၄) အညိုရောင်အကြေးပိုး ( Brown Scale ) ရွှေနိုဖော့စ်
  • (၅) အမွှေးထူခူကောင် ( Hairy Caterpillar ) တော်နေဒိုး ၊ ရွှေဖန်သရင်း
  • (၆) ဖြုတ်ပိုး ( Thrip ) ရွှေမီဒါ ၊ ရွှေမန်သို
  • (၇) ရွက်ထွင်းပိုး ( Leaf minor ) ရွှေမီဒါ ၊ ရွှေနိုဖော့စ် ၊ ရွှေမက်တင်

ပင်စည်နှင့် အကိုင်းအခက်များတွင် ကျရောက်တတ်သော ပိုးများ

  • (၁) ပင်စည်ဖောက်ပိုးအဖြူ ( White Stem-borer ) ရွှေဆန်းဖော့စ်
  • (၂) ပင်စည်ဖောက်ပိုးအနီ ( Red Stem-borer ) ရွှေဆန်းဖော့စ်
  • (၃) ပင်စည်ဖောက်ပိုးအနက် ( Black Stem-borer ) ရွှေဆန်းဖော့စ်
  • (၄) ခေါင်းဝါရောင်ပင်စည် / အကိုင်းဖောက်ပိုး ( Yellow headed Borer ) ရွှေဆန်းဖော့စ်
  • (၅) အကိုင်းအခက်ဖောက်ပိုး ( Shot-hole-Borer ) ရွှေဆန်းဖော့စ်

ကော်ဖီသီးတွင် ကျရောက်တတ်သော ပိုးများ

  • (၁) ကော်ဖီသီးလုံဖောက်ပိုး ( Coffee Berry Boer ) ရွှေဖန်သရင်း ၊ တော်နေဒိုး
  • (၂) ကော်ဖီသီးလုံးဖောက်ဖလံ ( Coffee Berry Moth ) ရွှေဖန်သရင်း ၊ တော်နေဒိုး

ကော်ဖီမြစ်တွင် ကျရောက်တတ်သော ပိုးများ

  • (၁) ဖိုးလမင်းပိုး ( White Grubs ) ရွှေဖျူရန် 3G ၊ ရွှေဆန်းဖော့စ်
  • (၂) နိမာတုတ်ပိုးများ ( Nematodes ) ရွှေဖျူရန် 3G

ကော်ဖီပျိုးခင်းတွင် ကျရောက်တတ်သော ပိုးများ

  • (၁) ပင်ဖြတ်ပိုး ( Cut worm ) ရွှေဆန်းဖော့စ်၊ ရွှေဖျူရန်
  • (၂) ရွက်စားခူကောင်ကြီး ( Giant Looper ) ရွှေဆိုက်ပါ၊ တော်နေဒိုး
  • (၃) အမြီးပါရွက်စားခူကောင် ( Tailed Caterpillar ) ကလပ်စတာ၊ တော်နေဒိုး
  • (၄) ပျပိုး ( Aphids ) ရွှေမီဒါ၊ ရွှေဆန်းဖော့စ်

ကော်ဖီရွက်တွင်ကျသောအဓိကပိုးမွှားများ

အဖြူရောင်ဂျပိုး – ပိုး
( Mealy bugs – Planococcus spp )

ကာကွယ်နည်းများ

  • (၁) ကော်ဖီပင်ခြေရင်းနှင့် အရိပ်ခြေရင်းများတွင် ရွှေမီဒါ 70% WP ၊ ရွှေဆန်းဖော့စ် အမှုန့်ကို ဖျန်းပေးခြင်းဖြင့် ပုရွက်ဆိတ်များကို ကာကွယ်နိုင်သည်။ ပုရွက်ဆိတ်အုံများကိုလည်း ဖျက်ဆီးရမည်။
  • (၂) ပိုးခိုးအောင်းနိုင်သောပေါင်းမြက်များကို ရှင်းလင်းမီးရှို့ပစ်ရမည်။
  • (၃) ပိုးကျရောက်သည့် အကွက်များကို အောက်ဖော်ပြပါ ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ် နိုင်သည်။
    • (က) ၁၈% ဒိုင်အယ်လ်ဒရင် ( Dieldrin M.L ) ၁၀၀၀ စီစီကို ရေ ၂၀ လီတာနှင့် ရောစပ်၍ ၎င်းဆေးရည်ထဲသို့ မိသလင်းဘလူ(Methylene Blue)ဆိုးဆေးအောင်စ ၀က်ကို ရောထည့်ပေးရမည်။ ယင်းဆေးဖျော်ရည်အား ကော်ဖီပင်၏ အောက်ခြေ ပင်စည်ပတ်လည်တွင် ၆ လက်မ အကျယ်သုတ်လိမ်းရမည်။
    • (ခ) အထက်ပါဆေးရည်ဖြင့် သုတ်လိမ်းထားသော ပင်စည်ဆေးကွင်းကို ကျော်ဖြတ်၍ ပုရွက်ဆိတ်များ အပင်ပေါ်မတတ်နိုင်ရန် မြေကြီးနှင့် ထိနေသော အကိုင်းများကို ဖြတ်တောက်ဖယ်ရှားပေးရမည်။
    • (ဂ) မလိုအပ်သော သားတတ်များကိုဖယ်ရှားပေးရမည်။

အဖူးအညွန့်ထိုးပိုး ( Antestia bugs – Antestiopis spp )

ကာကွယ်နည်းများ

  • (၁) ပထမကိုင်းမှ ဒုတိယကိုင်းများ ၊ တတိယကိုင်းများလွန်ကဲစွာပေါ်ထွက်မှုကြောင့် ပိတ်မှောင် နေသောကော်ဖီပင်အား အလင်းရောင်နှင့် လေအ၀င်ကောင်းစေရန် ဒုတိယကိုင်းအတော် များများကို ဖယ်ရှားခြင်းနှင့်အတူ အခြားကိုင်းပိုကိုင်းလျှံများနှင့် အတက်ဖဲ့ခြင်းများကိုပါ ဆောင်ရွက်ရန်လိုအပ်သည်။
  • (၂) ဤပိုးများကျရောက်ကြောင်း စောစီးစွာသိရှိရပါက တစ်ဧကလျှင် ကော်ဖီပင် ၅ ပင်အား ကျပန်းစနစ်ဖြင့်ရေးချယ်၍ပိုးပါဝင်မှုအရေအတွက်ကိုစစ်ဆေးရမည်။ ပိုးများကိုပလတ်စတစ် သို့မဟုတ် တာပေါ်လင်မိုးကာပေါ်စုဆောင်း၍ တစ်ပင်လျှင် ပိုး ၃ ကောင် ၅ ကောင်အထိ တွေ့ရလျှင် ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်ရမည်။

အစိမ်းရောင်အကြေးပိုး ( Green Scale – Coccus viridis )

ကာကွယ်နည်းများ

  • (၁) ၁၈% ဒိုင်အယ်လ်ဒရင်း ( Dieldrin M.L ) ၁၀၀၀ စီစီကို ရေ ၂၀ လီတာနှင့်ရောစပ်၍ ဖျော် ထားသော ဆေးရည်အား ရေ ၄ ဂါလံတွင် မီသလင်းဘလူးဆိုးဆေး ( Methylene blue dye ) အောက်စ၀က်ရော၍ ဖျော်ထားသည့်ဆိုးဆေးရည်ဖြင့်ရောစပ်လျှက် ကော်ဖီပင် အောက်ဆုံးအကိုင်းအောက် ပင်စည်ပတ်လည်တွင် ၆ လက်မအကျယ် သုတ်လိမ်းပေးထား ရမည်။ ဆေးကွင်းအပေါ်ရှိ အကိုင်းများ မြေနှင့်ထိအောင် ညွတ်ကျနေပါက ယင်းအကိုင်းမှ တဆင့် ပုရွက်ဆိတ်များ အပင်ပေါ်မတတ်စေရန် အကိုင်းများကို ဖြတ်တောက်ဖယ်ရှားပေး ရမည်။
  • (၂) ပင်စည်ကို ဆေးကွင်းရစ်ရန် ပင်စည်သေးငယ်လွန်းပါက အထက်ပါနှုန်းထားများအတိုင်း ဖျော်စပ်ထားသော ၁၈% ဒိုင်အယ်လ်ဒရင်း ဆေးဖျော်ရည်ဖြင့် မြေကြီးနှင့်ထိကပ်နေသော ပင်စည်ခြေရင်း (Collar)နှင့် အပင်ပတ်လည်ရှိ မြေကြီးအစိုဓါတ်ထိန်း မြေဖုံးပစ္စည်းများအား ပက်ဖျန်းပေးရမည်။
  • (၃) မာလာသီယွန် ၅% အမှုန့် ၊ ၂ % Folidoli BHC ၁၀ % စသည့် ပိုးသတ်ဆေးအမှုန့် တစ် မျိုးမျိုးဖြင့် ကော်ဖီပင်ခြေရင်းနှင့် အရိပ်ပင်ခြေရင်းများကို ပက်ဖျန်းပေး၍ ပုရွက်ဆိတ်များကို ကာကွယ်နိုင်သည်။
  • (၃) ပေါင်းမြက်အမှိုက်များတွင် အကြေးပိုးများ ခိုအောင်းနိုင်သဖြင့် ဖယ်ရှားမီးရှို့ပစ်ရမည်။

အညိုရောင်အကြေးပိုး ( Brown Scale – Saissetia coffeae )

ကာကွယ်နည်းများ

  • (၁) ကော်ဖီပင်နှင့် အရိပ်ပင်ခြေရင်းများပတ်လည်တွင် အောက်ဖော်ပြပါဆေးမှုန့်တစ်မျိုးမျိုးဖြင့် ပတ်ဖျန်းခြင်းအားဖြင့် ပုရွက်ဆိတ်များ အပင်ပေါ်တတ်မှုကိုကာကွယ်နိုင်သည်။
    • (က) BHC 10%
    • ( ခ) Ekalux 1.5%
    • ( ဂ) Folidol 2%
    • (ဃ) Malathion 5%
  • ((၂) အညိုရောင်အကြေးပိုးကျရောက်မှုကို အောက်ဖော်ပြပါ ပိုးသတ်ဆေးတစ်မျိုးမျိုးအား ရေလီ တာ ၂၀၀ တွင် သို့မဟုတ် လတ်လတ်ဆတ်ဆတ်ဖျော်ထားသော ဘော်ဒိုဆေးရည် (Bord- eaux mixture ) တွင် ထည့်ဖျော်၍ ပက်ဖြန်းကာကွယ်နိုင်သည်။
  • (၃) မာလာသီယွန် ၅% အမှုန့် ၊ ၂ % Folidoli BHC ၁၀ % စသည့် ပိုးသတ်ဆေးအမှုန့် တစ် မျိုးမျိုးဖြင့် ကော်ဖီပင်ခြေရင်းနှင့် အရိပ်ပင်ခြေရင်းများကို ပက်ဖျန်းပေး၍ ပုရွက်ဆိတ်များကို ကာကွယ်နိုင်သည်။
    • (က) Ekalux 25E – ၂၀၀ စီစီ
    • ( ခ) Lebacid 1000 – ၈၀ စီစီ
    • ( ဂ) Sumithion 50EC – ၁၀၀ စီစီ
    • (ဃ) Nuvacron 40 – ၁၃၀ စီစီ
  • (၃) ပိုးမွှားခိုအောင်းနိုင်သော ပေါင်းမြက်များကို သုတ်သင်ဖယ်ရှား၍ မီးရှို့ပစ်ရမည်။

အမွေးထူရွက်စားခူကောင် ( Hairy Caterpillar – Eupterote spp)

ကာကွယ်နည်းများ

  • (၁) အမွှေးထူကောင်များ ဥထားသော အကိုင်းများကိုချိုင်၍ မီးရှို့ခြင်းဖြင့် ၎င်းပိုးကျရောက်မှုကို ကာကွယ်နိုင်သည်။ ဤသို့ပိုးများဥဥထားသောအကိုင်းများကို တဖြည်းဖြည်းသုတ်သင်သွား ခြင်းဖြင့် ပိုးကျရောက်မှုပမာဏ လျော့နည်းသွားမည်ဖြစ်သည်။
  • (၂) အရိပ်ပင်များ၏ခြေရင်းတွင် စုဝေးနေသောခူကောင်များကို ရှာဖွေစုဆောင်း၍ ဖျက်ဆီးပစ် ရမည်။
  • (၃) ပိုးတုံးလုံးများဖြစ်ပေါ်နေသော မြေကြီးအားတူးဆွ၍ ထုံးဖြူးခြင်းသည် ပိုးတုံးလုံးများ (Pupae) ကို ဖျက်ဆီးရေးအတွက် အထောက်အကူဖြစ်စေသည်။ ယင်းပိုးတုံးလုံးများကို ရှာဖွေ၍ စုဆောင်းဖျက်ဆီးပစ်နိုင်သည်။
  • (၄) ညအခါ မီးထောင်ချောက်များတပ်ဆင်ကာ ပိုးဖလံများကို ဆွဲဆောင်၍သတ်ပစ်နိုင်သည်။
  • (၅) ခူကောင်များအရွက်များကို စတင်စားသောက်ချိန်တွင် အောက်ဖော်ပြပါဆေးတစ်မျိုးမျိုးဖြင့် ဖျန်း၍ ကာကွယ်နိုင်သည်။
စဉ် ပိုးသတ်ဆေးအမျိုးအစား ရေလီတာ ၂၀၀ ဖြင့် ရောစပ်ရမည့်ဆေးနှုန်း
(က) Ekalux 2.5% ၃၂၀ – စီစီ
( ခ) Metacid 50 EC ၁၆၀ – စီစီ
( ဂ) Sumithion 50 EC ၂၄၀ – စီစီ
(ဃ) Sumithion 50 EC ၈ – စီစီ
( င) Cymbush 25 EC ၈ – စီစီ
( စ) Permasect 25 EC ၁၆ – စီစီ
(ဆ) Sumicidin 20 EC ၁၆ – စီစီ

ရွက်ထွင်းပိုး ( Leaf miners – Leucoptera spp).

ကာကွယ်နည်းများ

  • (က) ၅၀% ဖီနိုက်တြိုသီယွန်ဆေးရည် ( ၁.၂၅ ) အောင်စအား ရေ ၄ ဂါလံနှင့် ရောစပ်၍ ကော်ဖီတစ်ပင်လျှင် အရွကအနည်းအများကိုလိုက်၍ ရေရောဆေး ၆၀၀ – ၈၅၀ စီစီကို ဖြန့်ပေးရမည်။
  • ( ခ) ၅၀% ဖင်သီယွန်ဆေးရည် ( ၁.၂၅ ) အောင်စအား ရေ ၄ ဂါလံနှင့်ရောစပ်ပြီး ကော်ဖီပင်၏ အရွက်အနည်းအများကိုလိုက်၍ တစ်ပင်လျှင်ရေရောဆေး ၆၀၀ – ၈၅၀ စီစီပတ်ဖြန်းပေးရမည်။
  • ( ဂ) ၅၀% မာလာသီယွန်ဆေးရည် ( ၁.၂၅ ) အောင်စအား ရေ ၄ ဂါလံနှင့်ရောစပ်၍ ကော်ဖီ တစ်ပင်လျှင် ရေရောဆေး ၆၀၀ – ၈၅၀ စီစီကို ပက်ဖြန်းပေးရမည်။
  • (ဃ) ကင်းထောက် ( Scouting ) နည်းဖြင့်ကာကွယ်နည်း
    • – – ဤပိုး၏ဖလံကောင်များ ( Moths ) အများအပြားကျရောက်နေသော ကော်ဖီပင် များအား လှုပ်ခါလိုက်သောအခါ တစ်ပင်မှ ဖလံကောင်(၃၅)ကောင်ထက်ပို၍ပျံထွက် လာသည်ကိုတွေ့မြင်ရလျှင် ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်နိုင်သည်။

ဖြုတ်ပိုး ( Thrips – Scirtothrips spp)

ကာကွယ်နည်းများ

  • (၁) ဖီနိုက်တြိုသီယွန် ၅၀% (ML) ဆေး ၂၅ စီစီအား ရေ ၂၀ လီတာတွင်ထည့်ဖျော်၍ ကော်ဖီ ရွက်အနည်းအများကိုကြည့်ပြီး တစ်ပင်လျှင်ဆေးဖျော်ရည် ၆၀၀ – ၈၅၀ စီစီနှုန်းဖြင့် ပက်ဖျန်းကာကွယ်နိုင်သည်။
  • (၂) ဒိုင်မီကရွန် (Dimecron) ပိုးသတ်ဆေး ၈၀ စီစီကို ရေလီတာ ၂၀၀ တွင် ထည့်ဖျော်၍ ပတ် ဖြန်းကာကွယ်နိုင်သည်။
  • (၃) သင့်လျော်ကောင်းမွန်သော အရိပ်ပေး၍ ကော်ဖီစိုက်ပျိုးခြင်းဖြင့် ဤပိုးကျရောက်ဖြစ်ပေါ်မှု ကိုကာကွယ်နိုင်သည်။

ပင်စည်ဖောက်ပိုးအဖြူ ( White Stem – borer – Xylotechus quadrips )

ကာကွယ်နည်းများ

  • (၁) ပင်စည်ဖောက်ပိုးအဖြူများသည် ဥဥရန် နေရောင်နှင့်တိုက်ရိုက်ထိတွေ့သော ကော်ဖီပင်ကို ပို၍ နှစ်သက်ကြသဖြင့် ကော်ဖီပင်များကို အရိပ်ကောင်းစွာရရန်အရိပ်ပင်များ တည်ထောင် စိုက်ပျိုးရမည်။
  • (၂) ပိုးကိုခြေရာခံလိုက်ရှာခြင်း ၊ ပိုးကျပင်များကို အမြစ်နုတ်ပစ်ခြင်း သို့မဟုတ် ငုတ်တိုသာကျန် အောင်ဖြတ်ခြင်း ၊ မီးရှို့ဖျက်ဆီးခြင်းများကို မှန်မှန်ဆောင်ရွက်ရမည်။ ဖြတ်တောက်ထား သောပင်စည်များကို သိုလှောင်ထားခြင်းကို မပြုလုပ်သင့် ၊ အဘယ့်ကြောင့်ဆိုသော ဤသို့ ပြုလုပ်ခြင်းဖြင့် ပိုးဖြစ်ပေါ်မှုကာလကို ပို၍တိုးစေနိုင်သည်။
  • (၃) ပင်စည်မကြီးနှင့်ပထမကိုင်းကြီးများအား ဧပြီနှင့်မေလတွင်တစ်ကြိမ် ၊ ပိုးကျရောက်ခြင်း ပြင်းထန်မှုအပေါ်မူတည်၍ အောက်တိုဘာလမှ ဒီဇင်ဘာလအထိတစ်ကြိမ် သို့မဟုတ် BHC (50 WP) ၄ ကီလိုဂရမ်ကို ရေ ၂၀၀ လီတာ ( ၄၅ ဂါလံ ) တွင် ထည့်ဖျော်ထားသော ဆေး ဖျော်ရည်ဖြင့်သုတ်လိမ်းပေးရမည်။ ဆေးသုတ်လိမ်းချိန်သည် ပိုးထွက်ပေါ်လာသည့် ကာလ နှင့် တိုက်ခိုက်ရန်လိုအပ်သည်။ ယင်းဖျော်ရည်အား ဆေးဖျော်ရည် ၁ လီတာလျှင် Sandoivt သို့မဟုတ် Vettoplant ဆေး ၁ စီစီနှုန်းဖြင့် ရောစပ်ပေးက ပို၍ ကောင်းပါသည်။

ပင်စည်ဖောက်ပိုးအနက် ( Black borer – Apate monachus )

ကာကွယ်နည်းများ

  • (၁) ပိုးဖောက်ဝင်သွားသော အပေါက်မှစက်ဘီးစပုတ်တန် ( သို့မဟုတ် ) သွပ်နန်းကြိုးအမာဖြင့် ပိုးဖောက် လှိုဏ်ခေါင်းတစ်လျောက် ထိုးသွင်း၍ ပိုးကောင်ကို သတ်ဖြတ်ပြီး ကာကွယ်နိုင်သည်။
  • (၂) ဂွမ်းစတစ်စကို ဒိုင်အယ်လ်ဒရင်း ပိုးသတ်ဆေးရည် သို့မဟုတ် အခြားသိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ဆွတ်၍ ပိုးဖောက်လှိုဏ်ခေါင်းအထက်သို့ သွတ်သွင်း၍လည်း ပိုးကိုသတ်နိုင်သည်။

ပင်စည်ဖောက်ပိုးအနီ ( Red stem – borer – Zeuera coffeae )

ကာကွယ်နည်းများ

ပင်စည်ဖောက်ပိုးအနီကျရောက်မှုဖြစ်ပွားလျှင် အပင်တစ်ပင်လုံး သို့မဟုတ် ပိုးကျရောက်သည့် အကိုင်းအခက်များသည် ဖြတ်တောက်၍ မီးရှို့ရမည်။


ခေါင်းဝါရောင်ပင်စည် / အကိုင်းဖောက်ပိုး ( Yellow Headed Borer – Dirphya nigricornis)

ကာကွယ်နည်းများ

  • (၁) ပိုးကျ၍ ညှိုးသွားသောအကိုင်းများကို ဖြတ်ထုတ်ပစ်ရမည်။
  • (၂) ပင်စည်အများထားသည့်ကော်ဖီတွင် ပင်စည်အိုများကို ဖြတ်ထုတ်၍ မီးရှို့ရမည်။
  • (၃) ပိုး၏ အညစ်အကြေးထုတ် အောက်ဆုံးအပေါက်အားချဲ့၍ (၁း၁၀၀) အချိုးဖြင့်ဖျော်ထား သော ဒိုင်အယ်လ်ဒရင်း ၁၈% ဆေးရည်အနည်းငယ်ကို ဆေးထိုးအပ်ပြွတ်ဖြင့် စုတ်ယူ၍ ချဲ့ထားသော အပေါက်ထဲသို့ထိုးသွင်းရမည်။
  • (၄) ပိုးကျရောက်မှုပြင်းထန်လျှင် ပိုးကျရောက်သောအပင်၏ အောက်ခြေမြေကြီးအား ရှင်းလင်း ပြီး ပထမအကြိမ် ဆေးထိုးထည့်၍ မသေသော ပိုးလောက်လန်းများအား အပြောင်ရှင်းထား သောမြေပေါ်တွင် ပိုးလောက်လန်းများ၏ အညစ်အကြေးများကို ရှာဖွေပြီး ဒုတိယအကြိမ် ဆေးထိုးထည့်ရမည်။

အကိုင်းအခက်ဖောက်ပိုး ( Shot – hole Borer – Xylosandrus spp)

ကာကွယ်နည်းများ

  • (၁) စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ပိုးကျရောက်သော အကိုင်းအခတ်များကို ဖြတ် တောက်မီးရှို့ခြင်း
  • (၂) နွေရာသီအတွင်းပိုးကျထားသော မလိုအပ်သည့်သားတက်များကိုဖြတ်တောက်၍မီးရှို့ခြင်း။
  • (၃) ရေစီးရေလာကောင်းစေရန် ရေမြောင်းများဖောက်ခြင်းနှင့် အရိပ်ပါးပါးရအောင် ပြုစုထိန်း သိမ်းခြင်းဖြင့် စိုထိုင်းမှုကို လျော့ပါးစေပြီး ထိုသို့စိုထိုင်းမှု လျော့ပါးသည်နှင့်အမျှ Ambrosia မှိုများကြီးထွားမှုကို နှောင့်နှေးစေခြင်း

ကော်ဖီသီးလုံးဖောက်ပိုး ( Coffee Berry Borers – Hypothenemus hampei)

ကာကွယ်နည်းများ
ပိုးသတ်ဆေးများဖြင့်ကာကွယ်ခြင်း

  • (၁) ဒိုင်အယ်လ်ဒရင်း (၁၈%) ပိုးသတ်ဆေးရည် (၂) အောင်စလျှင် ရေ (၄) ဂါလံဖြင့်ရော၍ ကော်ဖီပင်အရွယ်အစားအလိုက် ဖျန်းပေးရန် ၊ ဆေးဖျန်းခြင်းကို အသီးခူးပြီး ၃ ပတ်တစ် ကြိမ် ဆက်လက်ဆောင်ရွက်ရန်ဖြစ်သည်။
  • (၂) အင်ဒိုဆာလ်ပန် (၃၅%) ပိုးသတ်ဆေးရည် (၂)အောင်စလျှင် ရေ (၄)ဂါလံဖြင့်ရောစပ်၍ တစ်ပင်လျှင် ရေရောပြီးဆေးရည် (၆၀၀-၈၅၀)စီစီနှုန်းဖြင့် ဖျန်းပေးရန် ၊ ဆေးဖြန်းခြင်းကို (၃)ပတ်တစ်ကြိမ် ဆက်လက်ဆောင်ရွက်ရန် ဖြစ်သည်။

ကော်ဖီသီးလုံးဖောက်ဖလံ ( Coffee Berry Moth – Prophantis smaragdina )

ကာကွယ်နည်းများ

ကော်ဖီ အဓိကပန်းပွင့်ချိန် သို့မဟုတ် ပန်းပွင့်ပြီးနောက် မကြာမီအတွင်း ကော်ဖီပင်များကို စစ်ဆေး ရမည်။ အကယ်၍ ပန်းဖူးများ သို့မဟုတ် အသီးနုများအား ခူကောင်များ စားထားသည်ကို တွေ့ရ လျှင် ပိုးသတ်ဆေး ချက်ချင်းဖြန်းရမည်။ ထို့နောက် ၅ ပတ် ၆ ပတ်ခြား၍ အောက်ပါ ပိုးသတ်ဆေးများကို အသုံးပြု၍ ပက်ဖျန်းကာကွယ်ရမည်။

  • (၁) ဖီနိုက်တြိုသီယွန် ၅၀% (ML) ဆေးရည် ၅၀ စီစီကို ရေ ၂၀ လီတာနှင့် ရောစပ်ဖျော်ထား သောဆေးဖျော်ရည်
  • (၂) ဖင်သီယွန် ၅၀% (ML) ဆေးရည် ၅၀ စီစီကို ရေ ၂၀ လီတာနှင့်ရောစပ်၍ ဖျော်ထားသော ဆေးရည်

အထက်ပါ ဆေးဖျော်ရည်တစ်မျိုးမျိုးကို ကော်ဖီပင်တစ်ပင်လျှင် ၆၀၀ – ၈၅၀ စီစီနှုန်းဖြင့် အရွက်အ နည်းအများကိုကြည့်၍ ပက်ဖျန်းပေးရမည်။


ကော်ဖီအမြစ်တွင်ကျရောက်တတ်သောပိုးများ

ဖိုးလမင်းပိုး ( White Grubs – Holotrichia spp )

ကာကွယ်နည်းများ

    • (၁) နွေရာသီတွင် ဖိုးလမင်းပိုးကျရောက်မှုကို သတိပြုမိလျှင် ပင်ခြေပတ်လည်ရှိ မြေကြီးအား လင်ဒိန်းပိုးသတ်ဆေး ( 20.EC ) ၇၅၀ စီစီဖြင့် ရေ (၂၀၀)လီတာ ရောစပ်ထားသည့် ဆေး ဖျော်ရည်ဖြင့် ရွှဲစိုအောင်လောင်း၍ ကာကွယ်နိုင်သည်။
    • (၂) ကော်ဖီတစ်ပင်အတွက် အောက်ဖော်ပြပါ ပိုးသတ်ဆေးတစ်မျိုးမျိုးကို သုံး၍ ကာကွယ်နိုင်သည်။
(က) Thimet 10 G ၅ ဂရမ်
( ခ) Furadan 3 G ၁၀ ဂရမ်
( ဂ) Scuidol 4.4 G ၁၀ ဂရမ်
  • (၃) ပိုးကောင်များအား ရှာဖွေစုဆောင်း၍ သတ်ဖြတ်ကာကွယ်နိုင်သည်။

နီမတုတ်ပိုးများ ( Nematodes )

ကာကွယ်နည်းများ

  • (၁) နီမတုတ်ဖြစ်ပွားနေသောဒေသမှ မိမိပျိုးခင်းသို့ ကူးစက်မလာစေရန် ပျိုးခင်းကို အစဉ်သန့် ရှင်းမှုပြုလုပ်ထားရမည်။
  • (၂) ပျိုးခင်းမြေအား နီမတုတ်သတ်ဆေးတစ်မျိုးမျိုး အသုံးပြု၍ ပိုးသန့်ထားရမည်။
  • (၃) နီမတုတ်ဝင်ထားသော ပျိုးပင်များကို မီးရှို့ဖျက်ဆီးရမည်။
  • (၄) နီမတုတ်ကျရောက်၍ ဖျက်စီးနေသော ကော်ဖီစိုက်ခင်းဟောင်းအား ဖျက်စီးသည့်နှစ်တွင် ပြန်မစိုက်ဘဲ တစ်နှစ်မျှလပ်ထားသင့်သည်။
  • (၅) ပင်လုံးပြန့် ( Systemic Insecticide ) ဆေးတစ်မျိုးမျိုးကို ပက်ဖျန်းကာကွယ်နိုင်သည်။
  • (၆) နီမတုတ်ဒဏ် ခံနိုင်ရည်အားကောင်းသော ကော်ဖီမျိုး (သို့မဟုတ်) လက်ခံပင် ( Root Stock ) ကိုသုံး၍ စိုက်ပျိုးသင့်သည်။

အမြစ်ရိနာ နီမတုတ် ( Lesion Nematodes, Pratylenchus spp )

ကာကွယ်နည်းများ

အထက်ဖော်ပြထားသော မြစ်ဖုနီမတုတ်များကာကွယ်နည်းအတိုင်းဆောင်ရွက်၍ ကာကွယ်နိုင်ပါသည်။

နီမတုတ်ဖြစ်ပွားနေသော ကော်ဖီပျိုးခင်းများမှ နီမတုတ်များ မိမိစိုက်ခင်းဘက် ကူးမလာစေရန် စိုက် ခင်းပျိုးခင်းများကို သန့်ရှင်းသော ဆောင်ရွက်ထားသင့်သည်။ မြေပဲခွံများတွင် (P.brachyurus) နီမတုတ်မျိုးစိတ် ပါလာနိုင်သဖြင့် မြေပဲခွံဖြင့် ကော်ဖီပင် မြေဖုံးမည်ဆိုပါက မြေပဲခွံများအား မီသိုင်းဗရိုမိုက် ( Methyl bromide ) ဖြင့် (၂၄)နာရီ အငွေ့ပေးပိုးသတ်၍ သုံးသင့်သည်။

ဓါတ်ခွဲခန်းနှင့် စိုက်ခင်းစမ်းသပ်ကွက်များတွင် ( Fenamiphos ) နီမတုတ်ဆေးကို ကော်ဖီတစ်ပင် လျှင် (၀.၅) သို့မဟုတ် (၁.၀)ဂရမ်နှုန်းအသုံးပြု၍ ကောင်းစွာကာကွယ်နိုင်သည်။ ၎င်းဆေးသည် အသုံးပြုသည့်နေ့မှ ရက်ပေါင်း (၉၀)အထိ အာနိသင်ကျန်သည်။

အာရေးဗီးယား ကော်ဖီမျိုးစိပ်ထက် ရိုဆတ်စတာ ကော်ဖီမျိုးစိတ်သည် (P.coffee) နီမတုတ်ဒဏ်ကို ပိုခံနိုင်ရည်ရှိသဖြင့် ရိုဘတ်စတာ ကော်ဖီမျိုးကို အောက်ခံပင် ( Root stock ) အဖြစ်ထား၍ ကိုင်းဆက် စိုက်ပျိုးနိုင်သည်။


အမြစ်ထွင်းဖောက် နီမတုတ် ( Burrowing Nematode, Radopholus similes )

ကာကွယ်နည်းများ

မြေကြီးထဲ၌ အမြစ်အတွင်းဖောက် နီမတုတ်များဖြစ်ပေါ်မိလျှင် ၊ ၎င်းအားကာကွယ်နှိမ်နင်းရန် လွန်စွာခက်ခဲသည်။ ဤနီမတုတ်များသည် မြေကြီး ၊ ရေနှင့် အပင်အစိတ်အပိုင်းများ ရွေ့ရှားခြင်း အားဖြင့် တနေရာမှ ငှက်ပျောပင်များတွင် ဤနီမတုတ်များကျရောက်နေတတ်သဖြင့် ငှက်ပျောခင်း ဖျက်၍ ကော်ဖီစိုက်မည်ဆိုပါက ကော်ဖီမစိုက်မီတစ်နှစ်တာ မည်သည့်သီးနှံမျှမစိုက်ဘဲ လှပ်ထား ပေးသင့်သည်။ ပင်လုံးပြန့် နီမတုတ်ဆေးများအား မြေကြီး သို့မဟုတ် အရွက်များကို ဖျန်း၍စမ်းသပ် ကာကွယ်နိုင်သည်။


ကျောက်ကပ်ပုံ နီမတုတ် ( Reniform Nematodes, Rotylenchulus reniformis )

ကာကွယ်နည်းများ

ဤကျောက်ကပ်ပုံ နီမတုတ် ကာကွယ်နည်းမှာ အမြစ်ဖု နီမတုတ် ကာကွယ်နှိမ်နင်းနည်း အတိုင်းပင် ဖြစ်သည်။ ဤနီမတုတ် ကျရောက်သော အချို့နိုင်ငံများတွင် ကြံနှင့်သီးလှည့် စိုက်ပျိုးကာကွယ်ခြင်းသည် ပို၍ ထိရောက်သည်ဟု သိရသည်။


ကော်ဖီပျိုးခင်းတွင် ကျရောက်သောပိုးများ

ပင်ဖြတ်ပိုး ( Cutworm, Euxoa spp)

ကာကွယ်နည်းများ

  • (၁) ကော်ဖီစိုက်ခင်းပြုလုပ်မည့်မြေပေါ်ရှိ သီးနှံစိုက်ခင်း (သို့မဟုတ်) ပေါင်းမြက်များကို ကော်ဖီ မစိုက်မီ မြေကြီးအား လအနည်းငယ်ကြိုတင်၍ ထယ်ထိုးလှန်ထားသင့်သည်။
  • (၂) နံနက်စောစောပိုင်း ပိုးကောင်များမြေကြီးအတွင်းသို့ တိုးမ၀င်မီကောက်စု၍ သတ်ဖြတ်နှိမ် နင်းနိုင်သည်။
  • (၃) ဒိုင်ယာဇီနွန်ဆေးရည် ( ၄၀%) ၊ (၂၁) အောင်စအား ရေဂါလံ (၆၀-၇၀)ဖြင့်ရောစပ်၍ တစ် ဧကစာပက်ဖျန်းပြီး ကာကွယ်နိုင်သည်။

ရွက်စားခူကောင်ကြီး ( Giant Looper, Ascotic spp)

ကာကွယ်နည်းများ

  • (၁) ဒေသအလိုက် ကွက်ပြီးကျရောက်ပါက ၊ လျှင်မြန်စွာပြန့်ပွားမှု မဖြစ်မီ လက်ဖြင့်ကောက်စု၍ ဖျက်ဆီးပစ်ရန် (သို့မဟုတ်) အင်ဒိုဆာလ်ဖန် (Endosulfan) ပိုးသတ်ဆေးအား တစ်ဧက (၁)လီတာနှုန်းသုံး၍ ပက်ဖျန်းကာကွယ်နိုင်သည်။
  • (၂) ကော်ဖီခင်းနှင့်ပျိုးခင်းအား နေ့စဉ်ဂရုတစိုက် ကြည့်ရှု့စစ်ဆေးမှုပြုလုပ်၍ ဤပိုးကျရောက်မှု တွေ့ရှိပါက စောစီးစွာ လက်ဖြင့်ကောက်စု၍ ဖျက်ဆီးခြင်းသည် ပို၍ စီးပွားရေးတွက်ချေ ကိုက်နိုင်သည်။

အမြီးပါ ရွက်စားခူကောင် ( Tailed Caterpillar, Epicampotera spp )

ကာကွယ်နည်းများ

  • (၁) ဖီနိုက်တြိုသီယွန် ပိုးသတ်ဆေး ၅၀% (ML) (၁၅)စီစီကို ရေ (၂၀)လီတာနှင့် ရောစပ်၍ ထားသောဆေးဖျော်ရည်
  • (၂) ဖင်သီယွန်ပိုးသတ်ဆေး ၅၀% (ML) စီစီကို ရေ (၂၀)လီတာနှင့် ရောစပ်ဖျော်ထားသော ဆေးဖျော်ရည်
  • (၃) မာလာသီယွန် ၅၀% (ML) ဆေး ၆၅ စီစီကို ရေ (၂၀)လီတာနှင့် ရောစပ်ထားသော ဆေးရည်

အထက်ပါ ဆေးဖျော်ရည်များကို ကော်ဖီတစ်ပင်လျှင် အရွက် အနည်းအများကို ကြည့်၍ ဆေး ၆၀၀-၈၅၀ စီစီနှုန်းဖြင့် ပက်ဖျန်းကာကွယ်နိုင်သည်။


ပျပိုး ( Aphids, Toxoptera aurantii)

ကာကွယ်နည်းများ

  • (၁) ပါရာသီယွန် (Parathion) ၊ ဒိုင်ယာဇီနွန်ဆေးမှုန့်များဖြင့် ပက်ဖျန်းကာကွယ်နှိမ်နင်းနိုင် သည်။
  • (၂) ဆေးရွက်ကြီးဆပ်ပြာဖျော်ရည်ဖြင့်လည်း ပက်ဖျန်းနှိမ်နင်းနိုင်သည်။