banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Coffee disease

အရွက်တွင် ဖြစ်ပွားတတ်သော ရောဂါများ

  • (၁) သံချေးမှိုရောဂါ ( Leaf Rust Disease ) ရွှေနိုဝင်း၊ ရွှေကော့ပါး၊ ရွှေဆိုင်မော
  • (၂) ရွက်ညိုပြောက်ရောဂါ ( Brown Eye spot ) ရွှေကော့ပါး၊ ရွှေဆန်ဒို
  • (၃) အညိုရောင်ရွက်ခြောက်ရောဂါ ( Brown Blight of Leaves ) ရွှေနိုကိုး၊ ရွှေဆိုင်မော၊ ရွှေမီသိုမော့

အကိုင်းများတွင် ဖြစ်ပွားတတ်သော ရောဂါများ

  • (၁) ကိုင်းဖျားခြောက်ရောဂါ ( Die – back ) ရွှေကော့ပါး
  • (၂) ပန်းရောင်ရောဂါ ( Pink Disease ) ရွှေနိုဝင်း
  • (၃) နွေ – ကိုင်းခြောက်သေရောဂါ ( Summer Die-back Disease ) ကိုင်းဖြတ်

ကော်ဖီသီးများတွင် ဖြစ်ပွားတတ်သော ရောဂါများ

  • (၁) ကော်ဖီသီးရှုံ့ရောဂါ ( Coffee Berry Disease ) ရွှေနိုဝင်း၊ ရွှေနိုဘယ်၊ ရွှေမီသိုမော့
  • (၂) ကော်ဖီသီးအစွန်းကွက်ရောဂါ ( Berry Blotch ) ရွှေကော့ပါး၊ ရွှေနိုဝင်း

အမြစ်တွင် ဖြစ်ပွားတတ်သော ရောဂါများ

  • (၁) အညိုရောင်မြစ်ပုတ်ရောဂါ ( Brown Root Rot ) ရွှေဟိုင်းမက်၊ ရွှေနိုဘယ်
  • (၂) အေနီရောင်မြစ်ပုတ်ရောဂါ ( Red Root Rot ) ရွှေဟိုင်းမက်၊ ရွှေဆန်ဒို
  • (၃) အနက်ရောင်မြစ်ပုတ်ရောဂါ ( Black Root Rot ) ရွှေဟိုင်းမက်၊ ရွှေဆန်ဒို
  • (၄) စန်တာဗာရီအမြစ်ပုတ်ရောဂါ ( Santavery Root Rot ) ရွှေဟိုင်းမက်၊ ရွှေဆန်ဒို

ကော်ဖီပျိုးခင်းတွင် ဖြစ်ပွားသော ရောဂါများ

  • (၁) ခါးရီရောဂါ ( Damping – off or Collar Rot ) ရွှေနိုဝင်း၊ ရွှေဟိုင်းမက်

အရွက်တွင် ဖြစ်ပွားတတ်သော ရောဂါများ

(၁) သံချေးမှိုရောဂါ ( ရွှေနိုဝင်း ၊ ရွှေဆိုင်မော )

ကာကွယ်နှိမ်နင်းနည်းများ

  • (၁) ခံနိုင်ရည်ရှိသော ကော်ဖီမျိုးကိုစိုက်ပါ။ ယခုမြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော ကက်တီမိုး ( Catimor ) ကော်ဖီမျိုးသည် သံချေးမှိုရောဂါဒဏ်ကို ကောင်းစွာ ခံနိုင်ရည်ရှိသောမျိုး ဖြစ်သည်။ ကော်ဖီမျိုးစိတ် အနေဖြင့် C.robusta ( Canephora ) နှင့် C.Libirica တို့သည် C.arabica မျိုးစိတ်ထက်ပို၍ ဤရောဂါကို ခံနိုင်ရည်ရှိသည်။
  • (၂) ဘော်ဒိုဆေးဖျော်ရည် ( Bordeaux mixture – 5:5:50 ) သည် အကောင်းဆုံးဖြစ်သည်။
  • (၃) Pernox မှိုသတ်ဆေး ၂ ပေါင်လျှင် ရေဂါလံ ၁၀၀ ဖြင့်ဖျော်စပ်၍ တစ်ဧကလျှင် ( Low volume ) ၆၀-၁၀၀ ဂါလံနှုန်း ( Hight volume ) ၁၅၀ နှုန်းဖြင့်ဖြန်း၍ ကာကွယ်နိုင်သည်။
  • (၄) Copper Nordox မှိုသတ်ဆေးဖြင့် ဖြန်းပါက အရွက်၏ အောက်မျက်နှာပြင်ကို ၄၀-၆၀%ခန့် အုပ်မိအောင် ဖြန်းနိုင်ရပါမည်။

(၂) ရွက်ညိုပြောက်ရောဂါ (သို့မဟုတ်) မျက်ကွင်းညိုရောဂါ (ရွှေကော့ပါး၊ ရွှေနိုဘယ်)

ကာကွယ်နှိမ်နင်းနည်းများ

  • (၁) Perenox သို့မဟုတ် Copper Nordox မှိုသတ်ဆေးနှစ်ပေါင်လျှင် ရေဂါလံ ၁၀၀ ဖြင့်ဖျော်၍ တစ်ဧကစာဖျန်းလျှင် လုံလောက်သည်။
  • (၂) စိုက်ခင်း စိုက်ကွင်းအတွင်း ပြင်းပြင်းထန်ထန် ကျရောက်ခြင်း မရှိသော်လည်း ကျရောက် ပါက ရေသွင်းပေးခြင်း ဖြင့်လည်းကောင်း ၊ အာဟာရဓါတ် ချို့တဲ့မှုများအား အရွက်ဖျန်းမြေ သြဇာ ဖျန်းပေးခြင်းဖြင့် လည်းကောင်း ၊ နိုက်တြိုဂျင် ဓါတ်မြေသြဇာ ကျွေးပေးခြင်းဖြင့် လည်းကောင်း ၊ အရိပ်ပင်များ ထူထူစိုက်ပေးခြင်းဖြင့် လည်းကောင်း ၊ ၎င်းရောဂါပြောက်များ အလိုအလျောက် ပျောက်ကွယ်သွားနိုင်သည်။ ရေငတ်ခြင်း ( Water stress ) နှင့် အာဟာရချို့တဲ့ခြင်း (Nutrient deficiency) တို့နှင့်ကြုံရပါက ဤရောဂါကျရောက်ခြင်းကို ကော်ဖီပင်မှ လုံးဝခံနိုင်ရည်မရှိပါ။

(၃) အညိုရောင်ရွက်ခြောက်ရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

  • (၁) ကော်ဖီပင်များ နေလောင်မှုမဖြစ်စေရန် အရိပ်ပင်များကို ကောင်းစွာထိန်းသိမ်းပြုစုရန် လိုအပ်သည်။
  • (၂) သံချေးမှိုရောဂါအား ၀.၅% ဘော်ဒိုဆေးရည် ဖျန်းခြင်းသည် အညိုရောင် ရွက်ခြောက်ရောဂါအား အတော်အသင့် ကြိုတင် ကာကွယ်ပြီးသား ဖြစ်သည်။

အကိုင်းများတွင် ဖြစ်ပွားတတ်သော ရောဂါများ

(၁) ကိုင်းဖျားခြောက်ရောဂါ ၊ ရွှေကော့ပါး

ကာကွယ်နှိမ်နင်းနည်းများ

  • (၁) ခပ်ပါးပါး အပေါ်မိုးရိပ်ကို ထိန်းသိမ်းရမည်။
  • (၂) ကော်ဖီပင်၏ အလယ်ဗဟိုပိုင်းအား လေ၀င်လေထွက် ကောင်းရန်နှင့် အလင်းရောင်ကောင်း စွာရရန် ကိုင်းဖြတ် ပြုပြင်ထားရမည်။
  • (၃) ရောဂါရသောအရွက်များ ၊ အကိုင်းများကို ဖယ်ရှား၍ အပင်ကိုသန့်ရှင်းအောင် ပြုလုပ်ပေးရ မည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါထပ်မံပြန့်ပွားမှုကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
  • (၄) ရောဂါဖြစ်နေကြောင်း သတိပြုမိသည်နှင့်တပြိုင်နက် ရောဂါဖြစ်ပွားသော စိုက်ကွက်များအား မိုးရာသီမ၀င်မီနှင့် မိုးရာသီဝင်ပြီးနောက်တွင် ၁% ဘော်ဒိုဆေးဖျော်ရည် ( ၂ ကီလိုး ၂ ကီလိုး ၂၀၀ လီတာ ) ဖြင့်ဖျန်း၍ ကာကွယ်နိုင်သည်။

(၂) ပန်းရောင်ရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

  • (၁) ခပ်ပါးပါး အပေါ်မိုးရိပ်ကို ထိန်းသိမ်းရမည်။
  • (၂) ကော်ဖီပင်၏ အလယ်ဗဟိုပိုင်းအား လေ၀င်လေထွက်ကောင်းရန်နှင့် အလင်းရောင် ကောင်းစွာရရန် ကိုင်းဖြတ်ပြုပြင်ထားရမည်။
  • (၃) ရောဂါရသောအရွက်များ ၊ အကိုင်းများကို ဖယ်ရှား၍ အပင်ကိုသန့်ရှင်းအောင်ပြုလုပ်ပေးရ မည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါထပ်မံပြန့်ပွားမှုကိုရှောင်ရှားနိုင်မည်ဖြစ်သည်။
  • (၄) ရောဂါဖြစ်နေကြာင်း သတိပြုမိသည် နှင့်တစ်ပြိုင်နက် ရောဂါဖြစ်ပွားသော စိုက်ကွက်များအား မိုးရာသီမ၀င်မီနှင့် မိုးရာသီဝင်ပြီးနောက်တွင် ၁% ဘော်ဒိုဆေးရည် ( ၂ ကီလိုး ၂ ကီလိုး ၂၀၀ လီတာ ) ဖြင့် ဖျန်း၍ ကာကွယ်နိုင်သည်။

(၃) နွေ – ကိုင်းခြောက်သေရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

  • (၁) ဆိုးဆိုးဝါးဝါး ရောဂါရနေသော အပင်များကို ဖေဖေါ်ဝါရီလနှင့် မတ်လတို့တွင် ကိုင်းဖြုတ်ပြု ပြင်မှု ပြုလုပ်ရန် လိုအပ်သည်။
  • (၂) အပင်များကို ကြိုတင်ကာကွယ်ရန် ၅% ဘော်ဒိုဆေးဖျော်ရည်ကို အောက်ပါအချိန်များတွင် ဖျန်းပေးရမည်။
    • (က) ပန်းပွင့်ခါနီး ( ဖေဖော်ဝါရီလ – မတ်လ )
    • ( ခ) မိုးဦး ( ဧပြီလ – မေလ )
    • ( ဂ) မိုးနှောင်း ( စက်တင်ဘာလ – အောက်တိုဘာလ )
  • (၃) ကော်ဖီပင်များအား သင့်လျော်လုံလောက်သော အရိပ်ရရှိစေရန်ဆောင်ရွက်ခြင်း ၊ ခြောက် သွေ့ရာသတီတွင် အစိုဓါတ်ထိန်းရန် ပင်ခြေပတ်လည် ဖုံးအုပ်ပေးခြင်းများ ပြုလုပ်ရမည်။
  • (၄) အပင်၏ ကုန်ခမ်းသွားသော အားများအတွက် ညီမျှသော အာဟာရဓါတ်များ ကျွေးပေး ရမည်။

ကော်ဖီသီးများတွင် ဖြစ်ပွားတတ်သော ရောဂါများ

(၁) ကော်ဖီသီးရှုံ့ရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

  • (၁) ဤရောဂါကို ကာကွယ်ရန်အတွက် ကော့ပါးအခြေခံသော မှိုသတ်ဆေးများဖြစ်သည့် ကော့ ပါးနိုဒေါ့စ် ၊ ဒက်ကိုနေးလ် စသည့်တို့ဖြင့်၎င်း ၊ ( ၅း၅း၅၀ ) ဘော်ဒိုဆေးဖျော်ရည်ဖြင့်၎င်း ၊ အသုံးပြု၍ မိုးမ၀င်မီ ဧပြီ ၊ မေလတို့တွင်တစ်ကြိမ် ၊ မိုးအကုန်ဆောင်းအကူးတွင် တစ်ကြိမ် ပက်ဖျန်းပေးသင့်သည်။ ၎င်းဆေးများအစား Captafol သို့မဟုတ် Chlorothalonil မှိုသတ် ဆေးကို တစ်ဧကလျှင် ( 2½ ) ပေါင်နှုန်းဖြင့် တစ်လတစ်ကြိမ်ဖျန်းပေးနိုင်သည်။
  • (၂) ဤရောဂါမှိုစပိုးသည် စိုစွတ်သောအခြေအနေကို နှစ်သက်ပြီး မိုးရေဖြင့်ပြန့်ပွားနိုင်သဖြင့် ကော်ဖီပင်များအား လွန်ကဲစွာ အရိပ်ပေးမှုမျိုး မဖြစ်စေရန်နှင့် ကော်ဖီခင်းအတွင်း လေ၀င် လေထွက် ကောင်းစေရန်အတွက် သင့်တော်သည့် ကိုင်းဖြတ်ပြုပြင်ပြီး နည်းစနစ်ကိုသုံး၍ ဆောင်ရွက်သွားရန် လိုအပ်သည်။ ထို့ပြင် ရောဂါကိုခံနိုင်ရည်ရှိသော K7, Blue mountiain, Catimor ကဲ့သို့သော ကော်ဖီမျိုးများကို ရွေးချယ် စိုက်ပျိုးသင့်သည်။

(၂) ကော်ဖီသီး အစွန်းကွက်ရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

  • (၁) အသီးများနေလောင်မှုမှ ကင်းစေရန် အရိပ်ကောင်းစွာရအောင် ပြုစုထိန်းသိမ်းရမည်။
  • (၂) ရောဂါဖြစ်ပွားမှုကို သတိမူမိသည်နှင့်တပြိုင်နက် ၁% ဘော်ဒိုဆေးဖျော်ရည်ဖြင့် ပက်ဖြန်း ကာကွယ်နိုင်သည်။

အမြစ်တွင် ဖြစ်ပွားတတ်သော ရောဂါများ

(၁) အညိုရောင်မြစ်ပုတ်ရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

  • (၁) ရောဂါရသောအပင်များကို အမြစ်မှတူးထုတ်၍ အမြစ်ဇုံ တစ်ခုလုံးကို မီးရှို့ပစ်ရမည်။
  • (၂) ရောဂါရသော အပင်များကို အမြစ်ပါအောင် နုတ်ပစ်ပြီးလျှင် ကျင်းအား ထုံးဖြူးပေးရမည်။ တဖန် အမြစ်နှုတ်ထားသောမြေအား (၆)လခန့် ဘာမှမစိုက်ဘဲ လှပ်ထားရမည်။
  • (၃) အရိပ်ပင်တစ်ပင် လဲကျသွားတိုင်း ကျန်နေသောငုတ်တိုအား အမြစ်ပါအောင် တူးထုတ်ရှင်း လင်းပစ်ရမည်။

(၂) အနီရောင်မြစ်ပုတ်ရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

  • အညိုရောင် မြစ်ပုတ်ရောဂါ ကာကွယ်နည်းအတိုင်း ဖြစ်သည်။

(၃) အနက်ရောင်မြစ်ပုတ်ရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

  • အညိုရောင် မြစ်ပုတ်ရောဂါ ကာကွယ်နည်းအတိုင်း ဖြစ်သည်။

(၄) စန်တာဗာရီ အမြစ်ပုတ်ရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

  • (၁) ရောဂါရ၍ သေဆုံးသော အပင်များကို အမြစ်မှနှုတ်၍ မီးရှို့ပစ်ရမည်။
  • (၂) ရောဂါရ၍ အပင်များကို ဖျက်ဆီးထားသော စိုက်ကွက်အား သဘာဝမြေသြဇာများ ကျွေး၍ မြေကောင်းလာစေရန် ဆောင်ရွက်ရမည်။
  • (၃) ကော်ဖီပင်အပေါ် အရိပ်လုံလောက်အောင် ပြုစုထိန်းသိမ်းရမည်။
  • (၄) အားကုန်ခမ်းသွားသော အပင်များအား အာဟာရဓါတ်များ လုံလောက်စွာကျွေးပေးရမည်။
  • (၅) မြေကြီးအချဉ်ဓါတ် များနေလျင် ထုံးထည့်ပေးခြင်းဖြင့် မြေဆီလွှာ pH မြင့်တတ်လာအောင် ဆောင်ရွက်ရမည်။

ကော်ဖီပျိုးခင်းတွင် ဖြစ်ပွားသောရောဂါများ

(၁) ခါးရီရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

  • (၁) အစိုဓါတ်လွန်ကဲစွာ စုပ်ယူထိန်းထားမှု မဖြစ်စေရန်အတွက် ပျိုးဘောင်များအား မြေဆွေး၊ နွားချေးနှင့်သဲတို့ကို သင့်တော်သော အချိုးဖြင့် ရောစပ်ပြုလုပ်ပေးရမည်။
  • (၂) လွန်ကဲစွာ ရေလောင်းခြင်းကို ရှောင်ရမည်။
  • (၃) ပျိုးဘောင်များတွင် လွန်ကဲစွာအစေ့များ ၊ ပြွတ်သိပ် ပျိုးထောင်ခြင်းမျိုးကို ရှောင်ရမည်။
  • (၄) ပျိုးဘောင် ၊ ပျိုးပင်များအား လွန်ကဲစွာ အရိပ်ပေးခြင်းမျိုးကို ရှောင်ရှားရမည်။
  • (၅) ရောဂါရသောပျိုးပင်များအား အမြန်ဖယ်ရှား၍ ရောဂါပြန့်ပွားမှု မဖြစ်စေရန် မီးရှို့ဖျက်ဆီး ခြင်း၊ ရောဂါဝင်ပြီး ပျိုးပင်များအား ပျိုးဘောင်မှ ဖယ်ရှားခြင်းများ ပြုလုပ်ရမည်။